10 December, 2010

တိမ်တွေရဲ့ အိပ်မက်

တိမ်တိုက်နှစ်ခု ထိတွေ့သလိုမျိုး
ငါတို့နှစ်ယောက် အတူရှိခဲ့ချိန်က
အိပ်မက်တစ်ခုလို ပြီးဆုံးခဲ့လေရဲ့။

အမြဲရွေ့နေတဲ့ တိမ်တွေလို
လွင့်မျောရင်းနဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
ဘဝကတော့
ရာသီပေါင်းများစွာ ရှည်လျားဆဲပေါ့။

မမေ့ဘူးပြောခဲ့ပေမယ့်
မင်းလည်း မေ့နိုင်ခဲ့ပါတယ်
အမြဲသတိရမယ်လို့
ကတိမပေးခဲ့ပေမယ့်
ငါနေ့တိုင်း သတိရနေပါတယ်။

အိပ်မက်ကိုဘဝအဖြစ်
မပြောင်းလဲနိုင်တာ
ငါတို့ရဲ့ချို့ယွင်းချက်လို့ ဆိုနိုင်ပေမယ့်
တွေ့ဆုံမှုကို ဖန်တီးသူဟာ
ဘုရားသခင်လို့ ဆိုရင်ဖြင့်
ဘုရားသခင်ကိုသာ
အပြစ်တင်လိုက်ချင်ပါရဲ့...
ငါဟာ
လွမ်းဆွတ်ခြင်းများကို မခံစားလိုသူမို့ပါ။

သိင်္ဂါကျော်

16 comments:

ahphyulay said...

အင်း ...
ကိုယ့် ဖာသာကိုယ် သွားချစ်နေတဲ့ 
ကိုယ်ချစ် လို့  ထင်ပါတယ်။

အဖြူရောင်နတ်သမီး said...

အိပ်မက်ကိုဘဝအဖြစ်
အမြန်ဆုံး ပြောင်းလဲနိုင်ပါစေ...သူငယ်ချင်းရေ...

နေ၀သန် said...

မတွေ့တာကြာပြီပေမယ့် ကဗျာစွမ်းအားကတော့ တလက်လက်တောက်ဆဲပဲဗျာ...း)))..... ငါဟာ လွမ်းဆွတ်ခြင်းများကို မခံစားလိုသူမို့ပါတဲ့လား....

ခင်မင်တဲ့
နေ၀သန်

အင်္ဂါဟူး said...

ချစ်လိုက်ကြပြန်ဘီ... ကွဲသွားကြပြန်ဘီ... အခု .. လွမ်းလိုက်ကြပြန်ဘီ... ဒါလဲ ဟုတ်နေတာပဲ...

ငြိမ်းချမ်းပါစေ...

ချော(အစိမ်းရောင်လွင်ပြင်) said...

ရင်ထဲက အလွမ်းတွေက ကဗျာအဖြစ် ယိုစီးထွက်လာတယ် လို့ပြောရင်........
ငြင်းမှာလားး)

pandora said...

တိမ်တွေ တိမ်တွေ..
အိမ်မက်လိုပဲ ဆုပ်ကိုင်မရတော့တဲ့ တိမ်တွေ...

sosegado said...

တိမ်တွေဟာအချိန်နှင့်အမျှပြောင်းလဲနေပါတယ်။
အဲလိုပဲ သူဟာလဲ.....

ကိုဇော် said...

သြော်. . .ဘယ်သူကလဲ အလွမ်းတွေကို ခံစားချင်မလဲဗျာ။

မြတ်မွန် said...

အဟဲ လွမ်းနေပြီ ထင်ပါ့ ။

မြစ်ကျိုးအင်း said...

တတိယအပိုဒ်လေး ကြိုက်တယ်။
ခေါင်းစဉ်ကတော့ အလှဆုံးပဲ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကဗျာတွေကတော့အများကြီးရေးသွားလိုက်တာ-
နှလုံးသားထဲကအကုန်ဖွင့်ချပြစ်လိုက်တာလားမှတ်တယ်-
သဘောကျသွားတယ်ဗျာ-
လေးစားစွာဖြင့်

Maung Myo said...

လွတ်မြောက်ခြင်းကို ကျနော်လည်း မခံစားလိုပါ လူသားမှန်တာမို့ သံယောဇဉ်နှောင်ကြိုးတွေကိုတော့ တက်မက်ချင်တုန်း ။

အုပ်ကြီး said...

အိမ်မက်ကိုဘဝအဖြစ်မပြောင်းနိုင်တာ ..
ကျွန်တော်လည်းပါ ပါတယ်ဗျာ ...
လောလောဆယ်တော့ ရရင်ရသလိုလွမ်းဆဲပါပဲ

blackroze said...

အိမ်မက်တိုင်းကတော့ဘဝဖြစ်မလာကြပါဘူးလေ..
ကြိုးစားနိုင်သွားတဲ့သူတွေရှိသလို
အိမ်မက်အဖြစ်ဘဲထားလိုက်ရတဲ့သူတွေလည်း
အများကြီးပါ...ကျမလည်းအဲဒီအထဲမှာပါတာပေါ့

Anonymous said...

လွမ်းဆွတ်မှုကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် တွေသမျှလူတိုင်းတော့ လွမ်းဆွတ်မှုကို မကျော်လွှားနိုင်ကြသေးပါဘူး။ အဲဒီအထဲမှာ ...

ပေါ့ဆိမ့် said...

လွမ်းဆွတ်မှုကို ဘယ်သူမှ မခံစားချင်ကြပါဘူး။ ဒါပေမယ့် တွေသမျှလူတိုင်းတော့ လွမ်းဆွတ်မှုကို မကျော်လွှားနိုင်ကြသေးပါဘူး။ အဲဒီအထဲမှာ ...