14 February, 2012

ချစ်ခြင်း အတူညီ (Be My Valentine)


မင်းကို စတွေ့ကတည်းက
ကိုယ့်အတွက်ပဲရယ်လို့
စိတ်ပိုင်းဖြတ် ခဲ့ပါရဲ့
ကောင်မလေး ရေ..
ကိုယ့်ချစ်ခြင်း တန်ခိုးနဲ့ပဲ
မင်း ချစ်ခြင်းတွေကို
မျှားယူနိုင်ခဲ့ပါရဲ့။
ကိုယ့်အိပ်မက်တွေ အသက်ဝင်လာအောင်
မင်းပဲ ဖြည့်ဆည်းပေးခဲ့တာပါ။

ပထမဆုံး
ချစ်ခြင်း ထပ်တူညီတဲ့နေ့က
ကိုယ်ပေးခဲ့တဲ့ နှင်းဆီတစ်ပွင့်ကို
Perfect Rose ရယ်လို့
မင်းက တင်စားခဲ့လေတယ်။

ကောင်မလေးရေ..
ငါ့ဘဝထဲ မင်းကို ပို့ဆောင်ခဲ့တဲ့
တန်ခိုးတော်ရှင်တွေ ကို
ကျေးဇူးအခါခါ တင်မိပါရဲ့။
ကောင်းကင်တွေ
အပြာရောင် မပြောင်းသရွေ့တော့
ကျွန်တော် သူ့ကို ချစ်နေမှာပါ လို့
တစ်လောကလုံး ကြားအောင်
ကတိပေးနိုင်ပါရဲ့။

မင်းဟာ ကိုယ့်ရဲ့ Valentine ပါ
Valentine နေ့တိုင်း ပို့ခဲ့တဲ့
ကိုယ့်ရဲ့ နှင်းဆီတွေ အမြဲတမ်း
မလန်းဆန်း မမွှေးပျံ နိုင်ပေမယ့်
Valentine နေ့တိုင်း ပို့ခဲ့တဲ့
မင်းရဲ့ ချောကလက်တွေ
အမြဲတမ်း ရသာချိုမနေနိုင်ပေမယ့်
တို့ရဲ့ရင်ထဲ တစ်ထပ်တည်းကျနေတဲ့အရာ
ဒီအချစ်တစ်ခုကတော့
မပြောင်းမလဲ တည်တံနေမှာ...။

အပြင်ဘက်မှာ
မိုးတွေပဲ သည်းသည်း..
နေတွေပဲ ပြင်းပြင်း..
နှင်းတွေ ခြုံလို့ပဲ
အဖြူရောင် ကမ္ဗလာဖြစ်ဖြစ်
တို့အသည်းနှလုံးရဲ့ နီးစပ်ခြင်းကိုတော့
ဘယ်အရာကမှ မတားနိုင်။
ခါတိုင်းထက်ပိုတဲ့ အဓိပ္ပါယ်ရှိသောနေ့..
တို့ရဲ့ ချစ်သော Valentine မှာ
သစ္စာအနားကွပ်တဲ့ ချစ်ခြင်းရဲ့ ကတိတွေနဲ့
ထာဝရ လှပစေမယ်။

သိင်္ဂါကျော်

(ချစ်တတ်သူ များအတွက်.. Valentine's Day အမှတ်တရ)

12 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သိင်္ဂါရေ..
သိင်္ဂါအတွက်လည်း ပျော်ရွှင်သော ၊ အဓိပ္ပါယ်ရှိသော၊ ကြည်နူးဖွယ် ဗယ်လင်တိုင်းဒေးဖြစ်ပါစေနော်။

မဒမ်ကိုး said...

ချစ်တတ်သူတိုင်းပျော်ရွှင်နိုင်ကြတဲ့ချစ်သူများနေ့လေးဖြစ်ပါစေ ...

ချစ်တဲ့

မဒိုးကန်

AH said...

ဗယ်လင်တိုင်းနေ့လေးမှာ ပျော်ရွှင်ပါစေ ခင်ဗျာ...

ဝေဖြိုးဟန်(အင်းစိန်) said...

ပျော်ရွှင်သော Valentine နေ့လေး ဖြစ်ပါစေ ခင်ဗျာ။ ကဗျာကောင်းလေးကို ခံစားသွားပါတယ်။

ခင်မင်စွာဖြင့်
အပါ....

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အမြဲဗလင်တိုင်းနေ့ဖြစ်ပါစေ...

အင်ကြင်းသန့် said...

ဗယ်လင်တိုင်းနေ့မှာ မသိင်္ဂါရဲ့ ဗယ်လင်တိုင်းကဗျာလေးကို လာခံစားသွားတယ်..။

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ ကဗျာလေး ခံစားရင်း ပျော်ရွင်ဖွယ် ချစ်သူများနေ့လေးဖြစ်ပါစေ မမရေ....

မြသွေးနီ said...

ကောင်မလေးရေ...ဆို ရေးထားတော့..
ကောင်မလေးအတွက် ကောင်လေးက
ရေးပေးတာပေါ့..။ ချစ်စရာ ကဗျာလေးတစ်ပုဒ်။
ပျော်ရွှင်ဖွယ် ဗယ်လင်တိုင်းဖြစ်ပါစေ.....။

ဘိုဖြူ said...

ချစ်သူများနေ့မှ အချစ်ကဗျာလာရောက်ဖတ်ခဲ့ပါတယ်ဗျာ

ခရစ္စတလ် said...

ချစ်ခြင်းကို မြတ်နိုးတတ်သူမို့ ကဗျာကို ဖတ်ရှုခံစားသွားပါတယ် :)

ထော်ဦး said...

အစ်မကျော်ရေ...
teenမှာဆုံဖူးလို့  နောက်တစ်ခေါက် အလည်ရောက်လာပါတယ်
ချစ်ရတဲ့သူတွေနဲ့  ပျော်ရွှင်တဲ့ဘ၀ကို
တူနှစ်ကိုယ် ဖြတ်ကျော်နိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းရင်း...
ထော်ဦး

Anonymous said...

မသိဂါၤေရ..
နည်းတော့နောက်ကျနေပေမယ့် နှုတ်ဆက်ပါရစေနော် ..
Happy belated Valentine ပါ ..း)

ဂျူ