01 December, 2010

ကြယ်ကြွေည


ပြတင်းပေါက်ကနေ
မင်း ကြည့်လိုက်တဲ့ အခါ
မျှော်လင့်မထားတဲ့ အံ့စရာ
ကောင်းကင်ပေါ်က ကြယ်တစ်လုံး
ကြွေကျလာတာမြင်တဲ့အခါ
တောင်းဆု တစ်ခု ပြုလိုက်ပါ၊
အဲဒါ အမှန်တကယ် ဖြစ်လာလိမ့်မယ်..
ငါ့ကို ယုံလိုက်ပါ..
ဘာလို့ဆို ..
ငါလုပ်ခဲ့ဖူးတယ်..
ပြီးတော့..
မင်းကို ငါတွေ့ခဲ့တယ်...။ 


ဘာသာပြန်ထားတဲ့ ကဗျာလေးကို တွေ့လို့ တင်လိုက်တာပါ။ link ကိုလည်း မှတ်မထားဘူး။ ခုပြန်ရှာတာ ဘယ်လိုမှကို ရှာမတွေ့တော့လို့..။ မနက်က တင်ထားတဲ့ ခရီးသွား ဆောင်းပါးက သူများတွေဆီမှာ update မဖြစ်လို့... ဘာဖြစ်မှန်းမသိဘူး။ အဲဒါကြောင့် ဒါလေး ထပ်တင်ကြည့်တာပါ။


သိင်္ဂါကျော်


11 comments:

ကိုဇော် said...

ကြယ်ကြွေ ဆုတောင်းကြောင့် သူ့ကို တွေ့ခဲ့တယ် တဲ့လား။
လှချက်ပဲ...။ တိုတို ထိထိ မိမိလေး။

** ဟုတ်တယ် ၊ အခုလည်း ကိုယ့်နေရာမှာ Refresh လုပ်တာ Update မဖြစ်ပါလား။ ဘာလို့ပါလိမ့်။

နှင်းနဲ့မာယာ said...

ပြန်လိုက်လာတယ်နော်....

ဆုတောင်းပြည့်စေချင်ပါတယ်
ဒါပေမယ့်
ကြွေသွားတဲ့ ကြယ်လေးကိုတော့ နှမြောတယ်...

နှင်းနဲ့မာယာ

အင်ကြင်းသန့် said...

တကယ်ဆုတောင်းပြည့်သလားဟင်....

blackroze said...

ကြယ်ကြွေတာကိုတွေ့တဲ့အချိန်မှာ
ဆုတောင်းရင်ပြည့်တယ်တဲ့
ကြားဖူးတာဘဲအမရာ..ကြယ်ကြွေတိုင်းလည်း
ဆုတောင်းခဲ့တာများပေါ့.....ဒါပေမဲ့လည်းလေ...
...:(

အခုလည်းကြယ်ကြွေတာလေးတွေ့မယ်ဆိုရင်
ရင်ထဲကဆန္ဒလေးတခုကို..ပြည့်ပါစေလို့
ဆုတောင်းမိမလားဘဲ..

ကဗျာလေးကြိုက်လို့copy လေးယူခွင့်ပြုပါနော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ှဆုတောင်းမလို့ဘဲ
ဒါပေမဲ့ ဘယ်သူ့မျက်နှာကို တွေ့ချင်ပါလိမ့်လို့ ပြန်စဉ်းစားနေတာနဲ့ဘဲ ကြယ်တွေကြွေပြီးသွားကြတယ်..း)

Anonymous said...

ကြယ်ကြွေလေးတွေကြည့်ပြီး တောင်းဆုတွေလည်း
ထပ်ခဲ့ပါပြီ..မရေ။
နောက်ဆုံးကြယ်ကြွေညမှာ တောင်းခဲ့တဲ့ ဆုကတော့
ဒီနေ့ ထိပြည့်ခဲ့လေရဲ့။ ကြယ်ကြွေညကို ထပ်ပြီး
မဆုံပါရစေနဲ့ လို့ ။ :)
..ခင်မင်လျှက်..ခင်မာလာအောင်..:)

လင်းခေတ်ဒီနို said...

ငါ့ကို ယံုလိုက္ပါ..
ဘာလို့ဆို ..
ငါလုပ်ခဲ့ဖူးတယ်..
ပြီးတော့..
မင်းကို ငါတွေ့ခဲ့တယ်...။

:))))

အဓိပါယ် အပြည့်နဲ့ ကဗျာလေးပဲ အမရေး)))

မိုးယံ said...

ကြယ်ကြွေချိန်လဲ ထိုင်စောင့်ပြီး ဆုတောင်း မနေနဲ့

ငါလုပ်ခဲ့တယ် ပြီးတော့ မင်းကို ငါတွေ့ခဲ့တယ်လေ.

ဖိုးကြယ် said...

ဖြစ်နိုင်ရင်လေ.....ကြယ်ကြွေတဲ့အခါ ကြယ်လေးတစ်လုံးလောက် ဘေးနားမှာ အမြဲတမ်း ဝေ...နေစေချင်ပါ၏ :)

ခင်တဲ့(ဖိုးကြယ်)

blackcoffee said...

ကြယ်ကြွေတိုင်း ဆုတောင်းဖြစ်ပါတယ်လေ......

Unknown said...

ကြယ်တွေကြွေတိုင်း

တစ်ဦးတစ်ယောက်ကို သတိရတယ်