31 August, 2011

နှင်းဆီခင်းကို ပျိုးခွင့်ပေးခဲ့တဲ့ နေရာ (Blog Day အမှတ်တရ)


လွန်ခဲ့တဲ့ ၅ နှစ်လောက်၊ တစ်နေကုန် ကျောင်း စက်ခန်းထဲမှာ နေနေရတဲ့ အချိန်လောက်က စပြီး Blog တွေနဲ့ မိတ်ဆက်မိပါတယ်။ ကျောင်းသားတို့ ထုံးစံ အတိုင်း အမြဲတမ်း စာချည်းပဲလည်း လုပ်မနေနိုင်တော့ internet မှာ ဟိုဟိုသည်သည် လျှောက်ကြည့်မိပါတယ်။ Planet.com, popularmagazine, people magazine က စပြီး စာဖတ်လို့ ရမယ့် site တွေ လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ Cherrythitsar.org ကနေ ဝတ္တုတွေ တော်တော်များများလည်း download လုပ်ပြီး ဖတ်ဖြစ်ပါတယ်။ နောက်တော့ အစ်မ တစ်ယောက်က ပြောလို့ နိုင်းနိုင်းစနေ blog က စပြီး blogspot တွေကို စိတ်ဝင်စား လာပါတယ်။ ဝတ္တုတို လှလှလေးတွေ ရေးတတ်တဲ့ ရွှေပြည်သူ ၊ ရေခဲပြင်ထဲက ပန်းကလေး ခွန်မြလှိုင်၊ စာရေးဆရာမ မေငြိမ်း၊ စာရေးဆရာမ မိုးချိုသင်း၊ WeSheMe စသည်ဖြင့် တော်တော်များများကို စဖတ်ဖြစ်ပါတယ်။ တစ်ချို့တွေလည်း နာမည် မေ့သွားပါပြီ။ ခုနောက်ပိုင်း မရေးတော့တဲ့ blog တွေလည်း ပါပါတယ်။

သူငယ်ချင်းတွေ စက်ခန်းထဲမှာ အတူထိုင်ကြရတာ ဆိုတော့ ကောင်းတဲ့ blog လေးတွေ တွေ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညွှန်းရင်းနဲ့ blog တွေ အတူ ဖတ်ဖြစ်ကြပါတယ်။ တစ်ချို့ blog တွေက သတင်း၊ တစ်ချို့ blog တွေက နိုင်ငံရေး၊ တစ်ချို့က နည်းပညာ၊ ဘာသာရေး၊ ချက်နည်းပြုတ်နည်း စသဖြင့် လိုင်း ပေါင်းစုံ တွေ့လာရပါတယ်။ တကယ်တော့ အဲဒီတုန်းက blog ကို ခိုးကြောင်ခိုးဝှက် ဖတ်ရတာပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့ ဆရာမကြီးက စက်ခန်းထဲမှာ စာကလွဲပြီး ဘာမှ မကြည့်ရဘူးလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ပါ။ Google ထဲမှာ စာ ရှာချင်ရှာ၊ ဒါမှမဟုတ် pdf file ဖွင့်ပြီး paper ဖတ်ချင်ဖတ်။ အဲဒါကလွဲပြီး တစ်ခြား စာဖတ်နေတာ၊ Game ဆော့နေတာ၊ ရုပ်ရှင်ကြည့်နေတာ မြင်လို့ကတော့ ပက်ပက်စက်စက် အဆူခံရပြီး ရုံးခန်းထဲမှာ လက်မှတ် လိုက်ထိုးရပါလိမ့်မယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ဆရာမကြီးကလည်း အမြဲလာကြည့်နေနိုင်တာ မဟုတ်တော့ ကိုယ်တို့ကလည်း blog တွေ ဖတ်မြဲ ဖတ်လျက်ပေါ့။

