07 May, 2012

ရောက်ခဲ့သမျှ ရိုက်ခဲ့သမျှ ၃ (Paris)

ဧပရယ် လကုန်က ပဲရစ်ကို နှစ်ရက် နဲ့ တစ်ည သွားလည်ခဲ့ပါတယ်။ ကိုယ်နေတဲ့ Groningen မြို့ကနေ Utrech ဆိုတဲ့ မြို့ကို ရထား ၂ နာရီလောက်စီး၊ အဲဒီကမှ Euroline Express ညကား နဲ့ သွားတော့ Paris ကို မနက်စောစော ၆ နာရီလောက် ရောက်ပါတယ်။ ဟိုတယ်ကို check in ဝင်ဖို့လည်း မဖြစ်နိုင်သေးတော့ ကျောပိုးအိတ် တစ်လုံးနဲ့ပဲ မြို့ကို ပတ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ မနက်စောစောစီးစီး မိုးကလည်း စိတ်ကုန်စရာ ကောင်းလောက်အောင် တဖွဲဖွဲ ရွာနေပါတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ထီးစောင်းပြီး လျှောက်သွားရတော့တာပဲ။ Notre Dame Cathedral ရောက်တော့ မိုးတွေ တော်တော်အုံဆိုင်းပြီး ရွာနေပါတယ်။

Love padlocks တွေ ချိတ်ဆွဲထားတဲ့ တံတားတစ်ခုပါ။
 
နောက်တော့ Sein မြစ်ကမ်း တစ်လျှောက် လျှောက်ရင်းနဲ့ နာမည်ကျော် မိုနာလီဇာ ရှိတဲ့ Louvre ပြတိုက်ကို ရောက်တော့ ပြတိုက်ထဲ ဝင်ကြည့်လိုက်ပါတယ်။ မိုးကလည်း တော်တော် ရွာနေတော့ လူတိုင်းပဲ ထီးတွေနဲ့ တန်းစီနေခဲ့ရပါတယ်။ သိပ်အကြာကြီးတော့ မစီရပဲ ဝင်ခဲ့ရပါတယ်။

ဒီပြတိုက်ထဲမှာတော့ ကြိုက်သလောက် ဓါတ်ပုံ ရိုက်လို့ရပါတယ်။ မိုနာလီဇာကိုလည်း မှန်ထဲထည့်ထားတော့ ကြိုက်သလို ရိုက်လို့ရပါတယ်။




ပြတိုက်က ထွက်လာတော့ မိုးစဲသွားပါပြီ။ လမ်းတစ်လျှောက် တွေ့သမျှ ရိုက်ရင်းနဲ့ပဲ Arc de Triomphe အထိ သွားခဲ့ပါတယ်။ ကိုယ့်လိုပဲ လမ်းတလျှောက် သွားလာနေတဲ့ Tourist တွေလည်း အများကြီးပါ။


အဲဒီကမှ Eiffel Tower ဘက် ပြန်လျှောက်ခဲ့ပါတယ်။ နောက်တစ်နေ့လည်း ထပ်ရောက်ပါသေးတယ်။

 

အဲဒီနောက်တော့ booking လုပ်ထားတဲ့ Stella Hotel ကို တော်တော်ကြာအောင် ပတ်ရှာလိုက်ရပါတယ်။ လွယ်ထားတဲ့ ကျောပိုးအိတ်ကလည်း အဝတ်တစ်စုံ ရေပုလင်း တစ်လုံး၊ ပေါင်မုန့် တစ်ထုပ်ပဲ ပါတာကိုပဲ တော်တော်လေးလာပါပြီ။ ကျောပိုးအိတ် အကြီးကြီးတွေ လွယ်ပြီး သွားလာနေတဲ့ Tourist တွေကို တော်တော် လေးစားမိပါရဲ့။ ဟိုတယ်မှာ အိတ်ကို ချ ကင်မရာပဲ ယူပြီး လမ်းဆက်လျှောက်ခဲ့ပါတယ်။ Montparnasse 56 tower အပေါ်ကိုတော့ မတက်တော့ပဲ အောက်ကပဲ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။

နောက် တွေ့တဲ့ bus ကားစီးပြီး sacre Coeur ဆိုတဲ့ နေရာကို ရောက်အောင်ရှာပြီး သွားလိုက်ပါသေးတယ်။ နေမဝင်ခင် ရောက်သွားပြီး ပြန်မယ် ဆိုတော့ မှောင်သွားတာနဲ့ ဟိုတယ်နား ရောက်မယ့်၊ အလာတုန်းက လာခဲ့တဲ့ ဘတ်စ်ကားဂိတ်ကလည်း ရှာမတွေ့တော့တာနဲ့ ကြောက်ပြီး Taxi ငှား ပြန်လာရပါတယ်။


