11 March, 2010

တောမီး



သစ်တောအုပ်တွေကို ဖြတ်လာတဲ့ မီး ပေါ့
သဘာဝရဲ့ အလှအပတွေကို လောင်ကျွမ်းလို့...၊
တစ်နေရာက တစ်နေရာ ခုန်ကူးရင်း
သစ်ပင်တွေကိုလည်း မီးပူတိုက်၊
တဖျစ်ဖျစ် တဖြောက်ဖြောက် အသံတွေနဲ့
ညကို ချောက်ချားစေပြီး
အသက်တွေ ခြွေရတဲ့အတွက်
သူပျော်နေလေရဲ့။

သစ်ရွက်တွေ... ထင်ရှူးပင်မြင့်တွေနဲ့ ကစားရင်း
သူလာခဲ့တဲ့ ခရီးတလျှောက်
သစ်တောကတော့ လုံးပါးပါးတာပဲ...။

ကျေးငှက်ငယ်တွေလည်း
အန္တရာယ်အတွက် အကြိတ်အနယ် ဆွေးနွေး
နောက်ဆုံးတော့လည်း
လုံခြုံရာ ကောင်းကင်မိခင်ဆီ
အတောင်မညောင်းမချင်း ပျံသန်းကြဖို့ပဲပေါ့။

တောရဲ့ ရင်ခွင်မှာ ပျော်ခဲ့တဲ့
အကောင်ပလောင်တွေ အားလုံးအတွက်
ငရဲ ဖြစ်သွားတဲ့ ည...။

ခပ်ဝေးဝေး တောင်ယာလုပ်သားတွေတောင်
ပစ္စည်း တစ်ဖက်၊ ကလေး တစ်ဖက် နဲ့
အဲဒီ မီး.. အလည်လာမှာကြောက်လို့
လွတ်ရာ သွားဖို့ ပြင်ကြပေါ့...။


နာရီ ပေါင်းများစွာ
သူဆော့ကစားလို့ အားရကာနီးမှ
ဟိုဝေးဝေးမြို့က မီးသတ်ကား တစ်စီး
အသံပေးရင်း လာနေပြီ။
သူ့အတွက်တော့
ပြာတွေကို ခြေရာအဖြစ်ထားပြီး
တိတ်တိတ်လေး ပြန်ရုံပါပဲ...။

သိင်္ဂါကျော်

Ref: Forest Fire by George E. Thompson
The Forest Fire by John Stone

(အပေါ်ကပုံတွေက မြို့သစ်မှာ တောမီးလောင်တုန်း ရိုက်ထားတဲ့ပုံတွေပါ)

11 comments:

ကိုခိုင် said...

နအဖ လိုပါပဲ
တနိုင်ငံလုံးဒုက္ခရောက်မှ
သူတို့ကပျော်ကြတာ။

ကိုခိုင်

Angel Shaper said...

စိတ်မကောင်းစရာပဲနော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မန္တလေးမှာ ကျောင်းတက်ခဲ့တဲ့ နွေညတွေမှာ ရှမ်းတောင်တန်းကြီးတွေပေါ်က
တောမီးတွေရဲ့ အလှကို ညတိုင်းနီးပါးလိုတွေ့ရပါတယ်..
အဝေးကနေကြည့်တော့ လှပတယ်လို့ ထင်ခဲ့မိပေမဲ့
ဒီလောင်ကျွမ်းခြင်းရဲ့ နောက်မှာ
ဘာတွေဘယ်လောက်ဆုံးရှုံးသွားတယ်ဆိုတာ
တကယ်တမ်းတော့ ခန့်မှန်းဖို့ခက်လှတယ်...
သဘာဝတရားရဲ့အလှအပတွေ
ဒီလိုနည်းနဲ့ လွယ်လွယ်ကူကူဆုံးရှုံးရတာ
နှမြောဖို့ကောင်းလှတယ်။

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ....
ကဗျာလေးကို ခံစားမိတယ်....။
တောမီးလောင်တယ်ဆိုတိုင်း တောကောင်လေးတွေရဲ့ သနားစရာအဖြစ်လေးတွေကိုပဲ ကျွန်တော်တွေးမိတတ်တာ အရင်ဆုံးပဲလေ....။
ခင်မင်တဲ့
ဏီလင်းညို

ကိုဇော် said...

ဝိုးးးးးးး
ကောင်းလိုက်တဲ့ ရိုက်ချက် နဲ့ ကဗျာပဲ..။

ရွှေရတုမှတ်တမ်း said...

ဗမာပြည်က တောမီးနဲ့ အမေရီက က တောမီးမတူဘူး..
ဗမာပြည်မှာက မြက်ခြောက်နဲ့ သစ်ကိုင်းခြောက်လောက်လောင်တာ။ အမေရိက ကတောမီးက သိတ်ကြောက်ဖို့ကောင်းတာပဲ..သစ်ပင်ကြီးတွေ..အိမ်တွေ..အကုန်လောင်တာ

MANORHARY said...

မနှစ်က Victoria တောမီးကို သွားသတိရတယ်။
မီးလောင်ဒဏ်ရာတွေနဲ့ ဆက်ရှင်သန်နေတဲ့ သစ်ပင် တစ်ချိုကိုမြင်တိုင်း လူတချို့ကို သတိရတယ် ..

သူကြီးမင်း (တုံးဖလား) said...

မီး မီး မီး
ဘယ်မီးမှ မကောင်းပါလား။း)))

ညလင်းအိမ် said...

ကဗျာလေးက မိုက်တယ်နော် ...

ShwunMi- said...

ကဗျာဖတ်ပြီး ဇာတ်လမ်းပြီးမှ ရောက်ရောက်လာတဲ့ ရဲတွေကို မြင်ယောင်သွားတယ်..း)

မြတ်မွန် said...

မီးဆိုတာ သိပ်ကြောက်စရာ အကောင်းဆုံးသော အရာပေါ့ မမရယ်။
ဘယ်အပူမီးမဆို ဘေးပက်ဝန်းကျင်ကို အပူတွေ ကူးစက်စေတာ အပူမီးပဲပေါ့။
မညှာမတာ လောင်ကျွမ်းစေတယ်။