04 September, 2009

ပထမဆုံးကြိုက်မိသော Blog များ


ဝက်ဝံလေး Tag ထားတဲ့ Post ပါ။ အကြိုက်ဆုံး ဘလော့တွေလို့ Tag ထားပေမယ့် ဒီခေါင်းစဉ်ကို နည်းနည်း ပြောင်းပါရစေ။ ဖတ်တဲ့ blog တွေကလည်း တဖြည်းဖြည်းနဲ့ များလာတော့ အကြိုက်ဆုံး ရယ်လို့ ပြောရမှာ ခက်လာ ပါတယ်။ ကိုယ်ကတော့ ပုဂ္ဂိုလ်စွဲလည်း မရှိပါဘူး။ စာကောင်းကောင်းလေး တွေ့တဲ့အချိန်မှာ အဲဒီ blogကို ကြိုက်လိုက်တာပါပဲ။ အမည်နာမနဲ့ပြောရမယ်ဆိုရင်တော့ ဒီလို ပြောပါရစေ။

“ပထမဆုံး ဖတ်မိ ကြိုက်မိတဲ့ blog များ” လို့ပါ။

ကိုယ့်ကို blog တွေဖတ်ဖို့ အတူ ကျောင်းတက်တဲ့ သူငယ်ချင်း နှစ်ယောက်က စညွှန်းတာပါ။ အဲဒါတွေ ဖတ်ရင်းနဲ့ အားကျပြီး ရေးချင်တဲ့ ပိုးကလည်း အရင်ကတည်းက ရှိလေတော့ ကိုယ်ပိုင် blog ပါ စလုပ်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး စဖတ်တာ နိုင်းနိုင်းစနေ ရဲ့ blog ပါ။ ကိုယ်မဖတ်နိုင်တဲ့ တရုတ်ဘာသာက ဘာသာပြန်ထားတဲ့ ပိုစ် ကောင်းကောင်းလေးတွေ အမြဲ ဖတ်ရလို့ ကြိုက်ပါတယ်။

နောက် ရွှေပြည်သူ ရဲ့ blog မှာလည်း တစ်ခါတစ်လေ ဆောင်းပါး ကောင်းကောင်းလေးတွေ ဖတ်ရလို့ သွားသွား ဖတ်တယ်။

နိုင်ငံရေးနဲ့ ပတ်သတ်တာတွေ စိတ်မဝင်စားပေမယ့် မေငြိမ်း ကို ဝတ္တုတွေ ကြိုက်ခဲ့ဖူးတဲ့ စာရေးဆရာမ ရဲ့ blog မို့လို့ သူတင်တဲ့ ဝတ္တုတို အသစ်လေး၊ အဟောင်းလေးတွေ သွားသွားဖတ်ရလို့ ကြိုက်တယ်။

နောက်တစ်ယောက်က ရေခဲပြင်ပေါ်က ပန်းကလေး ခွန်မြလှိုင်။ သူ့တင်တဲ့ စာလေးတွေလည်း ကြိုက်တယ်။ သူ့ရဲ့ ဂမ္ဘီရ အခန်းဆက် ဝတ္တုရှည် တစ်ပုဒ် လည်း ဖတ်လို့ကောင်းတယ်။

နောက်ဆုံး တစ်ယောက်က ခုတလော စာသိပ်မရေးပေမယ့် သူရေးတဲ့ အတိုအစလေးတွေကိုက ဖတ်ကောင်းလို့ သွားသွားဖတ်တဲ့ စာရေးဆရာမ မိုးချိုသင်း

ငါးယောက် လို့ ကန့်သတ်ထားတော့လည်း ရပ်လိုက်ရပြီပေါ့။ ကိုယ် အားရင် အမြဲတမ်း သွားသွား ဖတ်နေတဲ့ blog တွေ ရှိပါသေးတယ်။ အများကြီး...။ link ထားတာတွေကိုပဲ ကြည့်ပါတော့။ သွားဖတ်တယ် ဆိုကတည်းက ကြိုက်လို့ သွားဖတ်တာပေါ့။ မကြိုက်ပဲနဲ့ တော့ သွားဖတ်ပါ့မလား နော်...။

(ဝက်ဝံလေးရေ ကျေနပ်တယ် မဟုတ်လား...)

သိင်္ဂါကျော်

6 comments:

ဝက်ဝံလေး said...

ဟုတ် ကျေနပ်ပါတယ် ရှင့် ဟိဟိ

နံမည်လဲ မှန်အောင် ပေါင်းထားပါတယ်နော် နောက်တခါ မမှားစေရဘူး စိတ်ချ ခိခိ

ဘိုင် တာ့တာ

ဝက်ဝံလေး said...

မမရေ ဗိုင်းရပ်စ် လို ဇာတ်လမ်းမျိုး လုပ်ဦးလေ ဖတ်ကောင်းတယ်လို့ သိလား

မယ့်ကိုး said...

ကျွန်မလည်း မရဲ့ ဇာတ်လမ်းလေးတွေ ကြိုက်တယ်။ အားပေးနေပါတယ်နော်။ လင့်ခလည်း လင့်ခထားပါမယ် =)
ခင်မင်စွာဖြင့်...

ရွှေပြည်သူ (ShwePyiThu) said...

စာရေးကောင်းတဲ့ အစ်မရဲ့ ပထမဆုံးဖတ်ဖြစ်တဲ့ ဘလော့တွေထဲမှာ ပါခွင့်ရတာ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ် အစ်မ။ တခုတ်တရ ထည့်ရေးထားတာကိုလည်း ကျေးဇူးတင်ပါတယ်နော်း)

Anonymous said...

Ich denke, dass Sie nicht recht sind. Ich kann die Position verteidigen. Schreiben Sie mir in PM, wir werden reden. levitra 20mg forum viagra generika [url=http//t7-isis.org]viagra generika 100 mg[/url]

Anonymous said...

hi all

http://www.tor.com/community/users/disonacas1989
http://www.tor.com/community/users/puetidsehrla1988
http://www.tor.com/community/users/loacompsubni1984
http://www.tor.com/community/users/moahuntfiwolf1981
http://www.tor.com/community/users/emmatsewhitt1980