21 June, 2008

အအေးလွန်မြစ်



ပူပူနွေးနွေးနှလုံးသားကို
ရေခဲသေတ္တာထဲချက်ချင်းပစ်ထည့်တတ်တဲ့
ကောင်မလေးရဲ့မက်မောမှုကဘာလဲ...

မြတ်နိုးမှုအရိပ်အရောင်တွေကိုတောင်
မသာယာတတ်ပါဘူးဆိုတဲ့
ကောင်မလေးရဲ့မျက်နှာကို
ဘယ်သူမှမဖတ်တတ်ခဲ့တာ
အဆန်းတော့မဟုတ်ပါဘူး၊

အကြည့်နဲ့ထိတွေ့မိရင်
အေးခဲပဲ့ကြွေမတတ်ခံစားရ
ကျောက်သားအပြုံးတုတွေကို
ဘယ်သူမှမမြင်ချင်ကြ၊

နှလုံးသားကျွံဝင်မိတဲ့အခါ
နှုတ်မရပြုမရ
အဲဒီအအေးလွန်မြစ်ထဲပြုတ်ကျ၊
ရေခဲရုပ်ကြွင်းဖြစ်သွားရင်တော့
ဘယ်ရာစုမှပေါ်လာမယ်မသိ။
(သိင်္ဂါကျော်)

1 comments:

မောင်သီဟ said...

မြတ်နိုးမှုအရိပ်အရောင်တွေကိုတောင်
မသာယာတတ်ပါဘူးဆိုတဲ့
ကောင်မလေးရဲ့မျက်နှာကို
ဘယ်သူမှမဖတ်တတ်ခဲ့တာ
အဆန်းတော့မဟုတ်ပါဘူး၊

အဲလိုကောင်မလေးတယောက်က ရှင်နဲ့ကျမှ ကျွန်မပြောင်းလဲသွားတယ် ဘယ်လိုဖြစ်မှန်းမသိဖူးဆိုလို့
ကျွန်တော် ပျော်ခဲ့ရတယ်ဗျာ ကဗျာလေးဖတ်ရင်း
သွားတွေးမိလို့ ပြုံးမိသေးတယ်း)