27 March, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၁

စာမရေးဖြစ်တာလည်း အတော်ကြာသွားပါတယ်..။ လောလောဆယ်လည်း မရေးနိုင်သေးတာမို့ ဘလော့ကို ပစ်ထားရာမကျအောင် ရိုက်ခဲ့သမျှ ပုံလေးတွေ တင်လိုက်ပါတယ်။

Netherland က Groningen မြို့လေးကို ရောက်ကတည်းက လျှောက်ထားတဲ့ resident permit က တလောကမှ (ရောက်တာ သုံးလကျော်လောက် ရှိမှ) ကျလာတာမို့ Dutch Immigration and Naturalisation Service (IND) ရှိတဲ့ တစ်ခြားမြို့ကို သွားယူခဲ့ရပါတယ်။ Groningen ကနေ ရထားနဲ့ ၁ နာရီခွဲလောက် သွားရတဲ့ Zwolle မြို့ပါ။ သွားတဲ့ နေ့က နေသာမယ်လို့ မျှော်လင့်ထားပေမယ့် တစ်နေကုန် တိမ်ထူနေလို့ ဓါတ်ပုံတွေလည်း သိပ်မကောင်းခဲ့ပါဘူး။ ဒီအနီးအနား မြို့တွေမှာတော့ ရှေးကျတဲ့ Church ကျောင်းတွေ၊ နာရီစင်တွေကပဲ တစ်မျိုးတစ်ဖုံ ပုံစံတွေနဲ့ အဲဒီမြို့တွေရဲ့ Tourist attraction နေရာတွေ ဖြစ်နေပါတယ်။ Zwolle မြို့ထဲမှာ လျှောက်သွားပြီး ရိုက်ခဲ့တဲ့ ပုံတစ်ချို့ပါ။

ECO Drome (amusement park and zoo) က အဲဒီနေ့က ပိတ်တယ် ဆိုတာနဲ့ အထဲကိုတော့ မဝင်ခဲ့ရပါဘူး။




   Sassenpoort






   The Pepperbus


    Zwolle Station

အောက်က ပုံတွေကတော့ Groningen မြို့နယ်ထဲမှာ ရှိတဲ့ Slochteren ရွာက Fraeylemaborg ဆိုတဲ့ အဆောက်အအုံပါ။ Groningen Central Station ကနေ bus ကားစီးသွားရင် ၄၅ မိနစ်လောက် စီးရပါတယ်။




 



Fraeylemaborg ကအပြန် ကားစောင့်တဲ့ နေရာနားမှာ ရိုက်လာတာတွေပါ။

သိင်္ဂါကျော်

8 comments:

ချစ်စံအိမ် said...

ပုံတွေလာကြည့်သွားပါတယ်...
ရှေ့ဟောင်းပုံတွေပဲနော်..
ကြိုက်တယ်..:)

စံပယ်ချို said...

တိမ်ထူနေတဲ့အချိန်မှာရိုက်ခဲ့တာဆိုပေမယ့်လဲ
အရမ်းကိုကြည့်ကောင်းနေပါတယ် ဘုရားကျောင်းပုံလေးကလဲ ရှင်းနေတာပါပဲ ကြည့်ရတဲ့
အဆောက်အဦးနဲ့ ရှုခင်းတွေက လိုက်ဖက်တယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ပုံလေးတွေကို လာကြည့်သွားပါတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

ထော်ဦး said...

အလည်လာပါတယ်အစ်မရေ...
ဓာတ်ပုံလေးတွေ အလစ်သုတ်သွားပါကြောင်း..
စာဆက်လက် ထုဆစ်နိုင်ပါစေကြောင်း..
ထော်ဦး

kokoseinygn said...

ပုံတွေကောင်းတယ်
ေ၇ှးဟောင်းအငွေ့အသက်တွေက
စိတ်ကိုတစ်မျိုးဖြစ်စေတယ်။
အခုလိုနေရာဒေသတွေက
လွမ်းတတ်သူတွေကိုဝေဒနာ
တစ်မျိုးတိုးစေတယ်။

ညီရဲ said...

ဓာတ်ပုံ ရိုက်ချက်တွေ ကောင်းသလို... အဆောက်အဦးတွေကလဲ အံမခန်းဘဲ... ရှုစားအားပေးသွားပါတယ်ဗျာ...

jr.lwinoo said...

ဟုတ်တယ် ..
Wall Paper အကြီးကြီးထဲက ပုံမျိုးတွေ။
Fraeylemaborg ကို တော်တော် သဘောကျမိ ..

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေ အရမ်းကြိုက်တယ်..ရိုက်ချက်တွေကလဲ အရမ်းကောင်းတယ်