18 December, 2012

မရွာတတ်သောမိုး

တစ်ခါတုန်းကပေါ့
Every Minute I Love You လို့
ပြောခဲ့ဖူးသူ တစ်ယောက်လည်း
ခုနေခါတော့ နှုတ်မဆက်ပဲ ပျောက်ကွယ်လို့
တစ်မိနစ်စာမှတောင် သတိရတော့မယ်မထင်။

တစ်ခါတုန်းကပေါ့
ကိုယ်မချစ်ရင်ပဲ သူ့ဘဝပျက်တော့မလို
လျှာအရိုးမရှိ ညာတတ်တာတွေကို
စိတ်ရင်းနဲ့လို့ထင်ပြီး
ကိုယ့်စိတ်ရင်းကိုပါ ပြမိတော့မလိုနဲ့
တကယ်တမ်းတော့လည်း သူဟာ
ချစ်စကားပြောတမ်း ကစားရခြင်းမှာ
ပျော်မွေ့ချင်သူသာ ဖြစ်ရဲ့။
ခုနေခါတော့ သူရော ကိုယ်ပါ
ကစားပွဲက နှုတ်ထွက်ခဲ့ပြီးပေါ့။

ကိုယ့်ဘက်က ချစ်ခြင်းကတိကို
အတိအကျ မပေးဖြစ်ခဲ့သေးတဲ့အခါ
သူတို့ဟာ သစ္စာဖောက်သူမဟုတ်လို့ ငြင်းနိုင်ရဲ့။

ဘယ်လိုပဲဖြစ်ဖြစ်ပါ
မချစ်တတ် မမုန်းတတ်သူ ဖြစ်အောင်
ပါရမီဖြည့်တယ် ယူဆပြီး
အားလုံးကို နားလည် ပေးလိုက်ရင်း
အပေါင်းအသင်းတွေကို ကြေငြာထားတဲ့စကား
ခုထိ ကိုယ့်ကိုယ်ကို သတိထားနေတယ်
ဘယ်တော့မှ အသည်းမကွဲစေရဘူး လို့..။

တစ်ရံတစ်ခါ
သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာတာကို
မတားနိုင်ပေမယ့်လည်း
ရွာတော့မချစေရပါလေ..။

သိင်္ဂါကျော်
(ဘာရယ် မဟုတ်ပါဘူး..။ ခရီးသွားရင်း ကားပေါ်မှာ တရေးနိုး ရေးမိတဲ့ ကဗျာလေးပါ။ ခုတလော မအားတာရယ်၊ စာရေးဖို့ စိတ်မပါတာရယ်ကြောင့် ပျောက်နေပါဦးမယ်။)

9 comments:

sosegado said...

တရေးနိုးကဗျာလေးလဲကောင်းပါတယ်
ဆစ်ခါတုန်းကတွေ များခဲ့တာပေါ့

Crystal said...

ရွာမချတော့ဘူးတဲ့လားးးး ဒါဆို မူယာမယာမိုးပေါ့ :)

ပျောက်နေလည်း မျှော်နေဆဲ။

Angelhlaing(May everybody be happy and healthy! said...

တစ်ခါတစ်ရံ
သတိရခြင်းတွေ ငွေ့ရည်ဖွဲ့လာတာကို
မတားမြစ်နိုင်ပေမယ့်
ရွာတော့မချစေရပါလေ.....

စံပယ်ချို said...

တခါတလေ မရွာတတ်တဲ့မိုးတွေ
မအေးတဲ့ ဆောင်းတွေကိုခံစားလာရတယ်

mstint said...

ကဗျာလေး အားပေးသွားတယ် ကျော်ရေ။
တီတင့်ချစ်ခင်ရတဲ့ ဘလော့ဂါ နောက်တစ်ယောက် ထပ်ဆုံရအုံးမှာကို တွေးမိပြီး ပျော်နေတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

အိမ်လာလည်တာလက်ဆောင်ပါဖို့မလိုပါဘူးဗျာ
မကြာခဏလာလည်ဖို့သာမျှော်လင့်ပါတယ်
ဘလော့လေးပြန်၇လို့ဝမ်းသာမိပါတယ်.....

ပန်းချီ said...

တရေးနိုးကဗျာလေးက သိပ်သိပ်သည်းသည်းနဲ့ ကြေကွဲစရာ။ မရောက်ဖြစ်တာကြာသွားတယ် မရေ..း)

Cameron said...

တနေရးနိုးကဗျာတဲ့လား...ကောင်းပါ့ ဘယ်လိုရေးရေး ဆရာတွေလက်ကထွက်တယ်

မိုးနတ်ကြယ်စင် said...

အင်း..တရေးနိုးရေးတာတောင် ဖတ်လို့အတော်ကောင်း.
စိတ်ပါလက်ပါသာ အားရပါးရရေးလိုက်ရင်တော့..
အဟင်းဟင်း....မိမိုးနတ်တော့ ငုတ်တုတ်မေ့နေမှာ
အဟုတ်.....:)..
သတိရနေပါတယ်နော်...ဘယ်တွေပျောက်နေတာလဲဟင်
ခင်တဲ့..မိုးနတ်