04 October, 2010

ကောင်မလေး အတွက် ၃

 
မင်းရဲ့နူးညံမှုနဲ့ ငြိမ်သက်မှုက

ဖမ်းစားခဲ့တာပါ၊
ငါ့ကို အံသြစေတယ်၊
ငါ့ကို စိတ်ဝင်စားစေတယ်၊

မင်းစကားတစ်ခွန်းကြားရင်ပဲ
ငါ့မှာ ပျော်ရွှင်နေတယ်၊
မင်းမျက်လွှာတစ်ချက်အပင့်ကို မျှော်တယ်၊
မင်းအပြုံးတစ်ချက်မှာ ပျော်ဝင်တယ်။

ကောင်မလေးရေ..
ငါတော့ တဖြည်းဖြည်း
အခြေအနေဆိုးတော့မယ် ထင်ရဲ့။

ခဏတာတွေ့ဆုံမှု အဆုံးသတ်ရင်
တစ်ဘဝလုံးမတွေ့တော့မယ့် ဝေးခြင်းမျိုးနဲ့
ဝေးမယ်ဆိုတာလည်း သိရက်နဲ့
သူငယ်ချင်းထက် ပိုချင်မိတယ်။

မင်းနဲ့စကားလက်ဆုံကျလို့
ငါ့နေ့ရက်တွေ လှပနေရင်
မဖြစ်နိုင်မှန်းသိရက်နဲ့
တစ်သက်လုံးအတွက် စိတ်ကူးယဉ်ချင်မိတယ်။

ကောင်မလေးရေ...
မင်းနဲ့ငါက
မတူညီမှု တံတိုင်းအထပ်ထပ်နဲ့
မတူညီတဲ့ အိပ်မက်တွေ မက်ခဲ့သူတွေပါ။
ဘာသာချင်းခြားလို့
နိုင်ငံချင်း ဝေးလွန်းနေလည်း
ရင်ကို သိမ်မွေ့စွာတိုးဝင်တဲ့
အချစ်တစ်ခုအတွက်တော့
ပြောခွင့် ရှိပါရစေ။

ကောင်မလေးရေ..
လူချင်းဝေးရင်တောင်
နှလုံးသားချင်းတော့ နီးချင်ရဲ့
မင်းကြိုးစားပေးဖို့
ငါမျှော်လင့်ခွင့်ရှိပါရစေ။

သိင်္ဂါကျော်

6 comments:

ညလေး said...

အငှားခံစားချက် ဟုတ်လောက်တော့ဘူးနော်...:P

သိင်္ဂါကျော် said...

ဒီလိုပဲ ပတ်ဝန်းကျင် အခြေအနေပေါ်မူတည်ပြီး စိတ်ကူးယဉ်ရတာပေါ့ :P

ချိုကျ said...

ကွာဟမှုတွေနဲ့ ခြားနားမှုတွေထဲက သိမ်မွေ့တဲ့ အချစ်လေးကို ဖွဲ့ထားတာ ကောင်းတယ်ဗျာ။

ခင်တဲ့(ချိုကျ)

Cameron said...

ကဗျာလေးကချစ်စရာလေး......း)

ခင်တဲ့
မိုးငွေ့

သူကြီးမင်း (တုံးဖလား) said...

အချစ်မှာ ဘာစည်းမျဉ်းမှ မရှိပါဘူး။ အချစ်အတွက် ဘာမှလဲ မလိုဘူး။ အချစ်အတွက် အချစ်ဘဲ လိုတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

အခု နောက်ပိုင်း ကိုယ်တိုင်ကများ အချစ်တွေ မီးစာကုန် ဆီခန်းများ ဖြစ်သွားလေရော့သလား။

အချစ်ကဗျာတွေ ဖတ်ရတာ သူများရေးထားတာ ကောင်းသလောက် ကိုယ်ရေးလိုက်ရင် ..ဟူး...

ဒါကြောင့် အခုလို သူများ ကဗျာကောင်းလေးတွေပဲ ဖတ်တော့မယ်။