21 February, 2012

ရပ်တန့်နေတဲ့ နေ့တွေ


သွားတော့ သွားနေပါရဲ့
ရောက်ကို မရောက်နိုင်တာ...။

ဦးနှောက်ထဲမှာလည်း
သုံးလို့ စားလို့ ရတာ တစ်ခုမှ ထွက်မလာအောင်
အသုံးမကျတာတွေပဲ ပြည့်နှက်နေသလား။
Intel ရေ
ငါ့ ဦးနှောက်ကို
မြန်မြန် မှန်မှန် process လုပ်ဖို့
processor တစ်ခု လောက် ထွင်ပေးပါဦး။

ငါ့ကိုယ်ငါ မတော်မှန်းလည်း သိပါရဲ့
မပြည့်စုံမှုထဲက ပျော်ရွှင်မှုကို ရှာရင်းနဲ့
ပျင်းပျင်း လာသလား...
အိပ်မက်တောင် မမက်ချင်လောက်အောင်
ပျင်းနေသူ ဖြစ်မှန်းမသိ ဖြစ်နေပေါ့။

ကြီးကြီးကျယ်ကျယ် ပြောဖို့တောင်
ခါတိုင်းလို စကားလုံးတွေ မရှာချင်တော့ဘူး။
ဘယ်အရာကိုမှ သိမ်းပိုက်မထားပါပဲ
နှလုံးသားလည်း အမှိုက်တွေ ပြည့်နေဆဲ။

အစ တစ်ခု စ စ ပြီး
အဆုံးမသတ်ချင်တဲ့ အကျင့်ဆိုးတွေ
မကောင်းမှန်းသိရက် အဖယ်ခက် နေတုန်းပေါ့။

ငါ့ရဲ့ guardian angel လေး ရေ..
ငါ့ရဲ့ ခြေလှမ်းတွေ တည့်မတ်ပေးဖို့
နင်ကိုယ်တိုင်တောင် ပျင်းနေပြီလား..။

ဘာပဲဖြစ်ဖြစ်ပါ
ငါက ရပ်နေလိုသူ မဟုတ်ဘူး
သွားတော့ သွားနေတာပါပဲ
ရောက်ကို မရောက်နိုင်တာ...။

သိင်္ဂါကျော်


(ဘာရယ် မဟုတ်ပါဘူး... ရုံးမှာ ပျင်းပျင်းနဲ့ ပြန်ကာနီး ရေးတဲ့ ကဗျာ။ ကိုယ့်ကိုယ့်ကို အားမရလို့ ရေးဖြစ်တဲ့ ကဗျာပါ။)
 

14 comments:

ချစ်စံအိမ် said...

ပျင်းပျင်းနဲ့ ရေးလို့ပဲနော် ရသမြှောက်ပါတယ်
အားပေးခဲ့တယ်နော်

AH said...

ဥုံဖွ.... အပျင်းတွေ ပျောက်.... ကဗျာရောက်စေ.... :)

မဒမ်ကိုး said...

တနေ့တလံပုဂံဘယ်ရွေ့ပေါ့မကြီးရယ် ဖြစ်လာမှာပါး))

ချစ်တဲ့

ဒိုးကန်

Anonymous said...

အမြဲပျင်းနေပါစေပြောရမလို
း) ကဗျာတွေဖြစ်လာအောင်


မောင်ဘကြိုင်

နေ၀သန် said...

ကြိုက်တယ်.. ကိုယ်နဲ့တူလို့လားမသိဘူး.. သွားတော့သွားနေတယ်.. ရောက်ကိုမရောက်ဘူး...း))


ခင်မင်လျက်
နေ၀သန်

Anonymous said...

ဟုတ်ပါရဲ့..
ဂျူကတော့ သွားတော့ သွားနေတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်းမသိတာ မသိဂါင်္.. :D

ခင်မင်လျှက်
ဂျူ

Cameron said...

ပျင်းပျင်းနဲ့ရေးတဲ့ ကဗျာကလဲ ကဗျာဝိညာဉ်တွေအပြည့်နဲ့ပါလား....။

စံပယ်ချို said...

ပျင်းလို့ရေးတဲ့ကဗျာ ကစာသားတွေလန်းနေဆဲပါပဲရှင်
ချစ်တဲ့ sis jasmine

ဟန်ကြည် said...

ွှThe ants အဖွဲ့ရဲ့ ငပျင်းသီချင်းတောင် သွားသတိရမိတယ်...ဘာတဲ့ ငါ့မှာ ပျင်းရမှာတောင် ပျင်း ဆိုလား...

Anonymous said...

ကိုယ်လည်း ဒီလို theme လေး ရေးချင်နေခဲ့တာ
မရေးတတ်ပဲ ဖြစ်နေလို့။

ထော်ဦး said...

အောင်မလေး မမကျော်တို့ 
အနုပညာရှင်ပီသပါပေရဲ့ ...
ကျွန်တော်ဆို ကဗျာတစ်ပုဒ်ထွက်လာဖို့ အရေး
တော်တော်ခဲယဉ်းသား...
အမြတမ်း အနုပညာဈာဉ်ဝင်စားနိုင်ပါစေလို့ 
ဆုမွန်ကောင်းတောင်းရင်း...
ထော်ဦး

လရိပ်အိမ် said...

ရောက်တော့ရောက်ခါနီးနေပြီမဟုတ်လား

ပန်းချီ said...

ဒီမှာလည်း ရောက်ကိုမရောက်နိုင်တာ အစ်မရေးD ပျင်းပျင်းနဲ့ရေးတဲ့ကဗျာတောင် ဒီလောက်ရသမြောက်နေတာ...း)

မြသွေးနီ said...

ကဗျာလေးက ကိုယ်ရဲ့ ခံစားချက်နဲ့လဲ တိုက်ဆိုင်နေတယ် ညီမရေ...။
ရပ်တန့်နေတဲ့ နေ့ရက်တွေ များနေပြီ..။