24 April, 2012

ကောင်မလေး အတွက် ၅


ငှက်တွေ အုပ်စုဖွဲ့ ပျံသန်းဆဲ ညနေ
ပန်းနုရောင် တိမ်တွေ
ဟိုအဝေး သစ်ပင်ထိပ်ဖျားမှာ ချိတ်ဆွဲလျှက်ပေမယ့်
ကောင်မလေးရဲ့ ပါးပြင်နုနုကို မမှီ။

နွေဦးရဲ့ နောက်ကျ ဆည်းဆာထဲ
ကောင်မလေးရဲ့ အနီရောင်ဆံနွယ်တွေ လွင့်နေ
သူ့နေရပ်က နတ်ဖုရားမ အဖရိုဒိုက်လို ထယ်ဝါမှုနဲ့
ကန်ရေပြင်ရဲ့ ကြည်လင်မှုထဲ
ကောင်မလေးရဲ့ ကောက်ကြောင်းက ထင်ဟပ်။
မင်းနံဘေးနား မဟုတ်ခဲ့ရင်
ညနေခင်းဟာ လှပတယ်လို့
ငါတစ်ခါမှ မထင်ဖူးခဲ့။

ကော့ညွှတ်ရှည်သွယ် မျက်တောင်တွေအပင့်
အပြစ်ကင်းတဲ့ မျက်ဝန်းတွေရဲ့ အကြည့်အောက်
ငါ နွေးထွေးခဲ့တယ်...
တစ်ခါမှ အထီးကျန် မအေးစက် ဖူးသလိုမျိုး။

ပြီးဆုံးခဲ့တဲ့ အရင်ပုံပြင်များနဲ့ မနှိုင်းယှဉ်သာအောင်
ငါ့စက္ကန့်တိုင်းကို သိသိသာသာ ပိုင်စိုးခဲ့ရဲ့
ကောင်မလေးရေ
မင်း အပြုံးတစ်ချက် အလက်မှာပဲ
ငါ့ရင်ခုန်သံတွေ ရပ်စေလိုရင်တောင် ရပ်ဖို့အသင့်ဖြစ်နေအောင်
မင်းကို ပျော်စေလိုသူပါ။

ပန်းနုရောင် ကျူးလစ်နှုတ်ခမ်းလေး အပွင့်ကို စောင့်စား
သွယ်နွဲ့နွဲ့ မင်းကိုယ်လုံးကလေးရဲ့ ဖြားယောင်းမှု
င့ါတစ်သက်လုံး ရုံးမထွက်ချင်မိတဲ့ အိပ်မက်တစ်ခု၊
မနှိုးလိုက်ပါနဲ့ ကောင်မလေးရေ..
မင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်မပေးနိုင်ဘူးလို့များ
ကြားခဲ့ရရင်
မှော်ဆရာမကြောင့် ကျောက်ရုပ်ဖြစ်သွားတဲ့ သစ်တစ်ပင်ဟာ
ငါပဲ ဖြစ်သွားလိမ့်မယ်..။

သိင်္ဂါကျော်


ကောင်မလေးအတွက် ၎

9 comments:

ahphyulay said...

အင်း...
ကောင်မလေးအတွက် (၅)တောင်
ရောက်နေပေါ့ လား။ ကျွန်တော့် မလဲ
အနုအရွ အလှ မခံစားနိုင်အောင်သုံးလေး
လလောက် ခွပ်ဒေါင်းအလံကြီးကို ငေး
နေမိတယ်။ မနေ့ ကမှ အလန့် ထညက်
ပို့ (စ) တစ်ပုဒ် ထ,ရေးမိပါတယ်.။
ခွင့် လွှတ်ပါဗျာ...။
ကျွန်တော့် အတွက်တော့ ..
ကောင်မလေး မဟုတ်ပဲ
ခွပ်ဒေါင်းလေး ဖြစ်နေပါအုံးမယ်..။
အနည်ထိုင်တဲ့ တစ်နေ့  ရွာထဲ ပြန်လည်
စာထဲ ပြန်လည်ပါတော့ မယ်ဗျာ..။

ခင်တဲ့ 
( အဖြေးလူ )

စံပယ်ချို said...

မှော်ဆရာမကြေင့်ကျောက်ရုပ်ဖြစ်သွားတဲ့ သစ်ပင်ဟာ
ဖတ်နေတဲ့ jas လဲဖြစ်နိုင်တာပါပဲ---

kokoseinygn said...

လေနုအေး ဆိုတဲ့ အသုံးလေးကို
ကြိုက်တယ် ကဗျာဖတ်ရင်း
ဝတ္တုတိုလဲမြည်းလို့
စာတွေအများကြီးေ၇းတာကို
သဘောကျမိပါ၇ဲ့

AH said...

နောက်ဆုံး စာကြောင်းလေးကို ခိုက်၏

mstint said...

စကားလုံးအနုအရွလေးတွေနဲ့ တန်ဆာဆင်ပြီး ဖွဲ့နွဲ့ရေးသားထားတာလေး အားပေးသွားတယ် ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဖြိုးဇာနည် said...

အတော်လေးဖတ်လို့ကောင်းပါတယ်
ပြီးတော့ သိင်္ဂါကျော် ဆိုတာ နှင်းဆီ
တစ်ခင်းကမှန်းခုမှသိတာ အရင်ကများကြီး
ဖတ်ဖူးပါတယ်။သိင်္ဂါကျော်ရေးတဲ့ဝထ္ထုတွေပေါ့
လေးစားမိတယ့်အရေးအသားလေးတွေကိုလေ
အရင်ကတော့ သယ်ရင်းတစ်ယောက်က
notepad ထဲမှာများကြီးစုစည်းပြီး ပို့ပေးဖူးတယ်
ဝထ္ထုတိုလေးတွေပေါ့ အဲ့အထဲမှာ သိင်္ဂါကျော်ရဲ့
ဝထ္ထုတွေအတော်လေးပါခဲ့တယ့်ခုမှပဲဖမ်းမိတော့တယ်

ထော်ဦး said...

တို့ အစ်မကျော်နဲ့ အတူ
teenမှာ ကဗျာအတူတူ ဆုံခွင့်ရတာကို
အမြဲအမှတ်ရမိပါတယ်...
ကဗျာအနုအလှလေးတွေ ရေးကောင်းလှတဲ့
တို့ အစ်မကို အားကျမိပါကြောင်း...
ထော်ဦ်း

လွင်ပြင်လှိုင်းငယ် said...

ပန်းနုရောင် ကျူးလစ်နှုတ်ခမ်းလေး အပွင့်ကို စောင့်စား
သွယ်နွဲ့နွဲ့ မင်းကိုယ်လုံးကလေးရဲ့ ဖြားယောင်းမှု
င့ါတစ်သက်လုံး ရုံးမထွက်ချင်မိတဲ့ အိပ်မက်တစ်ခု၊
မနှိုးလိုက်ပါနဲ့ ကောင်မလေးရေ..

ဒီစာသားလေးကို အရမ်းကြိုက်တယ်
အားပေးလျက်
လွင်ပြင်လှိုင်းငယ်

ကိုရင် said...

ကဗျာစီးရီးတွေ ဖတ်ရတာ သိပ်ကောင်းပါ့..
လုပ်ထားဟ..
၅ ပြီးရင် ၆