16 October, 2009

ထိုတစ်ည



ကျွန်မဟာ ကိတ်ရဲ့ အိမ်မှာ ညဘက် သွားနေခဲ့စဉ်ကပါ။ ဖုန်းသံ မြည်လာတဲ့ အချိန်မှာ ကျွန်မတို့ တီဗွီ ကြည့်နေခဲ့ပါတယ်။ ကျွန်မ ဖုန်းကိုင်လိုက်ပေမယ့် တစ်ဖက်က တဂျိ ဂျိ မြည်သံက လွဲလို့ ဘာမှ မကြားရပါဘူး။ ကျွန်မတို့ လည်း အရေးမထားပဲ နေခဲ့ရာက နောက် နာရီဝက် ညလည်လောက်ရောက်တော့ တစ်ခါမြည်ပြန်ပါရော။ ကိတ်က ဖုန်းကိုင်လိုက်တော့ အသံရှုသံ ပြင်းပြင်းက လွဲပြီး ဘာမှ မကြားရပြန်ပါဘူး။ ကျွန်မတို့ နှစ်ယောက်လုံး စောင့်ကြည့် ခံနေရသလို ခံစားရလို့ သူငယ်ချင်းတွေ နောက်တာ မဟုတ်ဘူး ဆိုတာ သိခဲ့ပါတယ်။

အဲဒီနောက် ကိတ်ရဲ့ အိပ်ခန်းတံခါးကို ခေါက်တဲ့အသံကို ကြားရပါတယ်။ ကျွန်မတို့ နှစ်ယောက်လုံး ထင်လိုက်တာက သူ့ အဘိုး အဘွားတွေ အိပ်ကြတော့ လို့ လာပြောတယ် လို့ ထင်ပြီး တံခါး ထမဖွင့် တော့ပဲ တီဗွီ ပိတ်ပြီး အိပ်ချင်ဟန် ဆောင်နေလိုက်ကြပါတယ်။ တံခါးက ဖြည်းဖြည်းလေး ပွင့်သွားတယ်… ဒါပေမယ့် ကိတ်ရဲ့ အဘိုး အဘွား တွေ မဟုတ်ဘူး။ ကျွန်မတို့လည်း ချောင်းကြည့်ပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။ အိပ်ရာထဲ ပြန်ဝင်လိုက်ပေမယ့် အအေးဓါတ်က ကျောရိုးထဲထိ စိမ့်သွားသလိုပဲ။ အခန်းထဲမှာ ပိုပြီးအေးလာတာကို ခံစားရတယ်။ ရုတ်တရက် ပြတင်းပေါက်တွေနဲ့ တံခါးပေါက်က ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတယ်။ ကျွန်မတို့လည်း မအိပ်ရဲတော့တာနဲ့ တခြား အခန်းကို ပြောင်းအိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမယ့် အဲဒီ အရာက ကျွန်မတို့ နောက် လိုက်လာခဲ့တယ်။

ကျွန်မတို့ ကြောက်ရွံစပြုလာပါတယ်။ ဒါကြောင့် တစ်ခြား မိန်းကလေးတွေကို နှိုးမယ် ဆိုပြီး သွားတော့ အဲဒီမှာ ဘယ်သူမှ မရှိပါဘူး။ တစ်အိမ်လုံးလျှောက်ကြည့်တယ်… ဒါပေမယ့် မီးဖိုခန်း စားပွဲပေါ်က လတ်လတ်ဆတ်ဆတ် သွေးစက်တွေကလွဲပြီး ဘာမှ မတွေ့ပါဘူး။

ကြောက်စရာ ရွံစရာ အောက်အောက်သိုးသိုး နံစော်တဲ့ အနံ တစ်ခုက လေထဲမှာ ပြန့်နေပါသေးတယ်။ အသားပုပ်နံ့ လိုပါပဲ။ ကျွန်မတို့ကလွဲလို့ ဘယ်သူမှမရှိတာ… ဘယ်လောက်ဆိုးတဲ့ အဖြစ်ပါလဲ။ အဲဒီညက အဖြစ်ဟာ တကယ့် အဖြစ်အပျက်လား … အာရုံမှား… အမြင်မှား ခဲ့တာလား ဆိုတာ.. ကျွန်မတို့ ဘယ်တော့မှ သိနိုင်မှာ မဟုတ်တော့ပါ။

Claudia and Katie ရဲ့ The Stranger ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်


11 comments:

ဆောင်းယွန်းလ said...

ဘာသာပြန်ဝတ္ထုတိုလေးကို ဖတ်ရှုခံစားသွားပါတယ်...

စိမ်း... said...

အဲ .... အဲ့ဒီမှာရော ခြောက်နေလို့လားဟင်...

ရွှေရတုမှတ်တမ်း said...

ဧကန်တ...ရတနာပုံမြိုသစ်မှာ..သရဲ နဲ့ တွေ့နေပြီထင်တယ်......ကျောပေါက်ကြီးလားမသိဘူး....

မချစ်ရ said...

စိတ်ဝင်စားတယ်သိလား အဲလိုသရဲပုံပြင် ဇာတ်လမ်းတွေကို အားပေးတယ်

မယ့်ကိုး said...

သရဲရထားစီးပြီး ကြောက်လှချည့်ဆိုပြီး ပြန်လာတာ သရဲအကြောင်းတွေပဲ ဖတ်နေရတယ် ...
စာထဲဖတ်ရတာတော့ ကြောက်ပေမယ့် မအော်နိုင်ဘူးပေါ့ =)
ဘာသာပြန်ပုံလေး ကြိုက်ပါတယ်။

ဝက်ဝံလေး said...

အဲဒါမျိုးလေး များများ ဆက်ရေးပေးပါ ဗျိုးးးး ဟိဟိ ကြိုက်လို့

ကိုလူထွေး said...

ကွမ်းစားပြီ ပရမ်းပတာထွေးတတ်တဲ့သူဖြစ်မယ်...

းဝ)

ဗီလိန် said...

ကြောက်လို့ ပြန်ပြီ။ :)

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး ချမ်းစိမ့်စိမ့်တောင် ဖြစ်လာတယ် အစ်မရယ်... တစ္ဆေဇာတ်လမ်းတွေကို ဖတ်ရတာ ကြိုက်တော့ ကြောက်ပေမယ့်လည်း သေချာခံစား ဖတ်သွားပါတယ်...

purplemay said...

အောင်မြလေး....ဒီက အသည်းငယ်ပါတယ်ဆို...။
အပေါ်က ဇာတ်လမ်းတောင် နာမည်ကြည့်ပြီး ကျော်ဖတ်လာတာ...။

Moe Cho Thinn said...

ည အိပ်ရဲတော့ဘူးးးးး