17 February, 2010

ဆူးကြားထဲက ပန်းများ


ဘလော့ကို ပစ်ထားကြာသွားပါတယ်..။ Transformer ပျက်နေလို့ မီးပျက်နေတာက တစ်ပတ်လောက် ရှိမယ်..။  လျှပ်စစ်မီး မရှိတဲ့ ရွာတွေမှာလိုပဲ မီးသွေး မီးဖိုနဲ့ ထမင်း၊ ဟင်း ချက်စား..။ ညကျတော့ ရေဒီယိုလေးနဲ့ FM လေး နားထောင်..။ လျှပ်စစ်မီး မရှိတဲ့ ဘဝဟာ ဘယ်လို မနေပျော်မှန်းကို မသိပါဘူး။ မီးပြန်လာတော့လည်း အလုပ်အကြွေးတွေ လုပ်နေတာနဲ့..။ ပြီးတော့ အိမ်ပြန်နေတာနဲ့...။ မီးပျက်နေတုန်း ဝတ္တုတစ်ပုဒ် လက်ရေးနဲ့ ရေးထားတာလည်း တန်းလန်းကြီး ပြန်ရိုက်နေတာလည်း မပြီးသေးလို့...။ ခု blogger.com ကလည်း ဒီအတိုင်းဖွင့်လို့ မရတော့ပဲ freedom နဲ့ ကျော်မှပဲ ရပါတော့တယ်...။ တင်ဖို့ရာ အရင်လို သိပ်မလွယ်ကူတော့ဘူး။ Internet ဆိုတာလည်း Yatanarpon Teloport ကြီးနဲ့ အနီးလေးမှာကို ခုတလော ဘာဖြစ်မှန်းမသိပဲ နှေးကွေးနေတာ...။ ဟဲဟဲ အမှန်တော့ စာရေးပျင်းနေတာကို အကြောင်းပြချက်တွေ ပေးနေတာပါ။ မြန်မာနိုင်ငံက ကိုယ်ပိုင်ဆိုက်ဒ် မဝယ်နိုင်သေးတဲ့ ဘလော့ဂါတွေ ရဲ့ ဘလော့ပေါ်မှာ တင်ရဖို့ အရေးက ဆူးကြားမှာ ပွင့်တဲ့ cactus ပန်းလေးတွေလိုပါပဲလို့...။ ဝတ္တုတစ်ပုဒ် ရိုက်နေတာ မပြီးသေးလို့ ပုံလေးတွေ တင်ပြီး တောင်းပန်တာပါ..။ :D




12 comments:

လသာည said...

ဆူးကြားမှာ ပွင့်သလို မျိုး အခက်အခဲကြားက လာတင်တဲ့ ပိုစ်လေးကို လာအားပေးတာပါ။ ပုံလေးတွေ မမြင်ရဘူးကွယ်။။ :D

ကိုလူထွေး said...

စာရိုက်ပျင်းနေတာနဲတင် ညည်းလိုက်တာကလဲ လွန်ရောဗျာ...
စာကလေးတွေကြားက ခိုဖြူလေး ကျနေတာပဲ...းD

တင်ထားတဲ့ ပုံတွေက အတော်လှပါတယ်...
တပုံမှ မမြင်ရလို့ထင်ရဲ့...

းဝ)

ဒဏ္ဍာရီ said...

ပျောက်နေတယ်လို့ အောက်မေ့နေတာ... အခက်အခဲကြားထဲက ဒီပိုစ့်လေးနဲ့ ပန်းလေးတွေ ရအောင် တင်သွားသေးတယ်နော် သူငယ်ချင်..။
အင်း....... မီးမရှိတဲ့ ဘ၀ကတော့ ကိုယ်ချင်းစာပါတယ် သူငယ်ချင်းရေ...။ အဆင်ပြေပါစေ...

ခင်မင်လေးစားလျှက်

Flower said...