နောက်တော့ blogger.com ကနေ ကိုယ်ပိုင် blog တစ်ခု စမ်းလုပ်ကြည့်ချင်လာပါတယ်။ ကိုယ့်ဖာကိုယ် ရေးချင်ရာရေး လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ web page တစ်ခု internet ပေါ်မှာ အလကား တင်ခွင့် ရှိမယ် ဆိုတော့ လုပ်ကြည့်တာပေါ့နော်။ စစချင်းတော့ blogger ကပေးတဲ့ template နဲ့ပဲ ဘလော့ အခွံလေး တစ်ခု ရလာတယ်။ ကိုယ့် blog ကို ဘယ်နေ့ စလုပ်မိတယ် ဆိုတာ သေချာ မမှတ်မိတော့လို့ Profile ကို ပြန်ကြည့်တော့မှ ကိုယ့်ရဲ့ blogger account ကို ၂၀၀ရ မှာ စလုပ်မိတယ် ဆိုတာ သတိထားမိပါတယ်။ Blog တစ်ခု ဆောက်ထားပေမယ့် အဲဒီနှစ်က ဘာမှ မတင်ဖြစ်သေးပဲ Post စ တင်ဖြစ်တာကတော့ ၂၀၀၈ ဇွန်လ မှပါ။ အရင်ရေးထားဖူးတဲ့ ကဗျာလေးတွေ စတင်ကြည့်ပါတယ်။ လောလောဆယ် ဘာရေးရမှန်း မသိသေးပဲ တင်ချင်တာပဲ များနေတော့ ချယ်ရီသစ္စာထဲက ဝတ္တုတိုလေးတစ်ပုဒ်ကို ကူးပြီး ကူးထားတဲ့ Link နဲ့ အတူ တင်လိုက်တယ်။ နောက်ထပ် ကဗျာတွေ ထပ်ရေးပြီး တင်တယ်။ အားပေးသူကတော့ blog တွေနဲ့ စပြီး မိတ်ဆက်ပေးတဲ့ အစ်မနဲ့ တစ်ခြား သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပါ။

Blog ကို နာမည်ပေးဖို့ စဉ်းစားလိုက်တော့ ကိုယ်က ကဗျာရော၊ ဝတ္တုရော၊ ဟိုဟိုသည်သည် အကုန်လျှောက်ရေးချင်တယ်၊ ရသစုံ ရေးမယ် ဆိုပြီးတော့ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း ဆိုပြီး အဲဒီ အချိန်က စိတ်ကူး ပေါ်လာတဲ့ အတိုင်း ပေးလိုက်တာပါ။  တစ်လ တစ်လကို ကဗျာလေး၊ ဝတ္တုလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လောက်ပဲ ရေးဖြစ်ပါတယ်။ အားပေးသူကလည်း သူငယ်ချင်း နည်းနည်းနဲ့ မျက်စိလည် ရောက်လာတဲ့ တစ်ယောက် စ၊ နှစ်ယောက် စ လောက်ပဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာ ကိုယ်လည်း Blog နဲ့ အရမ်းကြီး အဆက်ပြတ်မနေအောင် တတ်နိုင်သလောက် ကြိုးစားနေသလို ကိုယ့်နိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားကနေရော အမြဲအားပေးနေတဲ့ သူငယ်ချင်းအရင်းတွေ နဲ့အတူ ဘလော့ကို လာလည်ရင်း သိကြတဲ့ blogger သူငယ်ချင်းများနှင့် blog ကိုအားပေးကြတဲ့ စာဖတ်သူအပေါင်း ကိုလည်း ကျေးဇူးတင်လျှက်ပါ။ 

မြန်မာနိုင်ငံမှာ နေပေမယ့် blogspot ကို proxy မကျော်ပဲ ဖွင့်လို့ရတဲ့ နေရာမှာ အလုပ်လုပ်ခွင့် ရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ဝမ်းသာမိပါတယ်။ တစ်ခါတုန်းကတော့ (ပုသိမ်မှာ) အလူးလူး အလိမ့်လိမ့် connection ထဲမှာ freedom နဲ့ကျော်ပြီး ခရီးသွား မှတ်တမ်းလေး တစ်ခု တင်ဖို့ အရေး တနေကုန်လောက် ကြိုးစားလိုက်ရတာကိုလည်း မှတ်မိနေပါသေးတယ်။ ဆိုင်က connection တွေက များသော အားဖြင့် မကောင်းတတ်တာကြောင့် အိမ်ပြန်တဲ့ အခါဆို blog ကို ဖွင့်ကို မကြည့်ပဲ ပစ်ထားမိတာပါ။ 

