26 January, 2010

မျှော်လင့်ချစ်



ကောင်မလေးရေ..
မင်းအပြုံးတစ်ချက်ပါပဲ
အားလုံးရဲ့
လှောင်ပြောင်ချင်တဲ့ မျက်ဝန်းတွေကို ဖြတ်ပြီး
မျှော်လင့်ခဲ့ရတာ…။

ကောင်မလေးရေ..
မင်းအငြင်းကိုမှ
စိတ်မပြတ်နိုင်တာ
ငါ့ကို စိတ်ကုန်စရာလို့ ထင်နေသလား။

မင်းအချစ်က
တစ်ခြားမှာဆိုလည်း
ဒုသနသော မဖြစ်သရွေ့တော့
မျှော်လင့်ပါရစေ
ကောင်မလေးရေ…။

ငါ့ကို မုန်းမနေဘူးလို့လည်း
ကိုယ့်ကိုယ်ကို အထင်ကြီး ပါရစေ။
မင်းဘက်က
အတုံ့အလှယ် နားလည်မှုကို
ဘယ်အခါမှ မရနိုင်ဘူးဆိုတဲ့
လူတကာရဲ့ အထင်တွေကို
ချိုးဖျက်နိုင်မယ်ဆို
ငါ ဘယ်လောက်ပျော်လေမလဲ
မင်းတွေးကြည့်ပါ
ကောင်မလေးရေ…။

မင်းက စောင့်ဆိုရင်
နောက်ဆုံးထွက်သက်ထိ
ငါက စောင့်နိုင်ပါရဲ့။
သို့ပေမယ့်လေ
ဝေးနေတဲ့အခါ
ငါ့ဖုန်းတွေကို မကိုင်ပဲ မနေပါနဲ့၊
မင်း စကားတစ်ခွန်းလောက်နဲ့တော့
ငါ့အလွမ်းတွေကို ဖြေပေးပါ။
Online မှာ မတွေ့ချင်လို့
ငါ့ကိုလည်း block မလုပ်ပါနဲ့
မင်းနဲ့ အဆက်အသွယ် ရှိနေတာလေးတစ်ခုနဲ့
ငါ့နေ့တွေ အဓိပ္ပါယ်ရှိပါရစေ..
ကောင်မလေးရေ..။

သိင်္ဂါကျော်
25.1.2010
10:04 pm

13 comments:

ဒဏ္ဍာရီ said...

ကဗျာလေးထဲက ကောင်လေးက ချစ်တတ်လိုက်တာနော်။ သူ့မှာလည်း မျှော်လင့်ပိုင်ခွင့်တော့ ရှိမှာပေါ့။

ခင်မင်လေးစားလျှက်

မြတ်မွန် said...

ဝေးနေတဲ့ အချစ်အတွက် မျှော်လင့်ချက်လေး တွေပေါ့နော်..။

လသာည said...

ကောင်းလိုက်တဲ့ ကဗျာလေး..
ကဗျာထဲမှာ ခံစားချက်က အသက်ဝင်နေတယ်။

နွေဆူးလင်္ကာ said...

ကျနော့် ခံစားချက်တွေကိုများ ခိုးယူပြီး ရေးထားသလား မှတ်ရတယ် :-) ကျနော် တကယ် အဲလိုပဲ ခံစားနေရတယ်ဗျ။ ကျနော့်ကို block လုပ်ထားပြီထင်တယ်။ ဒါပေမယ့် ကျနော် အမြဲရှာနေမိတာ သူရဲ့ အကောင့်လေးပါပဲ။ သူဘယ်လောက် ဥပက္ခောပြုနေပါစေ .. ကျနော်ကတော့ ကဗျာတွေ သီချင်းတွေ ပို့နေတတ်မြဲ။ သူရှိရှိ မရှိရှိ ပြန်ရင် နှုတ်ဆက်တတ်မြဲပါ။ သူ့ဆီက ဘာကိုမှ မမျှော်လင့်ပါဘူး။ မျှော်လင့်ခွင့်လည်း မရှိပါဘူး။ ဒါပေမယ့် ကျနော် ကျေကျေနပ်နပ်ကြီးကို သူ့အတွက် ရူးသွပ်ပစ်လိုက်မိတယ်လေ။

အဖြူရောင်နတ်သမီး said...