ကိုယ်က သွားချင်လွန်းလို့သာ လျှောက်သွားနေတာ.. တကယ်တော့ မြေပုံလည်း သေချာမကြည့်တတ်၊ လမ်းလည်း သိပ်မမှတ်မိ တတ်တဲ့ သူပါ။ လမ်းတွေ မှားမှားနေတာနဲ့ပဲ လျှောက်ရမှာထက်ကို ပိုလျှောက်ခဲ့ရတာ ခဏ ခဏပါ။ အောက်ကပုံတွေကတော့ ဒုတိယ နေ့မှာ ရာသီဥတုကလည်း သာယာတာနဲ့ ဆိန်းမြစ်ကမ်း တစ်လျှောက် လျှောက်ရင်း ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။






 Louvre ပြတိုက်ဘက် ပြန်လျှောက်ပြီး ရိုက်ခဲ့တာတွေပါ။


ဒါကတော့ ဘာမှန်း မသိဘူး ဘတ်စ် ပေါ်က လှမ်းတွေ့တာနဲ့ ဆင်းပြီး ရိုက်ခဲ့တာ..။ စစ်သမိုင်းပြတိုက် လိုမျိုး ဖြစ်မယ် ထင်ပါရဲ့။ အထဲတော့ ဝင်မကြည့်ခဲ့တော့ပါဘူး။ ပြင်သစ်မှာ ပြတိုက်တွေကလည်း အများကြီးပါ။


ဒုတိယနေ့ နေ့လည်မှာတော့ Disneyland ကို Rer ရထား စီးပြီး သွားခဲ့ပါတယ်။ ဟိုရောက်တော့ မိုးနည်းနည်း အုံ့နေပြီမို့ တိမ်ပြာပြာအောက်က ပုံတွေတော့ မရခဲ့တော့ပါဘူး။







အပေါ်က space mountain ဆိုတဲ့ ရိုလာကိုစတာ လိုမျိုးဟာကို စီးခဲ့တယ်။ ကားကလေး မောင်းခဲ့တယ်။ အချိန်ကလည်း သိပ်မရှိတော့ လျှောက်ကြည့် ဓါတ်ပုံရိုက်ပြီး ည ၈ နာရီလောက်မှာ ပြန်ထွက်ခဲ့ပါတယ်။ Disneyland က ည ၁၁ မှ ပိတ်မှာပါ။ ပြန်အထွက်မှာ မိုးက တဖွဲဖွဲ ရွာလာပါပြီ။  ကားက ည  ၁၁ နာရီ ထွက်မှာမို့ Euroline Bus gate ကို စောစောပြန်ရောက်နေအောင် ပြန်ခဲ့ပါတယ်။

သိင်္ဂါကျော်

16 comments:

မဒမ်ကိုး said...

မှန်တာပြောရင် သစ္စာဆိုရင် ဒိုးကန် တခါလောက်ရောက်ဖူးချင်မိပါတယ် မကြီးရယ်း((

ခရစ္စတလ် said...

ဒီတသက် ရောက်မယ်မထင်တဲ့ နေရာလေးတွေ လာငမ်းသွားပါတယ် :P

sosegado said...

Should u taste the LV and boat ride on river. In Paris I feel like I am in middle east.

ရင်ဆူး said...

အပေါ်ကတစ်ယောက်ပြောသလိုဘဲ တစ်သက်ရောက်မယ်မထင်တဲ့နေရာတွေ မကြီးလက်စွမ်းနဲ့ကြည့်ခွင့်ရခဲ့ပါတယ်....နောက်ဆို ခရီးသွားတိုင်းမိုးမမိပါစေနဲ့ မကြီးရေ......

နေ၀သန် said...

ကိုယ်တိုင်ရောက်နေသလိုပါပဲ.. အစ်မရေ.. တစ်ခေါက်လောက်တော့ ရောက်ဖူးချင်ရဲ့ဗျာ...

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

ဆရာနေ၀င်းမြင့်ရဲ့ ပါရီနွေဦးကို ဖတ်ဖူးပြီးတဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက ပါရီအိပ်မက် မက်ခဲ့တာပေါ့လေ...မွန်မာ့ထ် တို့ ရှောင်ဇလီဇေး လမ်းမကြီးတို့..လုဗ်ဗွားပြတိုက်တို့ အို နည်းမှမနည်းပဲ ဒါတင်မကသေးပဲ ဘာဂတ်လို့ခေါ်တဲ့ ပြင်သစ်ပေါင်မုန့်တူးတူး ရှည်ရှည်ကြီးတွေကိုလည်း မြည်းချင်မိပါရဲ့...