ကိုယ်တိုင် သိပ်မရေးဖြစ်ပေမယ့် ဖတ်ဖြစ်တဲ့ ဘလော့တွေကတော့ များများလာပါတယ်။ ခုတလော blog day အတွက် ရေးကြတာတွေထဲမှာ blog link တွေ အတော်များများ စုစည်းထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ်ကတော့ ဖတ်ဖြစ်တဲ့ blog တွေ တော်တော် များများ မေ့ကျန်စရာ ရှိလို့ မပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြို တောင်းပန် ထားလိုက်ပါဦးမယ်။ စာရေးဆရာ နာမည်တွေလို့ သဘောထားပြီး ကိုတွေ မတွေ မတပ်ပဲ ရေးမိတာတွေကိုလည်း ဘယ်လိုမှ သဘောမထားပါနဲ့လို့။ Blog တွေထဲ သွားလည် စာဖတ်ရင်း တစ်ခါတလေ နှုတ်ဆက်ဖြစ်တယ်။ တစ်ခါတလေလည်း မအားလို့ပဲဖြစ်ဖြစ်၊ connection မကောင်းတာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ရုံပဲ ဖတ်ပြီး နှုတ်မဆက် ဖြစ်ပါဘူး။ တစ်ချို့လည်း ကိုယ်ဆီ အပြန်အလှန် လာလည်ရင်း ခြေရာချန်တတ်ခဲ့ကြတယ်။ များသောအားဖြင့်တော့ ကိုယ့်လို စိတ်ကူးပေါက်မှ စာရေး၊ အားမှ နှုတ်ဆက်တဲ့ blogger မပီမသ blogger ကို မသိတဲ့သူ များပါတယ်။ ကိုယ့်ကို မသိပေမယ့် ကိုယ်ကတော့ blog တော်တော်များများကို အမြဲမဟုတ်တောင် မကြာခဏတော့ ရောက်ဖြစ်ပါတယ်။

အသည်းကွဲ အက်ဆေး တွေကို လှလှပပ ဖွဲ့နွဲ့တတ်တဲ့ မယ်ကိုး၊ ရောက်တတ်ရာရာတွေ လျှောက်ရေးပေမယ့် ဖတ်လို့ကောင်းတဲ့ မမ ခင်ဦးခင်၊ ခုနောက်ပိုင်း blog ပေါ်က စွန့်ခွာသွားတဲ့၊ ဟာသတွေ အရေးကောင်းတဲ့ ဦးလူထွေး၊ ကိုယ်တို့ကို ကောင်းကင်ဘုံကနေ ကြည့်နေမယ့် ဘကျောက် (ရွှေရတုမှတ်တမ်း)၊ ကိုယ့် Blog ကို သူ့ဆီမှာ ပထမဆုံး link ထားပြီး တစ်ခြားသူတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဝက်ဝံကလေး (စက်တင်ဘာရဲ့ကောင်းကင်)၊ ဘဝထဲက အတွေ့အကြုံ အစုံကို စာတွေ ကောင်းကောင်း ဖွဲ့တတ်တဲ့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ ကိုအောင်(ပျူနိုင်ငံ)၊ ကဗျာ ကောင်းကောင်းလေးတွေ ရေးတတ်တဲ့ လင်းဒီပ၊ နတ်ဆိုးလေး (ဗညားရှိန်)၊ Craton၊ ကိုအောင်သာငယ်၊ ကိုဆောင်းယွန်းလ၊ မမသီရိ၊ ညလင်းအိမ်။ inspirational ဝတ္တုတိုကောင်းလေးတွေ ဘာသာပြန်တတ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)၊ ခံစားချက် ဝတ္တု လှလှလေးတွေ ရေးတတ်တဲ့ ဏီလင်းညို၊ sosegado (တည်ငြိမ်အေး)၊ ဂန္ဓဝင် ဝတ္တုကောင်းတွေ အမြဲတင်ပေးတတ်တဲ့ မမရွှေစင်ဦး၊ စုံထောက်ဝတ္တုရှည်တွေ ဘာသာပြန် တတ်တဲ့ ကိုသင့်လူ၊ ရုရှ ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဝေလင်း (ဒဏ်ရာပြတိုက်)၊ ဂျပန်ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဂျူလိယက်ရဲ့ ဝတ္တုတိုများ စုစည်းရာ၊ မှတ်စု ကောင်းကောင်းလေးတွေ စုစည်းပေးတတ်တဲ့ မီးပြတိုက်