“မိပြီ”..ဦးလေး...(နွေဆူးကို ပြောတာ)
ကဗျာဖတ်ရင်း ရင်ဖွင့်နေတယ်ပေါ့လေ...
နဂါးမလေး...ပျောက်လို့ရှာ..သူ့ခမျာ..ငိုမဲ့..ငိုမဲ့..
----------------------------------------------
“မင်းအငြင်းကိုမှ
စိတ်မပြတ်နိုင်တာ
ငါ့ကို စိတ်ကုန်စရာလို့ ထင်နေသလား။
မင်းအချစ်က
တစ်ခြားမှာဆိုလည်း
ဒုသနသော မဖြစ်သရွေ့တော့
မျှော်လင့်ပါရစေ...........”


ဝင်ခံစားသွားပါတယ်..မမရေ....

ညလင်းအိမ် said...

မချစ်တော့ရင်တောင် မြင်နေတွေ့နေရရင် ကျေနပ်ပါတယ်ပေါ့...

တိုက်ဆိုက်လိုက်တာဗျာ...

~ဏီလင်းညို~ said...

်မသိင်္ဂါရေ....
ဒီကဗျာလေးထဲမှာ တစ်ဖက်သတ်ချစ်နေရမယ့် ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒလေးတွေကိုမြင်မိတယ်ဗျာ......။
ခင်မင်တဲ့
ဏီလင်းညို

ဝက်ဝံလေး said...

မမ က ကောင်လေးနေရာက ကဗျာရေးရင် သိပ်မိုက်တာပဲ ကြိုက်စစစစစစစစစစစစစစ်

သူကြီးမင်း (တုံးဖလား) said...

ဟူးးးးးးးးးးးးးးးးးးးးးး
ဖတ်ရင်းနဲ့ လွမ်းချင်သလိုလိုကြီး။

မေ့သမီး said...

မျက်စိကမကောင်းဘူး။ အလွယ်လိုက်တယ်။ ကွန်မန့်ဖတ်တော့သီဂီ င်္ကျော်လို့ဖတ်ပြီး မိန်းကလေးပဲထင်တာ။ ဟိ ဒီရောက်တော့ကဗျာဖတ်ပြီး ဘယ်ကောင်လေးနေရာကခံစားထားတာလဲ ထင်လိုက်သေးတယ်။ အောက်ဆုံးကနာမည်တွေ့တော့မှ ယောကျာ်းလေးထင်တယ်လို့။ အခုကွန်မန့်မှာ ၀က်ဝံလေးရေးတော့မှပဲမိန်းကလေးမှန်းသိတော့တယ်။ :D

မောင်သီဟ said...

း) မရောက်တာကြာပြီမို့ ရောက်လာတော့
ခံစားချက်တူတဲ့ကဗျားလေးကိုဖတ်လိုက်ရတယ်
ကောင်လေးက ကျွန်တော်များလားပဲး) တူလို့ပြောပါ တယ်

ဂျစ်တူး ( မုံရွာ ) said...

ငိုပြီးရှိုက်ပြီးခံစားသွားတယ် တကယ်ပြောတာပါ

Angel Shaper said...

အိ.............
မျက်ရည်တွေ တကယ်ကျတာ။
သမီးက ကောင်လေးနေရာမှာ ဝင်ခံစားပစ်လိုက်မိလို့ဖြစ်မယ်။
ဒါမှ မဟုတ်... ဟုတ်ဘူး။ ငိုမိသွားတယ် ချစ်မရေ... ဟင့်။
ရေခဲမုန့်ကျွေးပြီး ပြန်လာချော့ပါ။