20 May, 2011

နှင်းဆီမိုး


မင်း နှင်းဆီတွေကို ချစ်တယ်နော်
ငါလည်း အတူတူပဲ
ငါဆန္ဒပြုမိတယ်...
ကောင်းကင်ကနေ
နှင်းဆီ ခြုံကို လှုပ်ခါ ချလိုက်သလို
နှင်းဆီမိုးတွေ ရွာချစေဖို့...
ဘာကြောင့် မဖြစ်နိုင်ရမှာလဲ...။
အဲဒီနောက်တော့
တောင်ကြား တစ်ခုလုံး
ပန်းရောင် နဲ့ အဖြူရောင်တွေ ဖုံးလွှမ်း
အဲဒီအပေါ် ဖွဖွလေး နင်းလျှောက်..
နှင်းဆီတွေ
ငှက်တောင်မွှေးတွေလို ပေါ့ပေါ့ပါးပါး လွင့်ကျ
ချိုမြမြ မွှေးရနံ့ တွေနဲ့..
တစ်ချိန်တည်းမှာပဲ
အိပ်ပျော်နေသလိုလို...
နိုးနေသလိုလို...
ခံစားမိစေမယ်လေ...။


သိင်္ဂါကျော်

Roses by George Eliot (1819-1880)


8 comments:

Cameron said...

ကဗျာခေါင်းစဉ်လေးလှတယ်....


ခင်တဲ့
မိုးငွေ့

Angelhlaing(May everybody be happy and healthy! said...

ကဗျာတပုဒ်လုံး နှင်းဆီရနံ့လေးတွေ သင်းကြိုင်လျှက်..:):)

ကိုဇော် said...

ဒီကဗျာလေးက အတော် အသက်ဝင်တယ်။

rose said...

ကဗျာလေးက လှလိုက်တာ။ နူးညံ့သိမ်မွေ့တဲ့ ခံစားမှုမျိုး......

ဗညားရှိန် said...

တောင်ကြားတစ်ခုလုံ
ပန်းရောင်နဲ့ အဖြူရောင်တွေ ဖုံးလွှမ်း
အဲဒီပေါ် ဖွဖွလေး နင်းလျောက်

သိပ်ပြီးတော့ နုညံ့သိမ်မွေ့လှတဲ့ ကဗျာလေး
ရင်တစ်ခုလုံးကို အေးမြစေတယ်

ခင်မင်လျှက်
ဗညားရှိန်

ဆူးသစ် said...

ကျွန်တော်က ကဗျာဆရာဘ၀ကိုပိုနှစ်ခြိုက်သူပါ။ အဲဒီလို ကဗျာလေးတွေ ဖတ်ရရင် တော်တော်လေးကြည်နူးမိတယ်။ အဲဒီ နှင်းဆီမိုးရွာရင် တလောကလုံး မွှေးနေမယ်ထင်တယ်နော်။ စိတ်ကူးကောင်းတယ်ဗျ။ တော်တော် ခံစားတတ်ပုံပဲ။

လသာည said...

နှင်းဆီကြိုက်တဲ့ နှင်းဆီမလေး..
စပ်ထားတဲ့ ကဗျာလေးဖတ်ရင်း
နှင်းဆီရနံ့တွေ သင်းပျံလာသလိုပဲ..

ရွှေပြည်သူ (ShwePyiThu) said...

နှင်းဆီတအားကြိုက်တော့ ဒီကဗျာလေးကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်မိပါတယ်... နှင်းဆီရနံ့တွေတောင် ရလိုက်သလိုပဲ...