19 October, 2011

ဇုံအပြင်ဘက်သို့ လှမ်းကြည့်ခြင်း


နေရောင်ကိုက နွေးထွေးနေခဲ့တာ
ချစ်သောသူများ ရှိရာမို့ပါ၊
အမြဲ လက်ဖြန့်တောင်းလို့ရတဲ့
အမေရင်ခွင်လည်း လက်လှမ်းမီတယ်၊
အေးအတူ ပူအမျှ မျှဝေနေကျ
သူငယ်ချင်းတွေလည်း အနီးအနားရှိတယ်၊
ကိုယ့်ကိုယ်ကို လုံခြုံနေတယ် ထင်ရတဲ့ စိတ်နဲ့
နေသာသလို နေနေတဲ့ ဇုံထဲက
အပြင်ထွက်ဖို့ မစဉ်းစားချင်ခဲ့သူပေါ့။

တစ်လှမ်း ထွက်လိုက်တာနဲ့
မသိနားမလည်မှုတွေက
ကိုယ့်ကိုယ်ကို သိမ်ငယ်စေမယ်၊
ပုံမှန် နေထိုင်နေသူတွေ အပေါ်လည်း
ကိုယ့်ကို စိမ်းကားနေတယ် ခံစားချက်မျိုးနဲ့
တွေးရင်း တွေးရင်း
ဇုံအပြင်ကို လှမ်းထွက်ဖို့ ဝန်လေးနေသူပေါ့။

နေထိုင် ရှင်သန်မှု အစ အဆုံး
အားလုံးပဲ ကိုယ့်အားကိုယ်ကိုး ရလိမ့်မယ်
အပြင်မှာ မိုးတွေ ရွာနေသလို
အေးစက် စိုစွတ်တဲ့ ခံစားမှုတွေ ထွေးပိုက်ရင်း
အိမ်ပြန်မယ့် နေ့ကို စောင့်စား နေရလိမ့်မယ်။

အဲဒီ ဇုံအပြင်မှာ
ဖော်ရွေစွာ ကြိုဆိုကြရင်တောင်
အားလုံးက သူစိမ်းတွေပဲ ဖြစ်ရဲ့။
ကိုယ့်မိခင်ဘာသာစကားနဲ့တောင်
စကားစမြည် ပြောဖော် မရှိမယ့် နေရာတဲ့၊
အထီးကျန်မှုကို မကြောက်ရွံဘူး ပြောဖူးတဲ့သူတောင်
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မတဲ့လဲ။

ဘယ်တော့မှ မသုံးဖူးတဲ့
သတ္တိတွေ ထုတ်သုံးလိုက်ပါ၊
ကိုယ့်လုပ်ဆောင်နိုင်စွမ်း ကိုယ်
ယုံကြည်နေရင်းနဲ့ပဲ
နေသာသလို မနေရတော့မှာ စိုးရိမ်စိတ်နဲ့
ရုံးကန်လှုပ်ရှားဖို့ အားအင်မပြည့်မှာ စိုးရိမ်စိတ်နဲ့
အဲဒီ ဇုံအပြင်ဘက်ကို
လှမ်းကြည့်ရင်း တွေဝေနေသူပေါ့။

သိင်္ဂါကျော်


(နောက်လမှာ သင်တန်းတစ်ခု တက်ဖို့ရှိလို့ အိမ်ကိုလည်း တစ်ပတ်ပြန်မယ်၊ လုပ်စရာလေးတွေလည်း ရှိနေလို့ ဘလော့ကို ပစ်ထားပါဦးမယ်နော်။ ရေးလက်စ ဝတ္တုလေး ပြီးရင်တော့ သင်တန်းမသွားခင် တင်လိုက်ပါဦးမယ်။ မဟုတ်ရင်တော့ နေရာသစ်မှာ stable ဖြစ်မှပဲ ဘလော့ပေါ် ပြန်လာဖြစ်မယ် ထင်ပါတယ်။)

17 comments:

စံပယ်ချို said...

အစ
အလယ်
အဆုံးထိအောင်စာသားလေးတွေကြိုက်တယ်
ရေခြားမြေခြားရောက်နေသူတစ်ယောက်ရဲ့
ခံစားချက်တွေက ကွက်တိပဲ
ခင်မင်တဲ့ jasmine

Cameron said...

မတွေ့တာကြာပြီ နေကောင်းလား မသိဂါင်္...။ ကဗျာလေးကိုခံစားသွားတယ်...။

ညီရဲ said...

အိမ်ပြန်ချိန်တွေကို ခဏမေ့ထားတယ်...
တွေးမိတိုင်း အိမ်ကို လွမ်းလို့ ...

မဒမ်ကိုး said...

