01 July, 2011

ဖျားနာနေတဲ့ နှင်းဆီ

 ဖျားနာနေတဲ့ အို နှင်းဆီငယ်

မမြင်နိုင်တဲ့ ပိုးမျိုးတွေ၊
မုန်တိုင်း သံစဉ်ကြားက ညထဲ
ပျံသန်းနေတဲ့ အဲဒီအကောင်တွေ။

တောက်ပ နီရဲ ပျော်ရွှင်မှုရဲ့
အိပ်ရာထက်မှာလည်း တွေ့ရရဲ့။
ပြီးတော့
သူ့ရဲ့ အနက်ရောင် လျှို့ဝှက်အချစ်က
ဘဝကို ဖျက်ဆီးမှာလား...။

William Blake ရဲ့ The Sick Rose ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်


7 comments:

ချစ်ခြင်းအလင်္ကာ said...

ကြိုက်တယ်..ကြိုက်တယ်....
အာပေးသွားပါတယ်.........

ခင်တဲ့
ချစ်ခြင်းအလကာင်္

Angelhlaing(May everybody be happy and healthy! said...

မမရေ ကဗျာလေး ခံစားအားပေး သွားတယ်နော်..
ကောင်းသောနေ့လေး ဖြစ်ပါစေ လို့..:)

စံပယ်ချို said...

အချစ်ကဘ၀ကို ဖျက်ဆီးမှာလားတဲ့။ ။
ခံစားသွားတယ်နော်
ချမ်းမြေ့ပါစေ။

မအိမ်သူ said...

ကဗျာလေး ကြိုက်လိုက်တာ Sick Rose ဆိုတဲ့ အသုံးအနှုံးကလေးကိုက စိတ်ဝင်စားစရာ..

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာဘာသာပြန်ကို ဖတ်ရှုသွားပါတယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းဆီဖျားရင် ကုဖို့ဆေးရှိမယ် မထင်ဘူးနော်
ဘယ်လိုလုပ်ကြမလဲတဲ့

mstint said...

ကဗျာလေး ဖတ်သွားတယ်။ ပျော်ရွှင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်