ဘဝသရုပ်ဖော် ဝတ္တုကောင်းလေးတွေ ရေးတတ်တဲ့ သတိုး၊ မချစ်ကြည်အေး၊ မမြသွေးနီ၊ မမြတ်မွန်၊ အိမ့်ချမ်းမြေ့။ သိမှတ်စရာ ဆောင်းပါးတွေ ရေးတတ်တဲ့ ညလင်းဖြူ၊ မငယ်နိုင်၊ လသာည၊ အဖြူရောင်နတ်သမီး၊ မမေဓါဝီ၊ ဧရာဝတီ စာကြည့်တိုက်။ ကိုယ့်ရဲ့ စုံထောက်ဝတ္တုတွေကို စိတ်ဝင်တစား ဖတ်ပြီး ဝေဖန်တတ်တဲ့ လောရှည်။ ကမ္ဘာတလွှားက ထူးထူးခြားခြားတွေ အမြဲရှာဖွေ ဖော်ပြတတ်တဲ့ သက်တန့်ချို၊ ကိုပီတာ၊  ရေးချင်လို့ ရေးတာပါ ဆိုတဲ့ ခိုင်စိုးလင်းကိုယ့်ကိုမသိပေမယ့် တိတ်တိတ်ကလေး အမြဲသွားဖတ်တတ်တဲ့ စာရေးဆရာမ ခက်မာ၊ ပန်ဒိုရာ၊ မနော်ဟရီ၊ မိုးလှိုင်ည၊ ခင်အောင်အေး၊ အိုက်လွယ်ပန်၊ အိန္ဒြာ၊ July Dream။ ခုနောက်ပိုင်း ပျောက်နေတဲ့ ယုယ၊ ကိုရင်နော်ခင်လေးငယ်၊ ကြုံရသမျှ နဗနဘဝ၊ ဂျေဂျူဝိုင်၊ ရွာသားလေး YTU၊ ဖိုးစိန်၊ ကိုရင်စည်သူ၊ ချမ်းလင်းနေ၊ မဆုမွန်၊ ဒဏ္ဍာရီ၊ သစ်နက်ဆူး၊ လင်းကြယ်ဖြူ၊ လင်းကြယ်စင်၊ အင်ကြင်းသန့်၊ အညာမှ ခရေညို၊ မျက်မှန်လေး၊ အဖြူရောင်အိမ်လေးတစ်လုံး၊ ကေသရီ၊ ကြည်ဖြူပိုင်။ ခုနောက်ပိုင်း ကဗျာတွေ အရေးကောင်းလို့ သွားသွားဖတ်မိတဲ့ လရိပ်

ဦးမင်းဒင်၊ ဆရာဦးစိုးမြင့် (မေ့ဆေး)၊ ဆရာ အတ္တကျော်၊ ကိုဘကြိုင်၊ ဆင်တဲကဖေး၊ ကိုကိုမောင် (ပန်းရနံ့)၊ ဦးမောင်မောင်၊ ဆရာတော် မော်ကွန်းသစ်၊ ဆရာတော် တောက်ပကြယ်စင်၊ သက်ဝေ၊ အပြုံးပန်း၊ မော်စကွီးတိုး၊ ဂျူနီယာလွင်ဦး၊ မဗေဒါ၊ Rose of Sharon၊ Reenoemann၊ Rita၊ AngelHlaing၊ KiKi-Idiotlove၊ K၊ မဝါဝါခိုင်မင်း၊ မောင်မျိုး(ကျွန်တော့်ဘဝဇာတ်ခုံ) Pinkgold၊ မအိမ်သူ(ဝါခေါင်မိုး)၊ ဆောင်းနှင်းရွက်၊ သဒ္ဓာလှိုင်း၊  နှင်းနုလွင်၊ ဆွေလေးမွန်၊ ခံစားမှုသံစဉ်(Blackroze)၊ အန်တီတင့်၊ Jesmine(တောင်ကြီး)၊ မဒမ်ကိုး၊ ခိုင်နုငယ်၊ မေသိမ့်သိမ့်ကျော်၊ မိုးငွေ့နှင့်အတူ၊ ကိုကိုးအိမ်(မန္တလေး)၊ အဖြူလေး၊ ကျွန်တော်တို့အိမ်၊ ထာဝရကြယ်စင် (မိုးခါး)၊ ဒုတိယအရွယ်၏ ရှိသမျှဝေဒနာ၊ နှင်းနဲ့မာယာ၊ နှင်းဟေမာ၊ နေဝသန်ရဲ့ အိုအေစစ်၊ My Little World၊ Sonata-Cantata၊  လင်းဦး(စိတ်ပညာ)၊ ၊ သုနှင်းဆီ၊ ညီလင်းဆက်၊ ဂျစ်တူး (မုံရွာ)၊ စုံစီနဖာ စာမျက်နှာ (ရွှန်းမီ)၊ စုဘူးအိမ်၊ မိုးမြင့်တိမ်ဆူးရင့် (တန့်ဆည်)ပန်းခရမ်းပြာThe Starry NightMy Notebook နှလုံးသားရပ်ဝန်းမှ အသံများ

