23 June, 2010

အချစ်ကြောင့် ရူးကြသူများ


ဒီတစ်ခါ အချစ်က တစ်သက်တာပဲလို့
လူသိရှင်ကြား ကြေငြာကြ …
အချိန်တစ်ခု ရောက်တော့လည်း
နောက်တစ်ယောက်ပြောင်းကြ…
ဒါမျိုးတွေ များနေတဲ့ လောကကြီးမှာ…။

တစ်ရက်တစ်ခါ ဖုန်းမဆက်လို့
ငိုပွဲဆင်ကြသူတွေလည်း ရှိရဲ့၊
Online ပေါ်မှာ တစ်ရက်မတွေ့ရရင်
တစ်ကမ္ဘာကြာသလို ထင်သူတွေလည်း ရှိရဲ့
မိန်းမသား ဆိုတော့လည်း
အချစ်ကို ပျော်ပျော်ကြီး ကိုးကွယ်တာပေါ့။

 “သူနဲ့ ဆိုရင်” ဆိုပြီး..
“လက်ထပ်ဖြစ်ကြရင်..” ဆိုပြီး
မျှော်လင့်ချက်တွေ… ထားချင်တိုင်းထား၊
စိတ်ကူးအိပ်မက်တွေ… ယဉ်ချင်တိုင်းယဉ်။

“အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်” လို့
တစ်ချို့ကလည်း ဆိုရဲ့။

သူကပိုချစ်တာ.. ငါကပိုချစ်တာ
ပြိုင်ချင်တိုင်းလည်း ပြိုင်ကြရဲ့၊
ချစ်သက်တမ်း အစက ပိုချစ်ခဲ့သလား..
ကြာလာမှ ပိုချစ်လာတာလား..
သဘောထားတွေလည်း ကွဲပြားကြပေါ့။

အချစ်တစ်ခုဟာ
ဘယ်နှလ၊ ဘယ်နှနှစ်၊ ဘယ်နှရာစုမှာ
သက်တမ်းကုန်မယ်ဆိုတာ
ဘယ်သူ သတ်မှတ်နိုင်ကြသလဲ။

“ယနေ့မှစ နှစ်တစ်ရာတိုင်”
ရွှေလက်တွဲသူတွေရဲ့ မှတ်တမ်းကလည်း
တောက်ပနေဆဲပဲ ဆိုပေမယ့်
ဖူးစာရေးနတ်ကလည်း
အမှားအယွင်း လုပ်မိတတ်တာပဲ။


ကောင်မလေး ရေ…
အချစ်ဆိုတာ
ရူးသွပ်စေတယ်…၊
အဲဒီ ရူးသွပ်မှုက
ဘယ်လောက်အထိ ခံမယ် ဆိုတာလည်း
ခန့်မှန်းရခက်တယ်…။

ပိုးဖလံမျိုးရဲ့ မီးကိုတိုးတတ်တဲ့ ဗီဇကို
ဘယ်မျိုးရိုးဗီဇ ပညာရှင်မှ မပြင်ဆင်နိုင်တာပဲ၊
ကောင်မလေး ရေ..
မင်းကိုလည်း ဘယ်သူမှ မတားပါဘူး…
ချစ်ချင်တဲ့အချိန်မှာ
အားရပါးရသာ ချစ်လိုက်ပါ။
မီးလျှံတွေကြား ရောက်ရင်လည်း
ဘယ်သူ့ကိုမှ မငြူစူပါနဲ့။

“လောကကြီးမှာ တည်မြဲနေတာ ဘယ်အရာမှမရှိ” လို့
ရှင်တော်ဗုဒ္ဓ ဟောခဲ့တာလည်း
အသိပဲ မဟုတ်လား…။
ကောင်မလေးရေ…
အရာရာတိုင်းဟာ မတည်မြဲဘူး ဆိုတာတော့
မှတ်သားထားလိုက်ပါ။

သိင်္ဂါကျော်
23.6.2010
2:10 PM

ပုံကို ဒီနေရာ က ယူပါတယ်။

20 comments:

ခိုင်နုငယ် said...

ကဗျာလေးကိုအရောက်လာဖတ်သွားပါတယ်။
"ပိုးဖလံမျိုးရဲ့ မီးကိုတိုးတတ်တဲ့ ဗီဇကို
ဘယ်မျိုးရိုးဗီဇ ပညာရှင်မှ မပြင်ဆင်နိုင်တာပဲ၊"
တဲ့လား။
ဟုတ်ပနှော်..

နေ၀သန် said...

း)))... အင်း... သိကြမယ်ထင်ပါတယ်.. သိရဲ့နဲ့လည်း အချစ်နဲ့တွေ့ရင် ပျော်ကျသွားကြပါတယ်.... အရေးကောင်းတယ်ဗျာ...


ခင်မင်တဲ့
နေ၀သန်

linn said...

အင်း ... အချစ်ကြောင့် ရူးတဲ့သူတွေကို ဖတ်သွားတယ် ... ဒီလိုပါပဲ ... မရှိမကောင်း ရှိမကောင်းထဲမှာ သူလဲ ပါတယ် ...
ခင်မင်စွာဖြင့်...
လင်း

ဆောင်းနှင်းရွက် said...

