01 December, 2010

ဗုဒ္ဓဂါယာ


ဗုဒ္ဓဂါယာ ခရီး ဆိုတာကလည်း လူတိုင်းက ရေးဖူးပြီးသားမို့ ဘာမှ ထွေထွေထူးထူး ပြောစရာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ဘလော့ထဲမှာ ခရီးသွားတိုင်း တင်နေကြ ဆိုတော့ ဒီခရီးကိုလည်း ကိုယ့်ခရီးသွား မှတ်တမ်း အနေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

ပြန်ရောက်နေတာတော့ ကြာပါပြီ။ မပြန်ခင် အိန္ဒိယ နောက်ဆုံး ခရီး အနေနဲ့ ဂါယာကိုတော့ မသွားလို့ မဖြစ်ဘူး ဆိုပြီး ရောက်အောင်သွားခဲ့ပါတယ်။ သုံးရက်ထဲပါပဲ။ တကယ် သွားမယ်ဆိုတော့ ကိုးလ်ကတ္တားကနေ ဂါယာသွားဖို့ ရထားလက်မှတ်ကလည်း မရတော့ဘူး။ ကိုးလ်ကတ္တားမှာ ကျောင်းတက်နေတဲ့ သူငယ်ချင်း ရဲ့ သူငယ်ချင်းကိုပဲ အကူအညီ တောင်းထားရတာပါ။ ကံကောင်းလို့ အန်တီကြီး တစ်ယောက်ရဲ့ ကားနဲ့ ၁၅၀၀ ပေးပြီး အကြုံလိုက်ခဲ့ရပါတယ်။ ဟိုရောက်တော့ မြန်မာကျောင်းမှာပဲ တည်းပါတယ်။ အဲဒီ သူငယ်ချင်းကပဲ အဲဒီ ကျောင်းက ဦးပဉ္ဖင်းလေးကို ဖုန်းဆက်ထားပေးပြီး နေဖို့ အခန်းတွေ ဘာတွေ စီစဉ်ပေးထားပါတယ်။ အဲဒီ အန်တီကြီးကလည်း နီလာအေး ခရီးသွားလုပ်ငန်းက ဆိုတော့ အဲဒီကျောင်းမှာပဲ တည်းနေကျမို့ အဆင်ပြေသွားပါတယ်။

မနက်အစောကြီးရောက်တော့ ခဏ အိပ်ပြီး မနက်စာစားပြီးတာနဲ့ မဟာဗောဓိစေတီတော်ကြီး ကို ဦးပဉ္ဇင်း တစ်ပါးက လိုက်ပို့ပြီး သတ္တဌာန နေရာတွေကို ရှင်းပြပါတယ်။ အောက်ကပုံတွေက အဲဒီ ပထမနေ့က ရိုက်ခဲ့တဲ့ ပုံတွေပါ။








 ကျောက်စာနှစ်ချပ် ရှိတဲ့ နေရာပါ။

နေ့ခင်းဘက် နေ့လည်စာ စားပြီးတော့ တရေးတမော အိပ်ပြီး ညနေဘက်ကျတော့ သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူတဲ့ နေရာကို သွားခဲ့ပါတယ်။ (ဟိုတယ်က အစားအသောက်တွေကို ငြီးငွေ့လာခဲ့တဲ့ ကိုယ်တော့ မြန်မာ ဘုန်းကြီးကျောင်းက ကျွေးတဲ့ ငါးပိရည် နဲ့ ကြက်သားဟင်း ကို တွေ့တော့ အတော် သဘောကျသွားပါတယ်။ နောက်နေ့ကျတော့လည်း အလှူရှိတာနဲ့ မနက်စာ မုန့်ဟင်းခါးကလည်း ကောင်းမှကောင်း၊ နေ့လည်စာကလည်း ကြက်သားဆီပြန်ရော၊ ဆိတ်သား ဆီပြန်ရော ဆိုတော့ မြန်မာအစာ ငတ်နေတဲ့ ကိုယ်တို့အတွက် စားကောင်းလိုက်တာ မပြောပါနဲ့တော့..။)



  ကြည်ညိုဖွယ်ရာ ကမာကူရ ပုံတူ ဂျပန် ဘုရားကြီးပါ။



ဒုတိယ နေ့ကျတော့ လာခဲ့တဲ့ အန်တီကြီး ကားကိုပဲ ငှားပြီး ဦးပဉ္ဇင်းနဲ့ ကိုယ်တို့ နှစ်ယောက်နဲ့ ရာဇဂြိုဟ်ဘက်ကို သွားခဲ့ပါတယ်။ 
ဘုရားရှင် ဒုက္ကရစရိယာ ကျင့်ကြံတော်မူခဲ့တဲ့ တောင်တော်ကို အရင်သွားခဲ့ပါတယ်။


