တစ်ခါကပေါ့
ကလေးတစ်ချို့ ကစားကြ
ရွံ့အလူးလူးနဲ့ ကွင်းထဲ
ပြန်တက်လာတော့
အဖေ့ရှေ့မှာ တန်းစီရပ်
သူတို့ကိုယ်မှာ ညစ်ပေမနေသလိုမျိုးနဲ့။
ဒါပေမယ့်လည်း ကလေးတိုင်းသိကြ
တစ်ချို့တလေ မျက်နှာမှာ
ရွံတွေ ပေရေနေတာကိုပေါ့။
အဖေက ပြောတယ်
မျက်နှာပေါ်မှာ ရွံ့ပေနေတဲ့တစ်ယောက် ထွက်ခဲ့တဲ့
ဘယ်သူမှ ထွက်မလာပါ
ဘာကြောင့်ပါလဲ။
ကလေးတိုင်းက
မျက်နှာမှာ ရွံ့ပေနဲ့ တစ်ယောက်ယောက်
ထွက်သွားဖို့ကို စောင့်ကြ
ဘယ်သူမှ
သူကိုယ်တိုင်ရဲ့ မျက်နှာမှာ ရွံ့ပေနေတာတော့
မသိနိုင်ဘူးလေ။
Perfect Logician တွေပါ
လူမှန်ရင် အမှားမကင်းတာတော့
လူတိုင်းသိရဲ့၊
သူတစ်ပါးရဲ့ ပြစ်ချက်တိုင်းကို
အလွယ်တကူ ထောက်တတ်သူတွေလည်း ဖြစ်ရဲ့၊
ဒါပေမယ့်လေ
ကိုယ်တိုင်ရဲ့ အစွန်းအထင်းကိုတော့
ကိုယ်တိုင် ဆင်ခြင်ဖို့ ဘယ်တော့မှ အဆင်သင့်မဖြစ်သူ
သူလည်း လူ၊ ကိုယ်လည်း လူ။
သိင်္ဂါကျော်
Muddy children ဆိုတာ reasoning နဲ့ ပတ်သက်တဲ့ Logic puzzle လေးပါ။
http://en.wikibooks.org/wiki/Logic_for_Computer_Science/Reasoning
14 comments:
ကိုယ်လည်းလူ သူလည်းလူ
အဲ့ဒါလေးက အထိဆုံးဘဲ....လုံးဝပြည့်စုံသွားစေတယ်နော်....မကြီးရေ ကဗျာလေးခံစားသွားတယ်ဗျာ.......
စိတ်ကူးကောင်းတယ်ဗျာ.. ဟုတ်ပဗျာ ကိုယ့်အမှားတော့ မြင်နိုင်တဲ့သူ ရှားပါ့ :)
နောက်ကို ကိုယ့်အမှားကြည့်ပါမယ် မမရေ
ကဗျာလေးအတွက်ကျေးဇူးတင်ပါတယ်.
လူ့ဘုံလောကကြီးထဲမှာရှိတဲ့ လူသားအားလုံး ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားနေဘို့သာလိုတယ် ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပ..။
ကဗျာလေးဖတ်ပြီး
ကိုယ့်မျက်နှာမှာ ရွှံ့များပေခဲ့ဘူးသလား ကိုယ်တိုင်ရော အရှေ့ထွက်ခဲ့ဘူးလားလို့ အတွေးပွားနေမိတယ်..။
ကောင်းလိုက်တဲ့ ကဗျာလေးဗျာ
I like it :)
ကလေးဘ၀က မိုးရေထဲမှာ
ဗွက်နီလူးမိတာလေးကို သတိရမိပါတယ်
ထော်ဦး
မျက်နှာမှာ ရွံ့ပေနေသောကဗျာကို ရွံ့ပေနေသော မျက်နှာပိုင်ရှင် မိုးဇက် လာဖတ်သွားပါတယ် ကိုသိက္ခာကျော် ..........း)
ရွှံ့ပေနေတဲ့မျက်နှာနဲ့ ရွှံ့ပေနေတဲ့ ကလေးများပုံပြင်ကိုလာဖတ်သွားတယ် သိင်္ဂါ
မရောက်တာတောင်ကြာသွာပြီဗျာ...။
ကဗျာလေးထဲမှာ ပြောချင်တာလေးတွေ ပေါ်လွင်နေသလို တွေးစေချင်တာလေးတွေကိုလည်း တွေ့လိုက်ရဲ့ဗျာ။
ကျွန်တော်လဲရွံပေနေဆဲပါပဲ။
လူတွေသတိမထားမိအောင်
နေ နေတာကလွဲလို့ပေါ့
မကြီး တကယ်ကြိုက်မိတယ်
ဟုတ်တယ် ..
ချစ်တဲ့
ဒိုးကန်
ဟုတ်ပါ့ ကိုယ့်မျက်နှာ ရွှံ့ ပေနေတာ မြင်ဖို့ ခက်သလို ကိုယ်အမှား မြင်ဖို့ လည်း ခက်တယ်နော်..အတွေးလေးတွေ ရသွားတယ်...
Post a Comment