05 April, 2012

အေပရယ်ဦးမှာ ဖူးသည့်ပန်း


တောက်ပတဲ့ နွေဦးရဲ့
တစ်နေ့သော နေရောင်အောက်
အေပရယ် မိုးစက် တစ်စက်နှစ်စက် သောက်သုံးရင်း
ဣနြေ္ဒကြီးတဲ့ ပန်းဖူးကလေး ဖြစ်တည်ခဲ့။

ငုံကာစကပဲ လောကကို အလှဆင်
ချိုသော မွှေးရနံရဲ့
ညွှတ်နူးဆွတ်ပျံ့စေမှုနဲ့
ပျော်ရွှင်မှုတွေကို ပျံ့နှံစေသူ။

သူ့ကိုယ်သူ ကာကွယ်နိုင်ဖို့
ဆူးဝတ်ရုံ ဝတ်ဆင်ထားတာကလွဲရင်
အဆိပ်တစ်စုံတရာ မရှိတဲ့ ခေါင်းမာမှုနဲ့
လွတ်လပ်ခြင်းကို မြတ်နိုးသူ။

ရိုးစင်းသောဘဝရဲ့ နှစ်လိုမှုထဲ
အသားကျနေလျှက်က
အိပ်မက်တွေကိုလည်း လက်မလွှတ်တတ်သူ။

သူမဟာ
သူ့ကိုယ်သူ အရောင်စွန်းထင်းခွင့်မပြုတဲ့
အဖြူရောင် ပန်းတစ်ပွင့် ဖြစ်ရဲ့။

ဥယျာဉ်ထဲက တော်ဝင်ပန်းကလေးလို
တိတ်ဆိတ်ခြင်းရဲ့ ငြီးငွေ့မှုအသံကို
ချစ်သောသူများနဲ့ အတူ နားထောင်ရင်း
Fairy ကလေးလို အသွင်ပြောင်းပြီး
ဟိုဝေးဝေး ပန်းခင်းတွေထဲ
ခိုးကြောင်ခိုးဝှက် ပျံသန်းပျော်ရွှင်မှုကို တောင့်တ။
တကယ်တမ်းတော့လည်း
Fairy ကလေး ခရီးလွန်သွားခဲ့ရင်
မလင်းတဝက် ညတွေထဲ
လမ်းပျောက်မှာ စိုးကြောက်စိတ်နဲ့
အသွင်ပြောင်းခြင်း သီအိုရီကို မေ့ပစ်ပြီး
ဥယျာဉ်ထဲက ပန်းကလေးအဖြစ်ပဲ
ရှိဆဲ.. မွှေးဆဲ.. လန်းဆဲ..။

(Fairy = နတ်သမီး သေးသေးကလေး)

April မှာမွေးတဲ့ ချစ်သော သူငယ်ချင်းမ နှစ်ယောက် အတွက်...

သိင်္ဂါကျော်

7 comments:

Latt Latt said...

အလည်ရောက်ဖြစ်ပေမဲ့ ဒီတစ်ခါတော့ ရောက်ခဲ့ကြောင်း အသိပေးသွားပါတယ်။ ကဗျာတွေကို သဘောကျမိတယ်။

ခရစ္စတလ် said...

ကြိုက်၏ :)

Cameron said...

April မွေးနေ့ရှင်နှစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ.....ကဗျာလက်ဆောင်လေးက သိပ်လှ နူးနူးညံ့ညံ့လေး.....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာလေးက ဧပရယ် အငွေ့အသက်တွေ အပြည့်ပါဘဲ.
ဧပရယ်မွေးနေ့ရှင်များအားလုံး ကျန်းမာ ချမ်းသာပြီး စိတ်ချမ်းသာပါစေလို့ ဆုတောင်းပေးသွားပါတယ်။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက နူညံ့လိုက်တာ

စံပယ်ချို said...

အဖြူရောင်ပန်းလေးရဲ့ ကဗျာကိုခံစားဖတ်ပြီး
မွေးနေ့ရှင်တွေလဲ ပျော်ရွှင်ပါစေလို့

Anonymous said...

ကဗျာဖတ်ပြီး မွေးနေ့ရှင်တွေသဘောကျမှာ


မောင်ဘကြိုင်