17 August, 2008

အသည်းကွဲဆောင်းည


ညရဲ့အတွင်းမှာ
အိပ်မက်တွေတိတ်ဆိတ်
တထိတ်ထိတ်နဲ့။



ညရဲ့အပြင်မှာ
ကျအံ့ဆဲနှင်းတွေတောင်
ခြောက်သွေ့နေသလို။



ဘယ်အရာဟာ
ဖြေဆည်ရာဆိုရလေမလဲတောင်
မသိနိုင်အောင်
ဦးနှောက်လည်းဟင်းလင်းပွင့်။



ငါ့ရင်ဘတ်မှာ
အပြည့်အသိပ်ထည့်ခဲ့တာ
မင်းအတွက်
မြတ်နိုးခြင်းနှင်းတွေပေမယ့်
ခုနေခါတော့
ဆာဟာရကသဲပွင့်တွေလို
ငါ့တကိုယ်လုံးကိုမြေမြှုပ်ဖို့ကြံနေပေါ့။

 
သိင်္ဂါကျော်

0 comments: