15 July, 2009

မအတွက်






ကျွန်တော့်နှလုံးသားထဲ
မခေါ်ပဲဝင်လာသူ။

တော်ဝင်သဇင်လို
ပင်ယံမြင့်ပန်းမို့
နွမ်းပင်နွမ်းစေ
အလိုလိုတော့ မကြွေတတ်တဲ့အမျိုး။

ကြွေပင်ကြွေချင်သော်လည်း
ဆွတ်သူ မထိုက်လျှင်
မလိုက်ချင်တတ်သူမျိုး။

မ ရေ
တစ်ကြိမ်တစ်ခါလောက်တော့
အိမ်မက်မက်ခွင့်ပေးပါ။
နှလုံးသားဆိုတာ
ဥပဒေနဲ့ အကျဉ်းချထားလို့
ရကောင်းတဲ့ အရာမှ မဟုတ်ပဲ။

အချစ်ဦးကပေးခဲ့တဲ့
နှလုံးသားဒဏ်ရာကြောင့်
အချစ်ကို မယုံကြည်ဖူးလို့
မျက်စိမှိတ်ပြီး မငြင်းပါနဲ့။

အချစ်ဆိုတာ
အသစ်တစ်ဖန်လည်း
ပြန်လည်မွေးဖွားလို့ ရကောင်းတဲ့အရာပါ။

ကျွန်တော့်နှလုံးသားကတော့
အသစ်စက်စက် ဖြစ်တဲ့အကြောင်း
ဘယ်အရာနဲ့များသက်သေပြနိုင်မလဲ။

ပြန်မရနိုင်ရင်တောင်
ပေးဆပ်မယ့်အချစ်မျိုး
မအတွက် သက်သက်
ဖြစ်တည်ခဲ့တာ...။
မ နှလုံးသားထဲ
ယုံကြည်မှုတည်ဆောက်နိုင်မယ်ဆို
ဘယ်အရာမဆို
လုပ်ပြချင်ပါရဲ့။

တုံပြန်ဖို့လည်း
မတောင်းဆိုရဲသူမို့

ယုံကြည်လိုက်ရုံလေးပါ။

သိင်္ဂါကျော်
15.7.2009
1:30
...

3 comments:

မယ့်ကိုး said...

မရေ ... ကြိုက်တယ်။ ယောက်ျားလေးဖက်က ရေးထားတာ နည်းပညာနဲ့  မျှဝေခံစားမှုကို သဘောကျမိပါတယ်။

ကျော်သူလင်း said...

နော်အတွက်ရေးထားသလိုပါပဲ....
တိုက်ဆိုင်မှုရှိလို့ကြိုက်တယ်....
အားပေးနေမယ်နော်......

ဝက်ဝံလေး said...

အဟားးးးးး မမက ယောက်ျားလေး ဘက် က ရေးတာတော်တယ်နော် ဟိဟိ ကြိုက်တယ်