အရင် ထည့်ထားဖူးတဲ့ Link တွေကလည်း တစ်ခါတုန်းက malware ဆိုပြီးဖြုတ်လိုက်တုန်းက တစ်ချို့တွေ ပါသွားပြီး ပြန်မထည့်ဖြစ်သေးတာတွေ ရှိနိုင်ပါသေးတယ်။ အခု တွေ့မိသမျှ၊ ဖတ်မိသမျှတော့ Blog Day အမှတ်တရ အနေနဲ့ ကိုယ့် ရဲ့ Blog စာမျက်နှာပေါ်မှာ မှတ်တမ်းတင် ထားလိုက်ပါတယ်။ အမြဲမဟုတ်တောင် ကြုံကြိုက်လို့ သွားလိုက်တဲ့၊ ကိုယ့်ဆီလာလို့ ပြန်သွားလည် လိုက်တဲ့ Blog တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီနော်..။


Blogger အားလုံး စာကောင်းပေကောင်းတွေ များများကြီး ရေးနိုင်ကြပါစေ။


သိင်္ဂါကျော်

23 comments:

Cameron said...

မသိင်္ဂါရဲ့ ဘလော့ဒေးအမှတ်တရကို လာဖတ်သွားပါတယ်..း)

Angelhlaing(May everybody be happy and healthy! said...

Happy blog day ပါမမရေ :)

သဒ္ဓါလှိုင်း said...

ဘလော့ဒေးအမှတ်တရလေးကို မှတ်မှတ်ရရ ဖတ်ပါတယ်မသိင်္ဂါ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ စာပေအကျိုးပြုနိုင်ပါစေ လို့ ဆုမွန်တောင်းပါတယ်။
ခင်မင်လျက်
သဒ္ဓါ

သက်တန့်ချို said...

Happy Blog Day ပါခင်ဗျး) အစအဆုံးဖတ်ရှုအားပေးသွားပါတယ်ခင်ဗျ ။

sosegado said...

လာဖတ်သွားပါတယ်၊
နေရာသစ်မှာ ရတနာပုံ တယ်လီပို့ကို ပထမဦးဆုံး ရောက်သူအနေနဲ့ ရေးထားတာ စိတ်ဝင်စားမိပါတယ်
ခု ဘယ်လိုကွာနေပြီလဲတော့ မသိဘူး၊ ရတနာပုံ တယ်လီပို့က ပရိုက်ဗိတ်ဖြစ်သွားပြီပြောတယ်။
စာများများရေးနိုင်ပါစေ။
ကျန်းမာပျော်ရွင်ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စုံထောက်ဝတ္ထုလေးတွေ အရေးကောင်းလို့ သတိထားခဲ့မိတာ
ကဗျာတွေလည်း ရေးတတ်တော့ အားကျမိပြန်ရော
ခုနောက်ပိုင်း ဘဝသရုပ်ဖော် အိမ်ထောင်ရေးဇာတ်လမ်းလေးတွေလည်း တွေ့ရပြန်တော့ ဘက်စုံတော်တဲ့ သိင်္ဂါကျော်လို့ မှတ်ချက်ချမိပါတယ်။
ဆက်လက်ပြီး စာတွေ ဝတ္ထုတွေ ကဗျာတွေ အများကြီး ရေးနိုင်ပါစေ ။။
Happy Blog Day ပါ သိင်္ဂါ

မဒမ်ကိုး said...