အချစ်ဆိုတာ လူကို ရူးသွပ်စေတဲ့ အရာတစ်မျိုး ဆိုပေမယ့် အဲ့ဒီ့ ရူးသွပ်မှု့က ဘယ်လောက်ထိ ခံမယ် ဆိုတာလည်း ခန့်မှန်းရခက်တယ် ..

ရေးထားတဲ့ ကဗျာလေး ကောင်းတယ် .. >>>

မိုးခါး said...

အဲဒါကပဲ အချစ်လားမသိဘူးနော် ..း))

ညလေး said...

ဟွန်းနော်...

blackroze said...

တကယ်တောာ့အချစ်ဆိုတာကြီးကလဲ
မရှိမကောင်းရှိမကောင်းပါဘဲလေ..

SHWE ZIN U said...

ချစ်ကြပါဗျာ ချစ်ကြပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲရူးခဲ့ဖူုးတယ်..း)
လင့်ပြန်ပြောင်းချိတ်ပေးပါဦး သိင်္ခါရေ..ေ

ကိုဇော် said...

ရူးရူး မရူးရုးပေါ့. . .
ဘဝ မကူးခင် . . .
ချစ်တဲ့ သူနဲ့တော့ . . .
လက်ထပ်ဖူးချင်တယ်။

သူကြီးမင်း (တုံးဖလား) said...

အချစ်ကြောင့် ရူးရတာက ရူးရကျိုးနပ်ပါတယ်။ အချစ်မရှိဘဲ ရူးသွားကြတာမှ သနားစရာကောင်းတာ။

ရွှေရတုမှတ်တမ်း said...

တောင်ပျံသဂျီးမင်းလဲ သနားစရာကောင်းတဲ့အထဲပါသွားမယ်နော..
ငယ်ငယ်က ရူးခဲ့ သမျှ ကြီးလာတော့ ပေါတောတောကြီး ဟု ပြန်လည်တွေးတောမိပါကြောင်း..

လသာည said...

“ကောင်မလေးရေ..
မင်းကိုလည်း ဘယ်သူမှ မတားပါဘူး…
ချစ်ချင်တဲ့အချိန်မှာ
အားရပါးရသာ ချစ်လိုက်ပါ။”

မိုက်တယ်ကွာ..
ကဗျာတွေလည်း စပ်တတ်တယ်။ စုံထောက်ဝတ္တုတွေလည်း အရေးကောင်းတယ်..။

သဒ္ဓါလှိုင်း said...

ဟုတ်တယ်..ရူးနေကြတယ်.. ရူးမှန်းသိသိကြီးနဲ့လည်း
ဆက်ပြီးရူးနေကြတယ်.. တခါတခါ အဲဒီလိုရူးရတာ
ကြီးကိုမုန်းတယ်..

ခင်တဲ့
သဒ္ဓါ

Cameron said...

အင်းနော် အဲဒီအချစ်ကတွေ့တဲ့သူတိုင်းကို ခံစားမှုပေါင်းစုံပေးတတ်တယ်နော်...။ ဒါပေမယ့်လဲ အဲဒီထဲ နစ်မျှောမနေဘဲ...သတိကလေးကပ်ပြီး ဒါဟာမတည်မြဲဘူးဆိုတာကို သိထားရမယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

Moe Myint Tane said...

လောကကြီးက လိုက်ဖက်ညီမျှမှုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်လို့ ဆိုတယ်။ အချစ်ရှိသလို အမုန်းရှိမယ်။ သစ္စာရှိခြင်းတွေ ရှိသလို သစ္စာဖောက်ဖျက်ခြင်းတွေ ရှိမယ်။ ရူးသွပ်သူတွေ ရှိသလို အချစ်ကို အတောက်ပဆုံးထွန်းလင်းသူတွေ ရှိမယ်။ ခွဲခွာသူတွေ ရှိသလို လက်တွဲကြသူတွေလဲ ရှိမယ်။ စွန့်ပစ်ခြင်းတွေ ရှိသလို ပေါင်းစည်းခြင်းတွေ ရှိမယ်။ အဲဒီလို မတည်မြဲမှုတွေကပဲ တည်မြဲလာတဲ့လောကမှာ သဘာဝနဲ့ တစ်သားတည်းကျအောင်ပဲ နေတတ်သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

TYZ said...

အချစ်တစ်ခုဟာ
ဘယ်နှလ၊ ဘယ်နှနှစ်၊ ဘယ်နှရာစုမှာ
သက်တမ်းကုန်မယ်ဆိုတာ
ဘယ်သူ သတ်မှတ်နိုင်ကြသလဲ။
ဒီအပိုဒ်လေးကို နှစ်သက်မိတယ်။ အချစ်တစ်ခုကို ဘယ်အချိန် ဘယ်အခါမှာ သက်တမ်းကုန်မယ်လို့ ဘယ်သူမှ မသတ်မှတ်နိုင်တာမှမဟုတ်ပဲလေ။ ပျော်ရွှင်ပါစေနော်။

littlebrook said...

ရူးခွင့်ရှိသေးရင်များ ရူးချင်ပါသေးတယ်

sosegado said...

အချစ်အကြောင်းမကြားရတာကြာပြီ

အင်ကြင်းသန့် said...

အချစ်ဟာ ရူးသွပ်စေတာ အမှန်ပါပဲ။ အသိတရားလေးနဲ့သာ မဆင်ခြင်မိရင် သွက်သွက်ခါသွားမလား မသိဘူး။