အဲဒီက ပြန်ဆင်းလာပြီးတော့မှ ရာဇဂြိုဟ် ကို သွားခဲ့ပါတယ်။





ဘဏ္ဍာတော်တိုက် လို့ ပြောပါတယ်။

 နလန္ဒာ တက္ကသိုလ် ဟောင်း နေရာပါ။



နလန္ဒာ တက္ကသိုလ် အသစ်ပါ။ လိုက်ပို့တဲ့ ဘုန်းဘုန်း ရဲ့ သူငယ်ချင်း အဲဒီ အဆောင်မှာ နေတဲ့ ဘုန်းဘုန်း ဆီ ဝင်ပြီး ဘုန်းဘုန်း ကျွေးတဲ့ လက်ဖက်သုပ်နဲ့ ငါးမုန့်ကြော်တွေ စားခဲ့ရပါသေးတယ်။

တတိယ နေ့မှာ ပြန်ရတော့မှာပါ။ ဒါပေမယ့် အပြန်လည်း ရထားလက်မှတ် မရတော့ပါဘူး။ မတတ်နိုင်တော့ဘူး... နှစ်ယောက်တည်းပဲ ကားငှားပြန်ရလည်း ပြန်ရတော့မှာပဲ လို့ စီစဉ်နေတုန်း (စီစဉ်တာက ကျောင်းက ဦးပဉ္ဇင်းပါ) နောက်တော့ ကိုယ်တို့လိုပဲ လာတဲ့ မြန်မာမိန်းကလေး နှစ်ယောက်ကလည်း အဲဒီနေ့ပဲ ပြန်မယ် ဆိုတာနဲ့ ဦးပဉ္ဇင်း က ချိတ်ပေးလို့ အဆင်ပြေသွားပါတယ်။ သူတို့က နှစ်ရက်ပဲ ရလို့ မနေ့ကမှ ရောက်ပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သွားမှာပါ။ ကိုယ်တို့နဲ့ နည်းနည်း အချိတ်အဆက် လွဲသွားတာပါ။ မနေ့တည်းကသာ သိရင် ကိုယ်တို့က မနေ့က ဗာရာဏသီ သွားပြီး ဒီနေ့မှ ရာဇဂြိုဟ်ကို သူတို့ နဲ့ အတူတူ သွားလို့ ရပါတယ်။ ခုတော့ တတိယနေ့မှာ ပြန်ရမှာမို့ ဗာရာဏသီ သွားဖို့ မမှီလောက်တော့ဘူး ဆိုတာနဲ့ မသွားခဲ့ရတော့ပါဘူး။

မဟာဗောဓိ ဘုရားကြီးကိုပဲ အစောကြီး တစ်ခေါက်၊ နေ့ခင်းဘက် တစ်ခေါက် ပြန်သွားပြီး အေးအေး ဆေးဆေး ဘုရားကန်တော့၊ ဗောဓိ ညောင်ရွက် အကြွေကို ထိုင်စောင့် ကောက်ပြီး တစ်နေကုန် သွားပါတယ်။



တိဘက် ဘုန်းတော်ကြီးတွေ ပူဇော်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြတာပါ။



 ဗုဒ္ဓဂါယာ နေရာစုံကို ရောက်အောင် နောက်ထပ် တစ်ခေါက်လောက်တော့ သွားချင်ပါသေးတယ်။

(အမှန်တော့ ဒီနေ့က ကိုယ့်မွေးနေ့ပါ။ ကဗျာလည်း မတင်ချင်၊ စားစရာတွေလည်း မတင်ချင်၊ ဘာမှ စိတ်မပါတာနဲ့... အကြွေးကျန်နေတဲ့ ခရီးသွား ပို့စ်လေးပဲ တင်လိုက်ပါတယ်။)

သိင်္ဂါကျော်

10 comments:

ahphyulay said...

အင်း....
ရောက်သင့် ၊ဖူးသင့်ရက်နဲ့ မရောက်ဖူး၊ မဖူးဘူးသေးတဲ့ နေရာ
တစ်ခုကို မြင်လိုက်ရပေမဲ့  မဝသေးဘူးဗျာ။ ကိုယ်တိုင်မဟုတ်
တော့ လဲ ..၊ ကုလားပြည်မှာပွင့် ခဲ့ လို့  ကျွန်တော်တို့ 
ဘုရားဟာ ကုလားကြီးပါ လို့ ပြောရင်သိပ်မခံ ချင်ပေမဲ့ 
အဓိက က သစ္စာလေးပါးကိုအခြေခံတဲ့  ဘာသာတရား
မဟုတ်လား၊ ဗုဒ္ဓကထားခဲ့ လို့ ဗုဒ္ဓရဲ့ ဘာသာ ဖြစ်ခဲ့ ပေမဲ့ 
ကိုယ့် ကိုယ်ကိုလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှ တဆင့် 
တက်ဘို့  အကြိမ်ကြိမ်ကြိုးစားနေရတုံး ...၊
နာမိတဲ့  တရားလေးတွေကိုလည်း ရေးလက်စ ပုံစံနဲ့ ပဲ
တမျိုးလေးပြန်ဖြန့် ဘို့  စ ကြိုးစားနေမိပါတယ်။

ယောနက်သန် said...

