ကောင်မလေးရေ..
သတိရတယ်
ပြောပြခွင့်မသာခဲ့တာပါ၊
မေ့နေပြီလို့တော့ မထင်စေချင်ဘူး။
ကတိတွေ မတည်နိုင်သေးလို့
မင်းအနား လာချင်ရဲ့ မလာနိုင်ခဲ့တာ၊
တစ်ယောက်တည်းပဲ ရူးရူးသွပ်သွပ်နဲ့
ပန်းနုရောင် တိမ်တွေဆီ ပျံချင်လျှက်
မပျံနိုင်ခဲ့တဲ့ ငှက်တစ်ကောင်လို...
ဆက်သွယ်မှု ဧရိယာ ပြင်ပမှာ
တစ်ယောက်တည်း အထီးကျန်ဆဲပေါ့။
ကောင်မလေးရေ..
မင်းက မချစ်တတ်သူလို့ ဆိုခဲ့တာကို
ခုထိ မယုံချင်သေးပါဘူး၊
လွမ်းဆွတ်ခြင်းတွေ ထပ်တူညီမယ်လို့
နှလုံးသားက နားလည်နေချင်တယ်။
မင်းက မချစ်ဘူး ပြောပေမယ့်
ကိုယ့်အတွက် ချစ်သူဟာ
မင်းတစ်ယောက်လို့ သတ်မှတ်ပြီးဖြစ်နေခဲ့တယ်။
ကောင်မလေးရေ..
မင်းဘက်က ကတိတွေ မပေးခဲ့ပေမယ့်
မင်း စောင့်နေမယ်လို့ ယုံကြည်နေရင်း
မင်းချစ်ခြင်းတွေဆီ အရောက်
ပျံသန်းဖို့ ကြိုးစားနေတဲ့ ငှက်တစ်ကောင်ဟာ ကိုယ်ပါ။
ကောင်မလေးရေ..
မင်းက လွတ်လပ်စွာ ပျံသန်းနေတဲ့
ပျော်ရွှင်ခြင်း ငှက်ငယ်တစ်ကောင်ပါ၊
ကောင်းကင် တစ်ခုတည်း အောက်မှာ
အတူရှိရခြင်းကိုသာ နှစ်သိမ့်လျှက်
မင်းနဲ့ အတူပျံသန်းနိုင်မယ့်
ချစ်ခြင်းရဲ့ ဆုံမှတ်ဆီ ဦးတည်လို့
လောကဓံများကို အံတုဆဲ
မျှော်လင့်ခြင်း ငှက်တစ်ကောင်ဟာ
ကိုယ်ပါ...။
သိင်္ဂါကျော်
7 comments:
ပျော်ရွှင်ခြင်းနဲ့မျှော်လင့်ခြင်းတသားတည်း
ကျပါစေအမရယ်..
ကောင်းကင်တခုတည်းအောက်မှာ
အတူရှိခြင်းကိုသာ နှစ်သိမ့်လျှက်
ချစ်ရသူနဲ့ အတူပျံသန်းနိုင်မယ့်
ချစ်ချင်းရဲ့ ဆုံမှတ်ဆီ.......
အမြန်ဆုံပါစေလို့ရှင်
ခင်မင်တဲ့ jasmine
လောကဓံကိုကြံ့ကြံ့ခံနိုင်ရင် ပေးထားတဲ့ကတိတွေ တည်နိုင်မဲ့တစ်နေ့ဟာ လက်တစ်ကမ်းမှာပါ ကျော်ရေ။
ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စာသားလေးတွေကရိုးရိုးလေးပေမယ့်ကောင်းတယ်အကို
ဟဟ သိဂါင်္ကျော်ကို အစ်ကိုလို့ခေါ်သွားပြီ...ကိုယ်လဲအဲလိုအခေါ်ခံဖူးတယ် ကိုမိုးငွေ့တဲ့ မနေ့ကဇာတ်ကားလေးတစ်ကားကြည့်တော့လဲ မင်းမော်ကွန်းနာမည်က ကိုမိုးငွေ့တဲ့ နားထောင်ရတာ တမျိုးပဲ ကိုယ့်နာမည်ကို ကိုတပ်ပြီးခေါ်နေတာကိုးးး..။
ဘာပဲဖြစ်ဖြစ် ကောင်မလေးနဲ့အမြန်ဆုံးဆုံတွေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်..။
ကိုကိုကျော်း)း)
ကဗျာဖတ်သွားတယ်အစ်မရေး)
မျှော်လင့်ချက်တွေ
အမြန်ဆုံး ပြည့်ဝပါစေ...
အစ်မကျော်ရေ...
HO
ံhttp://htawoo.blogspot.com
Post a Comment