တစ်နေ့နေ့တော့ ပြင်သစ်ကိုလာပါဦးမလေ...လောလောဆယ်တော့ မစားရ ညှော်ခံလိုက်ဦးမပ...တကူးတက ရိုက်တင်ပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါရဲ့ဗျား...

လွင်ပြင်လှိုင်းငယ် said...

သွားကြည့်ချင်လိုက်တာ...ထီကလဲမပေါက်

ဒေါ်စိုး said...

့ပဲရစ်ခဏရောက်ပေမဲ့ဓါတ်ပုံတွေတော်တော်စုံစုံနဲ့ နေရာတော်တော်များများရောက်ခဲ့တာချီးကျူးပါတယ်။
ပဲရစ်လမ်းတစ်ချို့က တစ်လမ်းသွားမို့ အဲံဒီလမ်းတွေမှာ
ဘတ်စ်ကား အသွားအပြန်က တစ်လမ်းထဲမှာ မဟုတ် ပါဘူး။ နောက်တစ်ခါလာလည်မယ်ဆိုရင် အန်တီဆီ စာရေးမေးနိုင်ပါတယ်။ free guide ပေးပါ့မယ်။ အားရင်၊ကျန်းမာရေးကောင်းနေရင်လိုက်ပို့ပေးပါ့မယ်။
နောက်တစ်ခေါက်လာရင်ရာဇ၀င်မှာနံမည်ကြီးတဲ့ ဗါဆိုင်းနန်းတော်နဲ့ ရေလယ်ဘုရား (Mont Saint Michael) လာလည်ပါအုံးလို့ဖိတ်ခေါ်ပါတယ်။

စံပယ်ချို said...

အရင်ကတဲက အဲဒီပဲရစ်ဆိုတာကြီးကိုသွားချင်နေတာပါ
မသွားနိုင်သေးပါဘူး
ပုံတွေကြည့်ရတာ လှလိုက်တာ ရှင်းလင်းကြည်လင်နေတာပဲ
ခုလိုပုံကောင်းကောင်းလေးတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်
----

Anonymous said...

အခုတော့ ပဲလ်ရစ်စ် ရောက်ဖူးသွားပြီ ကျေးဇူးး)
အကုန်ကျများလိုက်မဲ့ ခရီးနော်

မောင်ဘကြိုင်

ဖြိုးဇာနည် said...

ကမ္ဘာပေါ်မှာအလှဆုံး မြို့အဖြစ်သတ်မှတ်ထားတာ
ဒီပဲရစ်မြို့လေးပါ ကျေးဇူးကမ္ဘာပါပဲ သွားရည် ယိုခွင့်
ရလို့ဟိဟိ မြန်မာမှာလို အရက်သောက်ပြီးမဲပေါက်
လို့ အလည်ပို့ပေးမဲ့အရက် ဒီမှာရှိရင်လဲ အကောင်းသားးးး

ကိုရင် said...

ဘယ်လို အခြေအနေနဲ့ ကြုံကြုံ ဓါတ်ပုံရအောင်ရိုက်နိုင်တဲ့ လူဆိုရင် အဲ့တာ ဘလော့ဂါက လွဲလို့ တခြားလူ မဖြစ်နိုင်ဘူး :D

ရွှေပြည်သူ (ShwePyiThu) said...

တစ်ခါရောက်ဖူးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် Eiffel Tower ကလွဲလို့ အစ်မလို သေချာနှံ့နှံ့စပ်စပ် မရောက်ခဲ့ပါဘူး။ နောက်တခါ သွားလည်ချင်တဲ့ ဆန္ဒရှိနေမိပါတယ်။ ဓာတ်ပုံတွေကို အားကျစွာ ငေးမောသွားပါတယ် အစ်မး)

မြစ်ကျိုးအင်း said...

ကိုယ်တိုင်မရောက်ဖြစ်သေးပေမယ့် ပုံတွေ အများကြီးဆိုတော့ စုံစုံလင်လင် မြင်ခွင့်ရလိုက်တာ ကျေးဇူးတင်ဖို့ကောင်းတယ်။

Anonymous said...

အားကျတယ်ရှင့်း)

ဂျူ

San San Htun said...

ရောက်ဖူးချင်တယ်..ဓာတ်ပုံတွေ သေသေချာချာတင်ပေးတာ ချီးကျူးမိတယ်...