ပုံတွေ ကြည့် ကြည်ညိုသွားပါတယ်။
Happy Birthday!

Cameron said...

အင်း...မွေးနေ့မှာ ခုလိုကုသိုလ်ဖြစ်လေးလုပ်နိုင်တာ မင်္ဂလာတစ်ပါးပါပဲ...သိဂါင်္ရေ... Happy Birthday နော်...။

ခင်တဲ့
မိုးငွေ့

~ဏီလင်းညို~ said...

မသိင်္ဂါကျော်......

မရောက်ဖြစ်သေးတဲ့နေရာတစ်ခုက ပုံတွေကို ကြည်ညိုခွင့်ရလို့........ကျေးဇူးရယ်ဗျ....။
ပျော်ရွှင်သော မွေးနေ့ရက်လည်း....ဖြစ်ပါစေ....။
အစစအဆင်ပြေ အောင်မြင်ပါစေဗျာနော့်.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Anonymous said...

မရေ...
မရောက်ဖူးတဲ့ နေရာတွေ အစုံရောက်သွား
ခဲ့ပါတယ်။ :)
Banyan Tree အောက်နားက ချယ်ရီပင်ပုလေးလား၊
အစစ်လေးလား မရေ။ တွေ့ မိလို့ ။ :)
..အမှတ်တရ မွေးနေ့ လေးဖြစ်ခဲ့မယ် ထင်ပါတယ်။
ပျော်ရွှင်ပါစေ မရေ။ ..ခင်မင်လျှက်..
..ခင်မာလာအောင်..:)

ချော(အစိမ်းရောင်လွင်ပြင်) said...

Happy Birthday Theingar
ဘ၀မှာ ရောက်အောင်သွားသင့်တဲ့ နေရာလေးတစ်ခုလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားခဲ့တာ
ခုထိ မသွားနိုင်သေးဘူး
သိင်္ဂါက ရောက်ခဲ့ပြီ ကံကောင်းလိုက်တာ အားကျမိတယ်သိလား
မွေးနေ့မှာ ပျော်ရွှင်ပါစေနော် ဆုတောင်းတာ နောက်ကျသွားတယ် ဆောရီးပါ
ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာသော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ နော်

သူကြီးမင်း (တုံးဖလား) said...

ဗုဒ္ဓဂယာပုံတွေကို ခဏခဏကြည့်ဖူးပေမဲ့ ကြည့်မ၀ ဖူးမ၀ပါဘဲ။ ကြည့်ရင်းနဲ့ ကိုယ်တိုင် သွားချင်စိတ်တောင် ပေါက်နေမိတယ်။ ဓါတ်ပုံတွေ ကြည့်ထားရတော့ ကိုယ်တိုင်သွားတဲ့အခါ မစိမ်းတော့ဘူးပေါ့လေ။ ကျေးဇူးတင်ပါတယ်။

မွေးနေ့မှာ အခုလို ဘုရားပုံတွေနဲ့ စည်စည်ပင်ပင် ဘလော့ဂ့်ပို့စ်လေးတင်ထားတော့ မွေးနေ့ကုသိုလ် ဖြစ်တာပေါ့။ ဆုတောင်းပေးလိုက်ပါတယ်။ မွေးနေ့ကစပြီး အရာအားလုံး အဆင်ပြေချောမွေ့နိုင်ပါစေလို့။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်သီဟ said...

မွေးနေ့အရောက်နောက်ကျပေမယ့် ဘုရားဖူးရ လို့ စိတ်မကောင်းဖြစ်တော့ဖူး
း) ပျော်ရွှင်တဲ့နေ့ရက်တွေ ထာဝရပိုင်ဆိုင်စေဗျား)

မောင်သီဟ said...

မွေးနေ့အရောက်နောက်ကျပေမယ့် ဘုရားဖူးရ လို့ စိတ်မကောင်းဖြစ်တော့ဖူး
း) ပျော်ရွှင်တဲ့နေ့ရက်တွေ ထာဝရပိုင်ဆိုင်စေဗျား)

မောင်သီဟ said...

မွေးနေ့အရောက်နောက်ကျပေမယ့် ဘုရားဖူးရ လို့ စိတ်မကောင်းဖြစ်တော့ဖူး
း) ပျော်ရွှင်တဲ့နေ့ရက်တွေ ထာဝရပိုင်ဆိုင်စေဗျား)