20 October, 2010

မှားတဲ့ အိပ်မက်


သူ့ဘက်က ခံစားချက်ကို
ဘယ်လောက်ထိ စစ်သလဲဆိုတာတော့
ကိုယ်လည်း နတ်ဘုရား မဟုတ်လို့
အတိအကျ မသိနိုင်ပေဘူး...
ကိုယ့်ဘက်က ခံစားချက်ကတော့
တကယ်ကို အစစ်အမှန်ပါ
ဒါပေမယ့်
သူ ထင်သလို မဟုတ်တာတော့
ဝမ်းနည်းပါရဲ့...။

ကိုယ်က အိပ်မက် မမက်တတ်သူပါ
စိတ်ကူးယဉ်မှုဆိုတာ
စာမျက်နှာပေါ်မှာ ရှိချင်ရှိမှာပေမယ့်
ဘဝထဲကိုတော့ မထည့်တတ်တဲ့သူပေါ့။

ကိုယ့်နှလုံးသားက စကျင်ကျောက်လိုပဲလို့
ပြောချင်လည်း ပြောနိုင်ပါတယ်...
အဖြူရောင်ကို ထာဝရကိုးကွယ်ဖို့
ဆုံးဖြတ်ထားပြီးသားမို့ပါ။

သူငယ်ချင်းရေ..
မင်းအိပ်မက်က မှားနေတယ် ဆိုတာ
မပြောချင်လည်း ပြောပါရစေ...။

ငါတို့ ခင်မင်ခဲ့၊
ငါတို့ ပျော်ရွှင်ခဲ့တာ..
အစစ်အမှန်ပါပဲ၊
ငါက လူတိုင်းကို ယုံကြည်ပေးချင်သူမို့
မင်းစကားတွေလည်း
စိတ်ရင်းနဲ့ နားထောင်ပေးခဲ့ပါရဲ့။

ဒါပေမယ့်
ငါ့နှလုံးသား အဖြူရောင်က
ဘယ်သူ့ရဲ့ အရောင်ဆိုးမှုကိုမှ
မလိုချင်ခဲ့တာ အမှန်အကန်မို့
သူငယ်ချင်းရေ
မင်းလက်ခံပေးဖို့တော့ လိုလိမ့်မယ်...။


Wrong Dream

His feeling is very real or not?
I don’t know because I’m not the god…
My feeling is very real
But, I’m sorry,
It is not the thing he thought.

I’m not a dreamer…
Even though my imagination is on the pages,
I can’t bring it to my life.

You can tell
My heart is like a marble.
I’ve already decided to worship the white color all my life.

Hey friend,
Let me tell you
Your dream is wrong.

We are friendly,
We are happy,
It's the truth…
I want to believe everybody
So, I listened to your words.

However,
My white heart doesn’t want to change its color…
It is the truth friend,
So, you have to accept it.

သိင်္ဂါကျော်

(English version ကတော့ မှားနေလည်း ပြင်ပေးပေါ့နော်..။ ခရီးသွားတုန်းက ရိုက်ထားတဲ့ ပုံတွေ တင်ချင်ပေမယ့် ဒီနေ့ connection မကောင်းလို့ ကဗျာတစ်ပုဒ်ပဲ ရေးပြီး တင်လိုက်တာပါ..။ ပျင်းနေလို့ စာမရေးဖြစ်တာလည်း ကြာပါပြီ။)

10 comments:

သိင်္ဂါကျော် said...

သူများ မပြောခင် အရင် ပြောထားလိုက်ဦးမယ်..
English version က ကဗျာနဲ့ မတူဘူး.. ထောင့်ထောင့်ကြီး ဖြစ်နေတယ်.. ဟီးးး

ရီမိုးပြည့်  said...

ကဗျာလေးကို လာအားပေးသွားတယ်နော်....

အဖြူရောင်နတ်သမီး said...

ကဗျာထဲက သူငယ်ချင်းလေးတော့ “ကြွေပြီစရာ” ပဲ..

“သူငယ်ချင်း” လို့ပဲ ဆက်၍ခေါ်မည် ခိုင်....ပေါ့

အုပ်ကြီး said...

အိမ်မက် မမက်တတ်သူတစ်ယောက်
အိပ်ရေးဝမှာပါဗျာ ..

ကိုဇော် said...

Wrong Dream တဲ့လား။
လှလိုက်တဲ့ ကဗျာလေးပဲ..

blackroze said...

အိမ်မက်ကိုမမက်ချင်ဘူးလေ..
ဒါကြောင့်အိမ်မက်လှလှမက်ပါစေ..
ဆိုတဲ့ဆုတောင်းနဲ့ဝေးဝေးမှာဘဲနေတယ်

ရွှေရတုမှတ်တမ်း said...

အစစ်အမှန်ဖြစ်ကြောင်း...R ထည့်ပေးပါ

Cameron said...

ကဗျာလေး ချစ်စရာလေး....း)

blackcoffee said...

ဖြူဖြူစင်စင်လေးပဲကောင်းပါတယ်လေ...
အဖြူရောင်ကိုဆေးချယ်ပြီးရင်ပြန်ဖြူဖို့ ဆိုတာ
မဖြစ်နိုင်တော့ဘူး။

ဖိုးကြယ် said...

ငါတို့ ခင်မင်ခဲ့၊
ငါတို့ ပျော်ရွှင်ခဲ့တာ..
အစစ်အမှန်ပါပဲ၊
ငါက လူတိုင်းကို ယုံကြည်ပေးချင်သူမို့
မင်းစကားတွေလည်း
စိတ်ရင်းနဲ့ နားထောင်ပေးခဲ့ပါ ။ ဒီနေရာလေးကို နှစ်သက်မိတယ်ဗျာ ။ အားပေးလျှက်........

ခင်တဲ့(ဖိုးကြယ်)