02 October, 2009

သီချင်းခံစားမှု (၁)

သူမဆီက အဖြေတောင်းထားတာ ကြာခဲ့ပြီ။ အချင်းချင်းလည်းတစ်ယောက် အကြောင်း တစ်ယောက် သိနေကြပြီးသား...။ သူမ သူ့ကို ချစ်နေလိမ့်မယ် ဆိုတာလည်း နှလုံးသားချင်း နားလည်နေခဲ့သည်။ သို့ပေမယ့် သူမ ပါးစပ်က ချစ်စကား တစ်ခွန်းကို ခုထိ မကြားရသေး။ သူမက အေးဆေးပြီး ရှက်တတ်သည်။ သူ အဖြေတောင်းတိုင်း ထွက်ပြေးတတ်သည်။ ဘာပဲဖြစ်ဖြစ် သူမ နှုတ်ခမ်းက ထွက်တဲ့ ချစ်စကား တစ်ခွန်းကိုတော့ သူကြားချင်သေးသည်။ ဖိုးကာ ရဲ့ တိုးတိုးပြောပါ သီချင်းကို သူ ဆိုပြတော့ သူမက ရယ်နေသည်။


“သိပ်ချစ်တဲ့ အကြောင်းလေး ကြားချင်တယ်..
ငါ့ဘဝနဲ့ ရင်းပြီး တောင်းဆိုမယ်..
မင်းသိတဲ့ အတိုင်းပဲ ပြောပြလိုက်ပါ ချစ်သူရယ်...
တို့တစ်ယောက်ပဲ ကြားမယ့် စကားသံရယ်..
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်း ပြောပြလိုက်ပါ အချစ်ရယ်...”

***


အဲဒီလောက် ချစ်ခဲ့ကြတဲ့ သူမတို့ နှစ်ယောက် ဘာကြောင့် ဝေးခဲ့ကြတာလဲ...။ ခုတော့ နှစ်ယောက်အတူ လျှောက်နေကြ လမ်းမကြီးရဲ့ ဘေးမှာ သူမတစ်ယောက်တည်း..။ ဝိုင်းစုခိုင်သိန်း ရဲ့ လမ်းမကြီးရဲ့ ဘေး သီချင်းက သူ့ကို ပိုသတိရစေတယ်...။


“ဘာတွေဖြစ်ဖြစ် ရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ရှိခဲ့တယ်
တို့နှစ်ယောက်လျှောက်သော ဒီလမ်းတစ်ခုသို့
ဒီလမ်းမကြီးက ဟောင်းနေလည်း ဒီလမ်းမကြီးကို ရောက်နေတယ်
မင်းချန်ခဲ့သော အပြုံးများ ကြွေရွက်တွေနဲ့ရောဆဲ
ဘာကြောင့်တို့တွေ ဝေးတာလဲ ကြေကွဲလို့ ဆို့နင့်လို့
မင်းကို ငါတမ်းတလို့ ဒီလမ်းမကြီးရဲ့ဘေး...“

***

“ငါ့ကို နင် ထားခဲ့တာ နင်တကယ် ကျေနပ်လား
နင့်ကိုငါ ထားခဲ့တာ ငါ တကယ်ပါ နောင်တရလို့

ငါ့ကို နင် ဖြတ်ခဲ့တာ နင်တကယ် ပျော်ရဲ့လား
နင့်ကိုငါ ဖြတ်ခဲ့တာ ငါ တကယ်ပါ ပြန်တမ်းတလို့...”


စိုင်းစိုင်း သီချင်းကို ကြားတော့ သူ့ဘက်ကရော အဲဒီလိုမျိုးများလားလို့ စိတ်ကူးယဉ်ချင် သေးတယ်။


(ကိုဆောင်းယွန်းလ တဂ်လို့ စဉ်းစားလိုက်တော့ ကိုယ် ကြိုက်တဲ့သီချင်းတွေကတော့ အများကြီး... အများကြီး...။ ဆိုနေမိတာတွေလည်း အများကြီး ..။ အခွေ တစ်ခွေ အသစ်ထွက်လို့ ကြိုက်တဲ့ သီချင်းပါရင် မရ တရနဲ့ ညည်းမိတာပဲ...။ ခုတလောမှာ internet လည်းမသုံးဖြစ်.. ရေးဖို့ရာ အချိန်ကလည်း လုံးဝ မရသေးလို့ လောလောဆယ် သတိတရ ညည်းမိတဲ့ သီချင်းလေး နည်းနည်းကို ဇာတ်လမ်းနည်းနည်း ဆင်ပြီး ရေးလိုက်တာပါ။)


(သိင်္ဂါကျော်)

5 comments:

ဆောင်းယွန်းလ said...

အမှတ်တရအဖြစ် တဂ်ပို့စ်ကိုရေးပေးတဲ့အတွက် ကျေးဇူးတင်သလို ဝမ်းလည်းသာပါတယ်...
ကျနော်တခါမှနားမထောင်ဖူးတဲ့ သီချင်းတွေဆိုပြလိုက်တာပါလား...နားထောင်လို့လည်းကောင်းပါတယ်...

ရွှင်လန်းချမ်းမြေ့နိုင်ပါစေ...

ခင်မင်လျှက်
ဆောင်းယွန်းလ

နွေဆူးလင်္ကာ said...

အလဲ့ ... နောက်တခါ သူဝတ္တုရေးရင် ဇာတ်ဝင်သီချင်းတွေပါ ထည့်ရေးမလား မသိဘူး။

စိမ်း... said...

MTV လာကြည့်သွားတယ်... :)

ဝက်ဝံလေး said...

ဝတ္ထုလားလို့ နောက်မှသူက တဂ်ပို့စ် ဖြစ်နေတယ် ဟိဟိ

Anonymous said...

တော်တော်လည်းတတ်နိုင်တယ်နော်......... :)