မမေ၇ ဟက်ပီးဘလော့ဒေးကနေ
အမြဲတမ်းစာတွေဆက်ရေးနိုင်ပါစေလို့

ချစ်တဲ့
မဒိုးကန်

မိုးခါး said...

ဝါးးးး
ဘလော့တွေအများကြီး သတိတရနဲ့ လိုက်ရေးထားတယ်တော့ ..း))
ပျော်ရွှင်ဖွယ် ဘလော့ဂါဒေး လေးပါ မသိင်္ဂါး)

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေးမှာ ပျော်ရွှင်ပါစေ မသိင်္ဂါ ...

မယ့်ကိုး said...

ညီမလေး မိုးခါးလိုပဲ ဝါးလို့ အော်သွားပါတယ်...။
မယ်ကိုးကို သတိရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်နော် မ။
အသည်းကွဲအက်ဆေးတွေကို လှလှဖွဲ့နွဲ့တတ်သောလို့ ရေးထားတော့ စိတ်ညစ်နေသူတောင် သဘောကျလွန်းလို့ ရယ်မိသွားပါတယ် :D
မရဲ့ ကဗျာအားလုံးလိုလိုကိုလည်း မယ် အရမ်းကြိုက်ပါတယ်။ တကယ်ပါ။
ပျော်ရွှင်စွာ အမြဲစာရေးနိုင်ပါစေလို့း)

မြစ်ကျိုးအင်း said...

မသိင်္ဂါကျော်ရဲ့ ဘလော့ဂ်ကို ထူးထူးခြားခြား သတိထားမိစေတာက စုံထောက်ဝတ္ထုတွေ ရေးတာကြောင့်ပါပဲ။ ဘလော့ဂ်လောကမှာ ဒီလိုင်းမျိုး ဇောက်ချရေးသူကို လက်လှမ်းမီသလောက် မတွေ့ဖူးသေးတော့ စာအစုံဖတ်ချင်တဲ့ (ကိုယ်အပါအဝင်) ပြင်ပစာဖတ်ပရိတ်သတ်တွေ ကိုယ်စား ကျေးဇူးတင်မိသေးတယ်။
နောက်ထပ် စုံထောက်ဝတ္ထုကောင်းလေးတွေ ရေးပါအုံး။ စောင့်ဖတ်နေတာကိုလည်း အသိပေးပါရစေ။

ahphyulay said...

အင်း...
စာကိုရေးနေချင်သူ၊ စာရေးနေသူချင်း
အခုလို ချစ်ခင်ရိုင်းပင်းနေကြတာတွေဟာ
တကယ်တော့  ကြည်နူးစရာပါပဲနော်။
ဘာကိုပဲရေးရေး..၊ရေးစရာရှိလို့ ရေးနေရင်း
နဲ့  ဖတ်စရာဖြစ်လာပြီဆိုရင် ဖတ်မဲ့ သူတွေက
လာဖတ်နေမှာပဲမဟုတ်လား၊
ဆက်ရေးနေပါလေ၊
အားပေးနေပါမယ်။
အောင်မြင်ပါစေ...လို့ ။

ကိုဇော် said...

ကျနော်ကတော့ လူမသိ သူမသိ လုပ်ပြီး ဘလောက စာတွေကို ပြောင်းနေတဲ့ ကျနော့် ဘလော့စပေါ့ကို စိုက်စိုက်မြိုက်မြိုက် ပထမဆုံး ရောက်လာတဲ့ သူကို အမြဲတမ်း သတိရနေမှာပါပဲ။ ရှားရှားပါးပါး စာတွေကို ဘာသာပြန်တတ်မှု နဲ့ စုံထောက် ဝတ္ထုတွဲတွေကြောင့် တကယ်ကို မှတ်မှတ်ရရ လာဖတ်ဖြစ်တဲ့ ဘလော့ပါပဲ။ ရှေ့ဆက်ပြီးလည်း ရေးနိုင်ပါစေဗျာ။

mstint said...

