16 March, 2012

အညတြ အထီးကျန်ကြယ်


ကြယ်ကလေး တစ်လုံး
တိတ်တိတ်ဆိတ်ဆိတ် လင်းနေတယ်
ဟိုအဝေး ကောင်းကင်ယံမှာ။
လ သာခြင်း မသာခြင်း ရော၊
ကြယ်စုတွေ စကားတီးတိုးဆိုတာ မဆိုတာရော၊
သူနဲ့ မဆိုင်သလိုပ။
ဣနြေ္ဒကြီးတစ်ခွဲသားနဲ့
အထီးမကျန်ချင်ယောင်လို့။
တိမ်တစ်စကို တိတ်တခိုး စွဲလမ်းဖူးတာ
သူမဟုတ်သလို။
ဖြတ်လျှောက်ဖူးတဲ့ နတ်သားတစ်ပါးကို
မျှော်နေခဲ့ဖူးတာ သူမဟုတ်သလို။

ကြယ်ကလေး တစ်လုံး
သူကိုယ်တိုင် လောင်ကျွမ်းမှုကို မေ့လျော့လို့
အဝေးက ကြယ်ကလေးတွေရဲ့
လောင်ကျွမ်း ကြွေကျမှုကို သနားချင်ယောင်ဆောင်လို့။

ကြယ်ကလေး တစ်လုံး
သူ့ကိုယ်သူတော့
လောကကြီးကို အလင်းပေးနေတယ်လို့ အထင်တကြီးနဲ့
တကယ်တမ်းတော့လည်း
သူ့တည်ရှိမှုကို ဘယ်သူကမှ အထူးတလည်ဂရုပြုမနေ။

ကြယ်ကလေး တစ်လုံး
ဟိုအဝေး ကောင်းကင်ယံမှာ
မကြွေမချင်းတော့ လင်းနေဦးမယ်။

သိင်္ဂါကျော်

16 comments:

ချစ်စံအိမ် said...

စိတ်ကူးဆန်လေးပဲ ကဗျာကောင်းလေးပါ

အင်ကြင်းသန့် said...

လင်းလိုက်စမ်းပါ ကြယ်ကလေးရယ်.... :)

Cameron said...

ကဗျာလေးကို လာခံစားသွားတယ် ....။

ကြယ်ချစ်သူ
မိုးငွေ့

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးအရမ်းကောင်းတယ်
သူများတွေ ရေးတတ်လိုက်တာ အားကျပါဘိ

ဟန်ကြည် said...

“ ဟိုအဝေး မိုးမြင့်ထက်မှာကွယ်
လင်းတစ်ခါ မှိန်တစ်လှည့်ရယ်...
ကြယ်ကလေး ပြိုးပျက်လက်နေတယ်...
စကြ၀ဠာအတွင်းဝယ်...

ဟေ့ငွေကြယ်...အားငယ်နေသလားကွယ်
ကိုယ်လည်း မင်းဘ၀နှယ်...
တစ်ယောက်တည်း ထွန်းပတဲ့ခါဝယ်
အရောင်ပိုကဲ ထွန်းလက်တောက်ပသေးတယ်...
လင်းလိုက်စမ်းပါကြယ်ကလေးရယ်...”

ကဗျာဖတ်ရင်း ဦးဟန်ကြည် အကြိုက်ဆုံး ကြယ်ကလေး သီချင်းပါ ဆိုပြသွားမိပါတယ်...လင်းလိုက်စမ်းပါ ကြယ်ကလေးပေါ့...

စံပယ်ချို said...

ကြယ်ကလေး အမြဲလင်းလက်နိုင်ပါစေ
ဆရာဦးဟန်ကြည်ဆိုတဲ့ သီချင်းကိုငယ်ငယ်ကကြားဖူးတယ်
အဲဒီအတိုင်းပါပဲနော်
ချစ်တဲ့ jasmine

ပန်းချီ said...

ကဗျာခေါင်းစဉ်လေး ချစ်စရာကောင်းတယ် အစ်မသိင်္ဂါရေ။ အစ်မကဗျာတွေ မဖတ်ရတာကြာပြီ ဒီကဗျာလေးက တစ်သိမ့်သိမ့်လေးဖြစ်စေတယ် ဘယ်လိုလေးမှန်းမသိဘူးး)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကြယ်တွေ ကိုချစ်တာ သိရလို့ ၀မ်းသာတယ်သိင်္ဂါ ..

ခင်တဲ့
ဝသုန်

ခရစ္စတလ် said...

မလင်း ဝံ့ဝံ့၊ လင်းဝံ့ဝံ့။

သန်လျင်သား said...

ကဗျာက အရမ်းကောင်းတယ်ဗျာ.. ကဗျာတွေများများရေးပါ..အားပေးနေတယ်နော်...

mstint said...

ကဗျာကောင်းလေးအားပေးသွားတယ်ကျော်ရေ။
ကဗျာလေးတွေသီကုံးဖွဲ့နွဲ့တတ်သူတွေကိုအားကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ထော်ဦး said...

အစ်မကျော်ရေ...
ကိုယ့်ကိုယ်ကိုယ် လောကကြီးကို
အလင်းရောင်ပေးနိုင်တဲ့သူအဖြစ်
မှတ်ယူနေတာကိုရော...
ဘယ်သူ့ ကိုမှ ဂရုမစိုက်တတ်တဲ့ သတ္တိကိုရောကြောင့်
ကြယ်ကလေးကို လေးစားပါတယ်လို့ 
ဆိုပါရစေတော့.....................
ထော်ဦး

Anonymous said...

ဂျူတော့ ညဘက်လမ်းလျှောက်ရင် မော့မော့ကြည့်မိတာပဲ။
ကြယ်လေးတွေ မသိလို့ပါ။ သူတို့ အထီးမကျန်ပါ။

း)
ဂျူ

ရင်ဆူး said...

ကဗျာလေးလာဖတ်သွားပါတယ်.....စိတ်ကူးယဉ်ဆန်ပြီး ဖတ်ရတာ ရင်ထဲတစ်မျိုးလေးဘဲ.....မကြွေခင်ထိ လင်းလိုက်စမ်းပါ ကြယ်လေးရယ်.......

မဒမ်ကိုး said...

ကြယ်ကလေးတွေကို မော့ကြည့်လို့ ရေတွက်ခဲ့ဖူးတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အတွေးတွေ ပြည့်နေတဲ့ ကဗျာလေးကို ပြန်ဖတ်လေ နှစ်သက်လေ ဖြစ်မိတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်