ကိုယ့်ကိုယ်ကို မသိတာမရှိဘူးဆိုတဲ့
လူတတ်ကြီးတွေ ကြားမှာ
ငါက ဗလာလူသားတစ်ယောက်လို နေချင်တယ်။
ကိုယ့်အမြင်မှကိုယ် အမှန်လို့ ထင်ကြတဲ့
ငြင်းခုန်မှုတွေ ကြားမှာ
ငါက စကားမပြောတတ်သူ တစ်ယောက်လို နေချင်တယ်။
ပြဿနာအစတွေ ရှာရှာဖွပြီး
ကိုယ့်အကုသိုလ် ကိုယ် ရှာရတာကို
အကောင်းထင်နေတဲ့ လူတွေကြားမှာ
ငါက နားမကြားသူတစ်ယောက်လို နေချင်တယ်။
ကိုယ့်စိတ်ထဲက နတ်ဆိုးနဲ့ နတ်ကောင်း
အမြဲတမ်း အားပြိုင်မှုတွေထဲ
ကိုယ့်ကိုယ်ကို ပြန်ရှာနေရတာနဲ့တင်
သူတစ်ပါးကို လက်ညှိုးထိုးဖို့ မအားမလပ်ရှိသူရယ်ပါ။
နာရီတွေ သွားတာ မြင်နေနိုင်ဖို့အတွက်
အသက်မွေးမှု တစ်စုံတစ်ရာကို လုပ်နေရသတဲ့။
အချိန်တွေ လေလွင့်သလောက်
အကျိုးရယ်လည်း မရှိခဲ့ပါလား။
လိုအင် ဆိုတာ ဘယ်သောအခါမှ
အဆုံးတိုင် ပြည့်ဝဖို့ ဆိုတာ မရှိသောအရာ။
အလိုမပြည့်မှုတွေက Vampire တွေ သွေးငတ်သလို
တဖြည်းဖြည်း ဆိုးလာကြလိမ့်မယ်။
ငါ့လိုဘတွေ ငါမဖြည့်နိုင်သလို
ဘယ်သူ့အလိုကိုမှလည်း ဖြည့်မပေးနိုင်တဲ့သူ။
အသုံးမကျတဲ့သူ လို့
ပင်လယ်တွေရဲ့ ဟိုမှာဘက်ထိ ရောက်အောင် အော်ပြောလိုက်ပါ။
တိတ်ဆိတ်တဲ့ မြက်ခင်းထဲ
ငါ့ကို ခဏလောက် လွှင့်ပစ်ခဲ့ကြပါ။
ပေါင်းပင်တွေ ကြားထဲက သစ္စာပန်းတစ်ပင်
ရေလောင်းပေါင်းသင်သူ မရှိပဲ လှလှပပ ရှင်သန်တာကို ကြည့်ရင်း
စိတ်ခွန်အား ဖြည့်ဖို့ လိုလိမ့်မယ် ထင်တယ်ကွယ်။
သိင်္ဂါကျော်
8 comments:
အဓိပါယ်တွေပြည့်နေတဲ့ ကဗျာတပုဒ်ခံစားခဲ့ရတာ
ကျေးဇူးပါရှင်
နေရာအးလုံးကတော့ တူတူပါပဲ
vampire တွေကိုမြင်နေရတယ်
လူတွေကြားမှာ နေရတာ များလာလေလေ ၊
လူတွေကြားမှာ မနေချင်လာလေလေ ပဲ ... :)
အမရေ
ကဗျာ လာဖတ်သွားပါတယ်နော်
း) အုမှပဲ ကဗျာလာဖတ်နိုင်တောပတား)
နေကောင်းတယ်မဟုတ်လား
အလေအလွင့် ၊ အဖိတ်အစင် ဓာတ်များသာ ...
များပြားသော ကမ္ဘာ ... ။
ကဗျာကောင်းလေး တစ်ပုဒ် ဖတ်သွားတယ် ကျော်ရေ..
လူသားတိုင်း အခုလိုခံယူချက်လေးတွေ ထားနိုင်ရင် ငြိမ်းချမ်းတဲ့လောကကြီးကို အလှဆင်နိုင်မှာ အသေအချာ....
မေတ္တာဖြင့်
တီတင့်
အမရေ..ဒီလိုပဲ၊ on the air မှာ air of crap တွေ သိပ်များတာ ဆန်းကျယ်မှုမဟုတ်တော့ပါဘူး၊ တူရာစုတဲ့ ငြိမ်းချမ်းတဲ့ ဒီနေရာလေးပဲ ကောင်းပါတယ်၊ "ငါ"ဆိုတာ မရှိတဲ့ ဒီနေရာပေါ့။ :)
အရမ်းကောင်းပါတယ်အမ
Post a Comment