06 December, 2009

ပြင်ဦးလွင် ပန်းပွဲတော်


ရုံးက ဈေးပို့တဲ့ စနေနေ့မှာ ဈေးကားနဲ့လိုက်သွားပြီး ဈေးမဝယ်ပဲ ကန်တော်ကြီး ပန်းပွဲတော် ကြည့်ချင်တာနဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သွားခဲ့ပါတယ်။

ဒါက အဝင်ဝက ပန်းမြို့ရိုးပါ။ ခြင်္သေ့နှစ်ကောင် ခြံရံထားတဲ့ နန်းမြို့ရိုးပါ။ ခုမှ စပြင်တုန်းမို့ ထင်ပါရဲ့ ကြိုးတွေ တားထားပြီး အထဲမဝင်ရဘူး ဆိုလို့ ဓါတ်ပုံလေးပဲ ရိုက်ခဲ့ရပါတယ်။ လီလီပန်းနံတွေ မွှေးနေလို့ လူပါ ဝင်ပြီး ဓါတ်ပုံရိုက်ချင်ပေမယ့် မရခဲ့ပါဘူး။ 





 


အတွင်းကို ဝင်ခဲ့တော့ သိပ်တော့ ထူးထူးခြားခြား ပြင်ဆင်ထားတာမျိုး မရှိပါဘူး...။ အနည်းအပါး ပါပဲ...။




အောက်ကပုံတွေကလည်း ပန်းအစစ်တွေနဲ့ လုပ်ထားတာတော့ မဟုတ်ပါဘူး။ အတုတွေပါ။ 










 ဆောင်းမှာ ပွင့်နေကြပန်းကလေးတွေကိုတော့ တိုးချဲ့ပြီး စိုက်ထားပါတယ်...။ အရင်တစ်ခေါက် မရှိတဲ့ ပန်းခင်းအသစ်လေးတွေတော့ အများကြီးပါပဲ။









အောက်က နှင်းဆီခင်းကတော့ အရင်ကတည်းက ရှိပါတယ်။ လှတာလေး တွေ့လို့ ရိုက်လာတာပါ။



ဒီအကောင်တွေလည်း အစက တစ်ကောင် နှစ်ကောင်ပဲ လွှတ်ထားတာ.. အခုတော့ အုပ်လိုက် အများကြီးပဲ လွှတ်ထားပါတယ်။






ပထမဆုံးပွင့်တဲ့ ချယ်ရီ တစ်ပင်အောက်မှာလည်း ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်...။



ဒီလို အရုပ်ကလေးတွေလည်း ရှိပါတယ်။




သိင်္ဂါကျော်
5.12.2009


9 comments:

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ပန်းကလေးတွေက လှလိုက်တာဗျာ...။
ဓါတ်ပုံလေးတွေအတွက်ကျေးဇူးပါ...။
တစ်ခေါက်လောက်တော့ ရောက်ဖူးချင်မိသား...။

ခင်မင်တဲ့
ဏိလင်းညို

လသာည said...

လှလိုက်တဲ့ ရှုခင်းလေးတွေနဲ့ ပန်းလေးတွေနော်။ ဒီမှာ ပန်းတွေအလှဆင်ကြရင် ကြည့်ပြီး ရင်သပ်ရှုမောဖြစ်မိနေခဲ့တယ်။ အခု ကိုယ့်နိုင်ငံမှာလည်း ကိုယ်မရောက်သေးတဲ့ တချို့နေရာလေးတွေမှာ ဒီလိုလှပတဲ့ရှုခင်းတွေ ရှိတာ တွေ့လိုက်ရတော့လည်း ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူမိပြန်ရော။ ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ တင်ပြပေးတာ ကျေးဇူးအရမ်းတင်တာပဲ။ နောက်လည်း တင်ဦးနော်။

မောင်သီဟ said...

ဟာာာာ အရမ်းသွားချင်တယ်ဗျာ မရောက်တာကြာပြီ
ကျေးဇူးဗျာ ဓာတ်ပုံလေးတွေတင်ပေးလို့
လှတယ်ဗျာ

နှင်းဟေမာ said...

မေမြို့အမှတ်တရပုံလေးတွေအလွမ်းပြေ
ကြည့်ရတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ် ....
ခင်မင်စွာဖြင့်
နှင်း

PAUK said...

လှတယ်..လှတယ်..
အမြဲတမ်းလှတယ်..
ကန်တော်ကြီးက..

လင်းဒီပ said...

ပြင်ဦးလွင်ကို ဓာတ်ပုံတွေထဲမှာ ခဏခဏရောက်တယ်..။
မသိင်္ဂါကျော် ဓာတ်ပုံလေးတွေ တင်တာ အရမ်းကြည့်လို့ကောင်းတယ်..
ကိုယ်တိုင်ရောက်သွားသလို...။

ဂျစ်တူး ( မုံရွာ ) said...

အော် = = =
ပန်းပွဲတော်စင်္ကာပူကိုတော်တော်လှပြီအောင်းမေ့နေတာ
ဒို့ တိုင်းပြည်ကိုမမှီသေးဘူးကိုးဗျ
တကယ့်ကိုလှပါပေတယ်ဗျာ-
ချယ်ရီပင်ကြီးကလည်းတော်တော်လှတာဘဲနော်-

ဆောင်းချမ်းမိုး said...

အဲဒါ မြန်မာပြည်ရဲ့အလှ
မြန်မာရှုခင်းပါ..
ကျနော်လွမ်းလိုက်တာ...

အစိမ်းရောင် said...

သိင်္ဂါရေ
သစ်ခွတွေ လာငမ်းသွားတယ်... တို့ ဘလော့ဂ် မရေးခင်ကတည်းက သိင်္ဂါရဲ့ စာတွေအမြဲလာဖတ်နေကျ
comment တော့မရေးဖြစ်ဘူး... လင့်ချိတ်ထားပေးတာကျေးဇူးနော်..သိင်္ဂါ့ဘလောဂ်လေးကို လင့်ခ်ပြန်ယူသွားတယ်...
မနှစ်ကတော့ ပြင်ဦးလွင်ကိုရောက်ခဲ့တယ်..
ခုတော့ အိမ်မက်လိုဘဲ ..
ပန်းတွေကြည့်လိုက်ရတာ စိတ်ချမ်းသာသွားတယ်..
ပျော်ပါစေနော်..