13 July, 2009

ရာထူးတိုးတက်စေသောဂါထာ


ပြည်မြို့ သဒ္ဓမ္မမဉ္စူ ဆရာတော်ဘုရားကြီး ပေးသနားတော်မူသော ဂါထာတော်မြတ်ဖြစ်ပါသည်။
ဆရာတော်ကိုယ်တိုင် လက်ရေးဖြင့် ရေး၍ တက္ကသိုလ်ဆရာမ များကို ပေးထားခြင်း ဖြစ်ပါသည်။
နံနက် နေထွက်ချိန်တွင် နေမင်းကြီး ရှိရာသို့ ကြည့်၍ တတ်နိုင်သလောက် ရွတ်ဆိုရန် ဖြစ်ပါသည်။

“ အယံ - ဤနေမင်းကြီးသည်၊ ဥဒေတိ - တက်လတ်၏။
တံ - ထိုနေမင်းကြီးကို၊ နမာမိ - ရှိခိုးပါ၏။ “

(ရာထူးတက်ရတော့မယ့် အချိန် အပိုင်းအခြား ပြည့်ချိန်မှာ သူများ အသုတ်နဲ့ မတူ အမြဲတမ်း နောက်ကျတတ်တဲ့ ကိုယ်တို့ Batch ကလူတွေ ရွတ်ဖို့သင့်ပါတယ် ... :D)

2 comments:

ဝက်ဝံလေး said...

ကော်ပီ ယူသွားပါတယ်နော်
စိတ်မဆိုးဘူး ဟုတ်

မေကျော် said...

ငယ်ငယ်ကတော့ ကျက်ခဲ့ဖူးတယ် ဂါထာတွေဗလ
ခုနောက်ပိုင်းတော့ ရွတ်ဖြစ်တော့ဘူး....