15 July, 2008

အိမ်ပြန်ချင်တယ်


ရည်ရွယ်ချက် ပျောက်သွားပြီလို့
ငါ့ကိုယ်ငါ ခံစားရတဲ့အခါ
အိမ်ပြန်ချင်တယ်။

စေတနာကို မသိတတ်ကြတဲ့
ပတ်ဝန်းကျင်မှာ
စိတ်ကောင်းနှလုံးသား တစ်စုံ
နင်းချေခံလိုက်ရ တဲ့အခါ
အိမ်ပြန်ချင်တယ်။

တန်ဖိုးမရှိတဲ့ ရလဒ် တစ်ခုအတွက်
အိပ်မက်တွေ နှစ်မြှုပ်ပြီး
ကြိုးစားနေရတယ်လို့
ခံစားရတဲ့အခါ
အိမ်ပြန်ချင်တယ်။

၁၅၀၀ နှိပ်စက်လို့
အလွမ်းထဲမှာ မျောပြီး
နစ်တော့မယ့် အခါ
အိမ်ပြန်ချင်တယ်။

ပေါင်မုန့်၊ ခေါက်ဆွဲပြုတ်နဲ့
အပေါင်းအဖော်ပြုလို့
ရက်ကြာလာတဲ့အခါ
အိမ်ပြန်ချင်တယ်။

အောင်မြင်မှု ဗလာ
အသပြာလည်း မပါပဲ
ဒဏ်ရာသာ ပြည့်နေဆဲမို့
တကယ်တော့လည်း
အိမ်မပြန်ချင်ပါဘူး…။

(သိင်္ဂါကျော်)

1 comments:

Anonymous said...

I think u have a chance to grasp success if you are trying hard! but it's not sure for love :P