19 January, 2011

ချယ်ရီပွင့်ချိန်


ပြင်ဦးလွင်မှာ ချယ်ရီပွင့်တဲ့ ရာသီကို ရောက်နေပြီလေ...။ ချယ်ရီပန်းတွေ ကို တဝ ကြည့်ချင်တာနဲ့ (ဓါတ်ပုံရိုက်ချင်တာလည်း ပါတာပေါ့.. :D) ကန်တော်ကြီးကို တစ်ခေါက်သွားဖြစ်ပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ ချယ်ရီ ရှုခင်းလေးတွေကို မျှဝေ လိုက်ပါတယ်...။














ဒီနေရာက ချယ်ရီပွင့်ချိန်နဲ့ ပတ်သက်တဲ့ ဟိုက္ကုကဗျာတိုလေး တစ်ပုဒ်လည်း ဘာသာပြန်ပြီး တင်လိုက်ပါတယ်။

ချယ်ရီပန်းပွင့်

လတ်ဆတ်တဲ့ ပန်းပွင့်တွေ
ကြွေကျဖို့ကို တွေးထားပုံမရ
ပိတ်ထားတဲ့ မျက်ခွံတွေနောက်မှာ
မီးခိုးငွေ့တွေ...။

သိင်္ဂါကျော်
 

12 comments:

flowerpoem said...

ချယ်ရီပန်းတွေ အရမ်းလှတာပဲ မသိင်္ဂါရေ...

Anonymous said...

ချယ်ရီတွေ လှလိုက်တာ။
တစ်ပုံလောက် ကူးယူချင်တယ်နော်၊
ကျေးဇူးတင်တယ်၊
အအေးဓါတ်တွေနဲ့ ချယ်ရီမြေကို လွမ်းနေတာမို့။

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလွန်းတဲ့ ချယ်ရီတွေ.. မြင်ရတာ လွမ်းဆွတ်ကြည်နူးမိတယ်..
သူများတိုင်းပြည်က ချယ်ရီတွေကို လှတယ်ဆိုရုံလေး ခံစားရတယ်.. ကိုယ့်ပြည်တွင်းက ချယ်ရီတွေမြင်တော့ ခံစားချက်တွေ ရောထွေးနေတယ်..
ဘာကို လွမ်းတယ် မသိ..
အဲ ကျောင်းတုန်းက မန္တလေးကနေ ပြင်ဦးလွင်ကို ဆိုင်ကယ်နဲ့တက်ကြတာ.. အပြန်ကျတော့ ကိုယ်က အနောက်မှာ ထိုင်တာ ချယ်ရီကိုင်းလေး ကို လက်ကကိုင်လို့
မန္တလေးအ၀င်ရောက်လို့ကြည့်လိုက်တော့ ချယ်ရီကိုင်းမှာ အပွင့်ဆိုလို့ တစ်ပွင့်မှ မရှိတော့ဘူး... ရိုးတံချည်းကျန်ခဲ့တယ်.. ဒါလေးတော့ သတိရမိသေးတယ်

ဝက်ဝံလေး said...

မ ရော ဇာတ်လမ်းလေးတွေလဲ မျော့နေတယ်နော့် ဟိဟိ

rose said...

ပြင်ဦးလွင် မြို့လေးက သာယာ လှပလိုက်တာ။ ချယ်ရီပန်းလေးတွေက သိပ်လှတာပဲ။ မြန်မာပြည် ပြန်ရင် ပြင်ဦးလွင်ကို အရင်ဆုံး သွားလည်ရမယ်လို့ စာရင်းတို့ထားလိုက်ပြီး)

နှင်းဟေမာ said...

ချယ်ရီတွေကိုကြည့်ပြီး မေမြို့ကို အရမ်လွမ်းသွားမိပြန်တယ် အစ်မရေ....
ချယ်ရီပန်းတွေကို ချစ်သလို မေမြို့ကချယ်ရီပန်းတွေကို အချစ်ဆုံးပါပဲး)

ကိုဇော် said...

လှလိုက်တာ. . .

ဖိုးကြယ် said...

အရင်ကတော့ မန္တလေးရောက်ရင် ကန်တော်ကြီးကို သွားဖြစ်ခဲ့တယ်...သာယာတယ်...မှစ်သက်မိတဲ့ နေရာလေးတစ်ခုပေါ့...ခုတော့ နှစ်တွေကြာနေပြီ :(
အလွမ်းပြေကြည့်ရတဲ့အတွက် ကျေးဇူး :)

ခင်တဲ့(ဖိုးကြယ်)

ဆောင်း said...

သတိရလွမ်းသွားပြီ ကိုယ့်ကျောင်းတော်ဆီ

တက်ခဲ့တဲ့တကသိုလ်ဝန်းထဲက လမ်းမကြီးတလျောက်မှာ ချယ်ရီတွေ တန်းစီပွင့်နေတာ ပန်းရောင်ခြံတန်းကြီးလို ဖြစ်နေတာ

အပင်က ၁၂ပေထက် မပိုဘူးအဆုပ်လိုက် ပွင့်နေတာလေ...

Cameron said...

ချယ်ရီပန်းလေးတွေလှလိုက်တာ ပိုစတာတွေထဲကအတိုင်းပဲ ရိုက်ထားတာ..။

PhotoVigor said...

Love these pictures.
Cheers.:)

Anonymous said...

ှုပုံကူးသွားပါသည်..

ခင်တဲ့..

မြတ်နိုး