08 August, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၅ (Koln, Germany)

Koln (Cologne) မြို့ကို မနက် ၁၀ နာရီ ခွဲလောက်မှာ ရောက်ပြီးတော့ ထုံးစံအတိုင်း လမ်းလျှောက်ပြီး မြို့ကို ပတ်ကြပါတယ်။  ဒီမြို့မှာတော့ တိမ်ပြာပြာ စနေနေ့လေး ဖြစ်နေလို့ ဓါတ်ပုံရိုက်ရတာ သဘောကျခဲ့ပါတယ်။ ဘယ်လိုပဲ ဖြတ်ခနဲ ရိုက်ရိုက် တိမ်ပြာတဲ့ နေ့မှာတော့ ဓါတ်ပုံကောင်းကောင်း တစ်ချို့ ရတတ်တယ်လေ။
ဘယ်နေရာတွေ ရောက်ခဲ့တယ် ဆိုတာလေးတွေနဲ့ ဖွယ်ဖွယ်ရာရာ   ရေးသင့်ပေမယ့်လည်း   နေရာတွေ ပြန်ရှာဖို့ စိတ်မပါတော့တာမို့ ပုံလေးတွေသာ ဒီတိုင်းပဲ ကြည့်လိုက် ကြပါတော့နော်...။ 



































 သိင်္ဂါကျော်

8 comments:

စံပယ်ချို said...

ဘယ်နေရာမှန်းမသိပေမယ့်လဲပုံတွေအရမ်းကိုလှလို့
ကျေနပ်မိပါတယ် တချို့ကရဲတိုက်တွေနဲ့တူတယ် တချို့က
ရှေးဟောင်းအဆောက်အဦးနဲ့တူတယ်
မြစ်ကူးတံတားကိုလဲကြိုက်တယ်
ကျေးဇူးပါကျော်ရေ

mstint said...

တစ်ကျော့ပြန်ပြီး ဘလော့လည်ချိန် ရိုက်ချက်တွေ ထပ်တင်ထားတဲ့အတွက် စိတ်ဝင်တစားကြည့်သွားပြီ ကျော်ရေ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဓာတ်ပုံတွေကောင်းလိုက်တာ..
ကိုယ်တိုင်ရပ်ကြည့်နေရသလိုဘဲ
ဟိုး..အပေါ်ဆုံးက
ရဲတိုက်ကြီးကြိုက်တယ်း)

Angelhlaing(May everybody be happy and healthy! said...

မရောက်သေးဘူးမမရေ..သွားဖို့တော့ ရည်ရွယ်ထားတယ်...:)))

ဖြိုးဇာနည် said...

လက်ရာလေးတွေအတော်မိုက်တယ်
ပိုခံစားလို့ကောင်းတာက ပုံတိုင်းလိုလိုဟာ
တိမ်ပြာပြာလေးတွေနဲ့ လိုက်ဖက်နေခဲ့တယ်

Unknown said...

ရဲတိုက်ကြီးကလည်းမိုက်
တံတားကြီးကလည်းခန့်
တိမ်တွေကလည်း ဆော့ကစားလို့
အပြေးလေးတောင် သွားချင်တယ်... :D

ခင်မင်လျက်
ဂျွန်မိုး

AH said...

ဓာတ်ပုံတွေ တစ်ဝကြီး ကြည့်သွားပါကြောင်း ခင်ဗျာ... တစ်ခေါက်လောက်တော့ ဥရောပတိုက်ကို လျှောက်ကြည့်ချင်ပ....

လွင်ပြင်လှိုင်းငယ် said...

ဓါတ်ပုံလက်ရာတွေက အရမ်းကောင်းတယ်ဗျာ။အားပေးလျက်ပါ