ခက်ခက်ခဲခဲ လာတင်သွားတဲ့ ဆူးကြားက လှလှပပ ပန်းလေးတွေကို
လေးလေးနက်နက် ၀င်ကြည့်သွားတယ် သိင်္ဂါ..
မြန်မာပြည်မှာ လျှပ်စစ်မီးက ခက်ခဲလို့ပါ ဖယောင်းတိုင်နဲ့ အင်တာနက်သုံးလို့ရအောင်
တီထွင်ပေးပါလို့ ပြောလို့ရလဲအကောင်းသားနော်..
ဟီ... ဒါဆို မြန်မာပြည်ကလူတွေအတွက်
အတ်ာအဆင်ပြေမယ်...

ညလင်းအိမ် said...

ပုံလေးတွေက လှတယ်ဗျ....

လင်းဒီပ said...

မနက်က မမြင်ရတဲ့ပုံတွေ မြင်ချင်လို့ အခု ထပ်ကြည့်တော့လည်း မမြင်ရသေးဘူး
ကျွန်တော် ငါးပါးသီလ မလုံလို့ ထင်တယ် :P

နွေဆူးလင်္ကာ said...

ကျုပ်တို့ဆီ လာနေပါလား။ ကျော်စရာခွစရာ သိပ်မလို .. ကွန်နက်ရှင်က ဒက်ဆို ဒေါင်းကနဲပဲ .. ဘယ်မှာလဲ မမေးနဲ့ .. သိချင် ဝယ်ဖတ် ....

မြစ်ကျိုးအင်း said...

ဘာပုံဆိုတာလည်းပါ ရေးပေးသင့်တယ်။
မြင်လည်းမမြင်ရဘူး။
မမြင်ရတဲ့ပုံတော့ မဟုတ်လောက်ပါဘူးနော် :)

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ဟုတ်တယ်....
အနော်လည်း မမြင်ရ၀ူးဗျ...ပုံဒွေကို....း)
သိုင်းသင်တန်းတက်ထားပါလား...၊ ပိုပြီး ကျော်တတ်အောင်လို့လေ....း)
(စ,သွားသည်။.....း))
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

မကြီးရေ.......
ဘာမှလဲ မမြင်ရဘူး။
သမီးလာတာ နောက်ကျသွားလို့လားဟင်။
ဘီလိုဖစ်တာလဲ မသိဘူး။

Nge Naing said...

ညီမရေ
ပျောက်နေတာ ကြာပြီ အခုလည်း ပို့စ်ပြန်တင်နေတာ မသိလိုက်ဘူး။ သူများဘလော့ဂ်တွေမှာ တွေ့မှ ခြေရာခံပြီး လိုက်လာမှ ပို့စ်အသစ်တွေကို တွေ့ရတယ်။ အစ်မဘလော့ဂ်မှာ Link ထားပေမဲ့ အခု ပြန်တင်ထားတဲ့ ပို့စ်နှစ်ခုကို မတွေ့တာ ဘလော့ဂ်ကို ၀င်မကြည့်ဖြစ်တဲ့အချိန်တွေမှာ ညီမတင်ထားတဲ့ ပို့စ်အသစ်တွေကို ကျော်သွားတာဖြစ်မယ်။ ဘလော့ဂ်ပေါ် ပြန်ရောက်လာလို့ ၀မ်းသာပါတယ်။ အခက်အခဲတွေကတော့ တယောက်တမျိုးစီ ရှိကြမှာပဲလေ။ စိတ်မပျက်ပါနဲ့။

Anonymous said...

ဟိုက်.. လှထှာ
အဲ့ဆူးပင်မျိုး တစ်ပင်စိုက်ထားတယ်။
သူ့ဟာသူ ပွင့်တာလား၊ ပန်းပွင့်တဲ့အမျိုးကို တမင်ဝယ်စိုက်ရတာလားဟင်? သိချင်လို့။
စားပွဲပေါ်က ကိုယ့်အပင်လေးများ ပန်းထပွင့်မလားလို့ ယောင်ပြီးလိုက်ရှာမိသေးတာ :DD