27 January, 2012

စိုးဟာ ကျွန်တော်ချစ်တဲ့ မိန်းကလေး ဖြစ်တယ်


စိုးဟာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့
အိပ်မက်မျှားသူ တစ်ယောက် ဖြစ်တယ်။
အဲဒါကြောင့်ပဲ
စိုးဟာ
ကိုယ့်ကိုယ်ကိုယ်ကလွဲရင်
ဘယ်သူ့ကိုမှ မယုံကြည်သူလည်း ဖြစ်တယ်။

အချုပ်အချယ်ထဲက အမြဲတမ်း ရုံးထွက်နိုင်သူ
စိုးဟာ
လွတ်လပ်စွာ မျောလွင့်နေတဲ့ တိမ်တိုက်တစ်ခု ဆိုရင်
ကျွန်တော်ဟာ
သူ့ကို ပိုင်ဆိုင်နိုင်တဲ့ ကောင်းကင်တစ်ခု မဖြစ်ခဲ့ဘူး။

လှလှပပ မိတ်ကပ်ပြင်တတ်တဲ့ စိုးဟာ
အသတ်အဖြတ် အလှုပ်အရှား သွေးသံရဲရဲ ရုပ်ရှင်တွေကို
အဲဒီလောက် ကြိုက်တတ်မယ်လို့ မထင်ရဘူး။
အဲဒါကြောင့်ပဲ
စိုးရဲ့ အသည်းနှလုံးက မနူးညံတော့သလား လို့
ကျွန်တော်ထင်တယ်။

သူမ ဝန်းကျင်က လူတွေကို ရင်းနှီးနွေးထွေးအောင်
စကားတစ်စွန်းတစ်စ နဲ့ ဆွဲဆောင်နိုင်တဲ့ စိုးကို
ကျွန်တော်က စကားအများကြီးနဲ့လည်း
မဆွဲဆောင်နိုင်ခဲ့ဘူး။

သူမ လုပ်ချင်ရာ လုပ်ဖို့ဆိုရင်
ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ စိုးဟာ
သူမ မလုပ်ချင်တဲ့ အလုပ်တစ်ခုအတွက် ဆိုရင်တော့
ဆင်ခြေဆင်လက်တွေလည်း အပြည့် ရှိနေတတ်သတဲ့။

အများနဲ့ မတူတဲ့ ဆန့်ကျင်ဘက်အမြင်တွေနဲ့
မကြာခဏ ဆိုသလို ကန့်လန့်တိုက်တတ်ပေမယ့်
မှော်ဆရာမ တစ်ယောက် အစွမ်းမျိုးနဲ့ စိုးဟာ
အားလုံးက ချစ်ခင်နေမြဲ ဖြစ်အောင်လည်း ပြုစားတတ်သူ ဖြစ်ရဲ့။

သူ့ကိုယ်သူ မချစ်တတ်သူလို့
ကင်ပွန်းတတ် တတ်တဲ့ စိုးဟာ
Taylar Swift ရဲ့ A Place in this World ကို ဆိုပြရင်း
အချစ်ကို ရှာဖွေနေတယ်လို့ တစ်ခါတရံ ရင်ဖွင့်တတ်သေးရဲ့..
အဲဒီ အချစ်ဟာ ကျွန်တော် မဟုတ်ဘူး ဆိုတာကိုလည်း
သက်သေပြချင်ခဲ့သေးတယ်။

ဘာပဲဖြစ်ဖြစ်
စိုးဟာ အထီးကျန်နေတဲ့ မိန်းကလေး ဆိုတာတော့ ငြင်းလို့ မရပါဘူး။
အချစ်ကို ရှာရင်းနဲ့ ကိုယ့်အတ္တထဲမှာကိုယ် ပျောက်ဆုံးနေသူပေါ့။
ဘာပဲဖြစ်ဖြစ်
စိုးဟာ ကျွန်တော်ချစ်တဲ့ မိန်းကလေး ဖြစ်တယ်။
ခုထိလည်း ကျွန်တော့်ရဲ့ soul mate ဟာ သူမပါ ဆိုတာကို
သက်သေ မပြနိုင်ခဲ့သေးဘူး။
 

သိင်္ဂါကျော်

10 comments:

ကိုရင် said...

ကျွန်တော်လည်း စိုးကို ချစ်တယ်.. :D

မဒမ်ကိုး said...

အဲအပေါ်ကလူကိုတုတ်နဲ့ရိုက်ပစ်လိုက်တယ်း)
စိုးကကောင်လေးဆိုရင် ကျမလဲချစ်တယ်း)

ချစ်တဲ့

မဒိုးကန်

jr said...

ကဗျာထဲမှာ စိုး ကို မြင်လိုက်ရတယ်။

Cameron said...

တကယ်တော့ စိုးဟာ ကိုယ်ပါပဲ...အဟိ ညီမလေးရဲ့နာမည်ထဲမှာ စိုးပါတယ်လေ...။

kokoseinygn said...

ကဗျာ ဖတ်သွားတယ်....
ဖတ်ရန်ကျန်တဲ့စာတွေဆက်ဖတ်နေတယ်..

မောင်သီဟ said...

ဟာဗျာာာ ကဗျာကလှတပတ စိုးကလည်းလှတပတ
ကျွန်တော်လည်း စိုးပါတဲ့ ကန်မလေးကို သဘောကျနေထယ်း)း)

မောင်သီဟ said...

နာမည်မှာ စိုးပါတာကိုပြောထှာား)

ငြိမ်းစိုးဦး said...

ကိုယ့်အမည်မျာ စိုး ပါပေမယ့် မိန်းကလေး မဟုတ်ပါကြောင်း ...

Angelhlaing(May everybody be happy and healthy! said...

အဲဒီ စိုးပေါ့ ..ခု ညီမလေးကို တော်တော် ဒုက္ခပေးနေတာ :P:P တိုက်ဆိုင်စွာ ခံစားသွားတယ်မမရေ..

လင်းဒီပ said...

စိုးလို မိန်းကလေးမျိုးက soul mate အဖြစ် အသိအမှတ်ပြုခံရဖို့ဆိုတာ
ကျွန်တော် ခဏခဏကျတဲ့ စာမေးပွဲပါပဲ စိုး... :))