အင်း မမရေ ပြောချင်တာတွေကွက်တိဖြစ်နေတာ
ဘယ်ကိုလစ်ဦးမလို့လဲ အဲလောက်အကြာကြီးပစ်မထားပါနဲ့မမရယ်
မျှော်နေပါ့မယ်

ညီမ

မဒိုးကန်

မြသွေးနီ said...

စာတွေကို ဆိုက်မှာ မတင်နိုင်သေးလည်း အပြင်မှာ ချရေးထားပေါ့နော်..။ တင်နိုင်ချိန်ကြရင် ဆက်တိုက်သာ တင်ပစ်ပေါ့..။ သင်တန်းမှာ အစစအဆင်ပြေပါစေညီမရေ..။

jr said...

မသိဂါင်္ရေ.. ခုတော့လဲ အေးမြ ငြိမ်းချမ်းတဲ့ comfort zone လေးက အဝေးမှာ အိပ်မောကျလို့ရယ်။

mstint said...

ပျောက်နေလိုက်တာ သိင်္ဂါရေ။ တွေ့မဲ့တွေ့တော့လည်း ကဗျာကောင်းလေးတစ်ပုဒ်နဲ့အတူ ရောက်လာပါလား။
အဆင်ပြေတဲ့အခါမှာတင်မည့် စာလေးတွေကို အားပေးနေမယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ပြန်လာရင်တာ အကြောင်းကြားလိုက်ပါ
ခင်မင်လျှက်။

နွေတေးရှင် said...

အမကြီး........
ပိုစ့်တွေ တက်မလာတာ ကြာပါပေါ့
တက်လာတော့လည်း ပစ်ပြေးအုံးမယ်တဲ့။

ဒီလိုပဲပေါ့ဗျာ တိုးတက်ရာ တိုးတက်ကြောင်းကို
လုပ်ဆောင်နေရတာပဲ မဟုတ်လား ကြိုးစားပါဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

သင်တန်းအသစ်ရဲ့ နေရာသစ်မှာ အစစအဆင်ပြေပါစေ သိင်္ဂါ။
တစိမ်းတွေရှိတဲ့အရပ်ဟာ ဘယ်လောက်ဘဲ တိုးတက် ကောင်းမွန်နေပေမဲ့ ချစ်ခင်ရသူတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ဝေးတဲ့အရပ်မို့ နေပျော်ချင်စရာလို့ မမြင်မိပါဘူး
ဟုတ်တယ်နော်

မိုးမြင့်တိမ် said...

ပတ်ဝန်းကျင်သစ် နေရာသစ်မှာ အစစအရာရာအဆင်ပြေ ချောမွေ့ပါစေဗျာ။

မိုးမြင့်တိမ်

kokoseinygn said...

ကဗျာတစ်ပုဒ်လုံးနှစ်သက်မိပါတယ်..
ပထမဆုံးစာပိုဒ်က အရမ်းထိမိတယ်
အိမ်ကိုတပါတ်ပြန်ရင်အောက်မေ့
တမ်းတမိတာအားလုံး မမေ့လျော့ဘဲ
လုပ်ဖြစ်အောင်လုပ်ခဲ့ပါဗျာ...
နေရာသစ်မှာ...အဆင်ပြေဖို့အတွက်
ဆုတောင်းပေးပါတယ်။

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားရင်း သင်တန်းသစ် နေရာသစ်မှာ အဆင်ပြေချောမွေ့ပါစေ မမ...

Anonymous said...

အထီးကျန်မှု ၊ ကိုယ့်ကိုယ်ကို စိုးရိမ်မှုလေးတွေဖြစ်လာရင် အားပေးဖို့ သူငယ်ချင်းကောင်းလိုအပ်တယ်။

ပြန်လာရင် တဝကြီးဖတ်ရဖို့မျှော်လင့်ပါတယ်နော်။ အစစအရာရာ အဆင်ပြေပါစေ။

ခင်တဲ့
မေသိမ့်

ကိုဇော် said...

တကယ်ရော ကျနော်တို့ ဇုံ ထဲကနေ ဇုံပြင်ကို လှမ်းထွက်ဖို့ နေနေသာသာ လှမ်းတောင်မှ ကြည့်မိရဲ့လား လို့ ပြန်သုံးသပ်မိတယ်။

Anonymous said...

အခုမှလာဖတ်ဖြစ်တယ်ဗျာ့
ပျော်ရွှင်စရာအိမ်ပြန်လမ်းလေးဖြစ်ပါစေ
မြန်မြန်ဘလော့ပြန်ဂင်းပါး)

မောင်ဘကြိုင်

Anonymous said...

နေကောင်းအဆင်ပြေပါရဲ့လားရှင့်။
ပို့စ်တွေ မျှော်နေပါတယ်။း)

jr