23 November, 2009

ငါ့ကို သွားခွင့် မပြုပါနဲ့



ငါ အဝေးကို ထွက်ပြေးချင်တယ်..
ငါကိုယ်တိုင်ဆီက...
မင်းဆီက...
တို့နှစ်ယောက်လုံးဆီက..
ငါ အဝေးကို ထွက်ပြေးချင်တယ်။
ငါတို့ အတူရှိခဲ့ဖူးတဲ့ အချိန်များဆီက
အဝေးကို ထွက်ပြေးချင်တယ်။
ငါတို့ အတူမျှဝေခဲ့ဖူးတဲ့ အမှတ်တရများဆီက
အဝေးကို ထွက်ပြေးချင်တယ်။
မင်းကို တခြားသူတွေနဲ့ အတူ
မြင်နေရရင်
ငါ့ကို အတွင်းလှိုက်ပြီး သတ်နေသလို
ကဲ အဲဒီတော့
ငါ အဝေးကို ပြေးဖို့လိုအပ်တယ်။
ဒါပေမယ့်
မင်း ငါ့ကို သွားဖို့ ခွင့်မပြုစေချင်ဘူး။
ငါ့အတွက်နဲ့
တခြားလူတွေကိုပဲ မင်းထားခဲ့စေချင်တယ်။
သေချာတာက
မင်းမရှိရင် ငါသေလိမ့်မယ်။
ကျေးဇူးပြုပြီး
ငါ့ကို ဘယ်တော့မှ သွားခွင့်မပြုပါနဲ့။

(သိင်္ဂါကျော်)

Sakina ၏ Don't let me go ကိုပြန်ဆိုပါသည်။

10 comments:

မိုးစက်အိမ် said...

သွားခွင့်မပြုပါစေနဲ့ ဗျာ :)

မြစ်ကျိုးအင်း said...

ကဗျာရှင်ရဲ့ အတွင်းစိတ်ကို မြင်လိုက်ရတယ် ။

သွားသင့်ပြီ ထားခဲ့သင့်ပြီလို့ ပြောနေပေမယ့် သူ့ရင်ထဲက သူ့ကိုသာ ဦးစားပေးနေစေချင်စိတ်ကို မြင်လိုက်ရပါတယ်။

အချစ်ရဲ့ နှောင်ကြိုးနဲ့ တူပါရဲ့

လသာည said...

ဟင့်အင်း သွားခွင့်မပြုဖူး။ မသွားနဲ့နော်..။
အမြဲအားပေးနေမယ် :D

ကိုလူထွေး said...

သက်ဆိုင်သူ သိပါစေ...

းဝ)

ဆောင်းယွန်းလ said...

ကဗျာလေးခံစားသွားတယ်ညီမရေ....

ဒဏ္ဍာရီ said...

ကဗျာလေးထဲက သံယောဇဉ်ကြိုးလေးကို မြင်သွားတယ် သူငယ်ချင်း... ပျော်ရွှင်ပါစေ။

ခင်မင်လေးစားလျှက်

စည်သူ said...

အောင်မယ်လေးဗျာ..

ကျွန်တော်တောင် မောသွားတယ်..
ကျွန်တော့် အမများ တကယ်ခံစားနေရပြီလားလို့..

အဆုံးရောက်တော့မှပဲ
သက်ပြင်းလေးချသွားရတယ်..

အောက်ဆုံးစာကြောင်းလေးက ကြေကွဲစရာလေးဗျာ..

ပျော်ရွှင်ပါစေ
စည်သူ။

snow said...

ဒီကဗျာလေးကိုတော့ ကြိုက်တယ်.. ဒါပေမဲ့..

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ကဗျာလေးထဲမှာ..ကိုယ့်ကိုယ်ကို ညာမှန်းမသိ..ပြန်ညာနေမိခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို မြင်လိုက်မိသလိုပါပဲဗျာ...။
ဖတ်ရတာ..ကောင်းတယ်...။

ခင်မင်တဲ့

ဏီလင်းညို

မချစ်ရ said...

ဘာသာပြန်ကဗျာလေးဖတ်လို့ကောင်းတယ်