၁၉၃၀ အစောပိုင်းလောက်ကပါ။ လယ်သမား တစ်ယောက်နဲ့ သူ့ရဲ့ ဇနီး ဟာ ပျော်ပွဲရွှင်ပွဲ တစ်ခုကို သွားခဲ့ပါတယ်။ လယ်သမားဟာ အပျော်စီး လေယာဉ်ပျံ ကို အရမ်းသဘောကျ ပြီး တစ်ခါစီးရင် ဘယ်လောက်လဲ လို့ လေယာဉ်မောင်းကို မေးပါတယ်။
လေယာဉ်မောင်းက ၃ မိနစ် အတွက် ၁၀ ဒေါ်လာပါ လို့ ပြန်ပြောပါတယ်။ အရမ်းကို များတာပဲ လို့ လယ်သမားက ပြန်ပြောတယ်။လေယာဉ်မောင်းက တစ်စက္ကန့်လောက် စဉ်းစားပြီး " ခင်ဗျားကို အခွင့်အရေး တစ်ခုပေးမယ်။ တကယ်လို့ ခင်ဗျား ရော ခင်ဗျား မိန်းမရော အသံတစ်ချက်မှ မထွက်ပဲ စီးနိုင်ခဲ့ရင် တစ်ပြားမှ ပေးစရာ မလိုဘူး။ မဟုတ်လို့ တစ်ခွန်းလောက် အော်မိရင်တော့ ၁၀ ဒေါ်လာ ပေးရမယ် " ပြောတယ်။
လယ်သမား နဲ့ သူ့ဇနီးက သဘောတူပြီး လေယာဉ် စီးခဲ့တယ်။
သူတို့ မြေပြင်ပေါ် ပြန်ဆင်းလာပြီးတဲ့ အခါမှာတော့ လေယာဉ်မောင်းက လယ်သမားကို ပြောတယ်။ "ခင်ဗျားကိုတော့ တကယ် ချီးကျူးပါတယ်၊ အသံကလေး တစ်စက်မှတောင် မထွက်ဘူးနော်... တကယ် သတ္တိရှိတာပဲ"
"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် မိန်းမ ကျသွားတော့ အော်မိတော့မလို့ပဲ " လို့ လယ်သမားက ပြန်ပြောတယ်။"
(စာရေးရမှာ ပျင်းနေလို့... ဖတ်မိတဲ့ ဟာသတိုလေး တင်လိုက်တာပါ။)
...
4 comments:
အင်းးး ဟားးးးးးးးဟားးးးးးးးး ဟုတ်တယ် ဘယ်နားမှာလဲမသိဘူး ဖတ်ဖူးတယ် ဒါပေမယ့် ပြန်ဖတ်သွားတယ် ဟိဟိ
ဟိုက် အဲဆို သူ့မိန်းမပြုတ်ကျသွားတယ်ပေါ့
ဟယ် ဆယ်ဒေါ်လာနဲ့း)း)
မဆိုးပါဘူး ဖတ်လို့ကောင်ပါတယ်
ဒီလိုဟာသမျိုး များများ ဘာသာပြန်ပါ ညီမ။ သဘောကျလို့..
Post a Comment