ပျော်ရွှင်ဖွယ်ဘလော့ဂ်ဒေးပါ သိင်္ဂီရေ။ မိန်းကလေးဆန်ဆန်မနေတတ်တာ အန်တီနဲ့တူလို့ သိင်္ဂီကိုအမြဲမှတ်မိနေပါတယ်ကွယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ပန်းချီ said...

ဟက်ပီးဘလော့ဂ်ဒေးပါ မသိင်္ဂါရေ..။ စာတွေအများကြီးဆက်လက်ရေးသားနိုင်ပါစေရှင်။ အစ်မကဗျာတွေကို ကြိုက်မိလို့ အမြဲလာဖတ်ဖြစ်ပါတယ်း)

လေးစားခင်မင်စွာ

blackroze said...

့Happy blog day ပါအမရေ..

လင်းခေတ်ဒီနို said...

ဟက်ပီးဘလော့ဒေးပါ အမရေ . . စက်ရက်တယ် စက်ရက်တယ် ကိုယ့်အမတို့ စက်ရက်ပုံများ ရက်စက်ပါဗေ့ဗျာ . . ကျွန်တော် နာမည် ဗညားရှိန်ပါ ခင်ဗျာ ( ဇာတ်မင်းသားဖိုးချစ် အသံလေးနဲ့း) . . ဗညားရှိန်ပါ . .ဗညာါးရှိန်းး မဟုတ်ရကြောင်းပါဗျာ . . .း))

အမရေ ပျော်ရွင်ပါစေဗျာ

ခင်မင်စွာဖြင့်
ဗညား

သူကြီးမင်း (တုံးဖလား) said...

ပျော်ရွှင်ဖွယ် နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ။

ခင်မင်လျှက်

နေ၀သန် said...

မသိင်္ဂါကျော်ေ၇.. ဘလော့ခ်ဒေးလေးတောင် လွန်သွားပြီ.. ခုမှ လာဖြစ်တယ်..း)).. ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

ခင်မင်လျက်
နေ၀သန်

kokoseinygn said...

စိတ်ကူးပေါက်မှစာေ၇း....အားမှနုတ်ဆက်
တဲ့ဘလောဂ့်ဂါ မပီသတဲ့ ဘလောဂ့်ဂါတဲ့
အဲဒီလိုမဟုတ်လောက်ပါဘူးဗျာ...
ကျနော်ကတော့ စဖတ်မိပြီးတည်းကအခု
ချိန်ထိ ဖတ်နေဆဲပါ...
အချိန်လုနေရတော့ စာဖတ်နောက်ကျပါတယ်........။

ကိုကိုးအိမ်(မန္တလေး) said...

ကျွန်တော်တစ်ယောက် လိုင်းပေါ်က ဒီလောက်ကြာာပျောက်နေတာ တောင် သတိတရ ထည့်ရေးတဲ့ မသိင်္ဂါကျော်ကို ကျေးဇူးတင်ပါတယ်ဗျာ.. အမကို စသိခါစက ကိုသိင်္ဂါရ နဲ့မှားပြီး ကိုသိင်္ဂါကျော် လို့ ခေါ်မိတာကို အမှတ်ရမိသေးဗျာ...

ခင်မင်စွာဖြင့်

jr said...

မသိဂါၤေရ ..
ဟက်ပီး ဘီလိတ်တဒ် ဘလော့ဒေးပါနော်။
(သိပ်နောက်မကျရှာဘူးနော်။ ဟီး ဟီး။ အမတွေ လာနေတာနဲ့ အလုပ်တွေရှုပ်နေပြီး ဘလော့မလည်ဖြစ်တာ။ )

နောင်နှစ်ပေါင်းများစွာတိုင် စာပေအနုပညာနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ခင်မင်လျှက်

rose said...

ဘလော့ဂ်ဒေးပို့စ်လေး အခုမှ လာဖတ်ဖြစ်တယ်။ ဟင်... ရို့စ် နာမည်လည်း မပါဘူး။ မခင်လို့ ထင်တယ်နော် ခိခိး)) နောက်တာပါ။