နိုးထတော့လေ
တစ်နေ့တာက မင်းကို ခေါ်နေပြီ
မင်းရဲ့ ဘဝဆီ..
မင်းရဲ့ တာဝန်ဝတ္တရားတွေဆီ..
မင်းရဲ့ ရှင်သန်မှုဆီ..
ဒီထက် ဘာမှ မပိုပါဘူး။
မင်း ကိုယ်ပေါ် ဖုံးလွှမ်းထားတဲ့
ဝမ်းနည်းမှု၊ ညနဲ့ အမှောင်ထု
အဲဒီကြားက တိုးထွက်လာတဲ့ ရေသောက်မြစ်
အရုဏ်ရဲ့ အလင်းကို ငံ့လင့်နေ..။
ထရပ်လိုက်ပါတော့
ရိုးစင်းမှုဆီ တစ်ဖြောင့်တန်းသွားပုံက
သန့်စင်တဲ့ အပျိုစင်ရဲ့ သေးသွယ်တဲ့ ခန္ဓာလို
ဖြစ်စေမယ်။
မင်းရဲ့ သတ္တုလို ခန္ဓာကို စမ်းသပ်လိုက်..
အေးစက်သလား
ပူလောင်သလား...
မင်းရဲ့ သွေးက ပြောလိမ့်မယ်
နှင်းတွေရဲ့ ဆန့်ကျင်ဘက်ဆီ
ဒါမှမဟုတ်
ပြတင်းပေါက်ရဲ့ နောက်ဘက်ဆီ။
မင်း ပါးပြင်ရဲ့ အသွေးအရောင်က
ပြောလိမ့်မယ်။
လူတွေကိုသာ ကြည့်လိုက်ပါ၊
မင်းရဲ့ ပြည့်စုံမှုကို
နောက်တစ်နေ့ထဲ ပေါင်းထည့်တာထက်
ထပ်ပြီး ဘာမှမလို။
မင်းရဲ့ အလုပ်က
မင်းဘဝကို မြင့်မြင့်မားမား ပို့ဆောင်ဖို့
ဒါနဲ့ပဲ ကစား၊
ဒါကိုပဲ အားကြီးကြီးနဲ့ ပစ်လွှတ်လိုက်
တိမ်တွေဆီ ရောက်မယ့် အသံတစ်ခုလိုမျိုးလေ။
ဒါဆိုရင်တော့
တို့ဆီက ထွက်သွားပြီးသား
အလင်းရောင်ကို ပြန်ထုတ်ယူနိုင်မယ်။
ဒါ ကြိုတင်သတ်မှတ်ပြီးသား ကံကြမ္မာပဲ
ရှင်သန် နေထိုင်ဖို့...
ဘာမှ လုပ်စရာမလိုပါဘူး၊
မင်း အလုပ်က မင်းပဲ
ဒါထက် ဘာမှ မပိုပါဘူး။
သိင်္ဂါကျော်
Wake Up. Day calls you by Pedro Salinas (1891-1951)
English translation by Willis Barnstone
10 comments:
ခေါင်းစဉ်ကတော့ ကြောက်ချာကြီး
အောက်ကစာသားတွေကတော့ ကောင်းပါတယ်
မမရေ ကဗျာလေး ခံစားအားပေးလျှက် ကောင်းသောနေ့လေး ဖြစ်ပါစေမမ။
တော်တော်လှတယ်။
မာန်ပါတဲ့ ကဗျာလေးဘဲ..
ဖတ်ရတာ ရင်ထဲ နွေးသွားသလိုဘဲ
ကဗျာလာဖတ်တယ် ဗျို့၊ နေကောင်းပါစ ...
နေရဲ့ခေါ်သံနောက်မှာ တာဝန်တွေ အများကြီးရှိတာကို သတိပြုမိတယ်။
ထရပ်လိုက်တော့မယ်။ တောင်ဝှေးသွားယူချေ :P
နောက်ဆုံးအပိုဒ်ဖြစ်တဲ့
ရှင်သန်နေထိုင်ဖို့
ဘာမှ လုပ်စရာမလိုပါဘူး...
မင်းအလုပ်က မင်းပဲ
ဒါထက် ဘာမှ မပိုပါဘူး..
ဆိုတာကို အတော်လေး တွေးယူသွားတယ်.....
မာနတွေနဲ့ပြည့်နှက်နေတဲ့ကဗျာလေးတစ်ပုဒ်လို့ထင်တာပဲ.. မညာတမ်းပြောရရင်သုံးခေါက်တိတိဖတ်ပြီးမှ ခုလိုမန့်လိုက်တာပါ..။ လေးစားစွာဖြင့်(ချင်းကလေး)
ကဗျာလေး လာဖတ်ပါတယ်။
Post a Comment