29 December, 2009

နှစ်သစ်အကြို

အိမ်ကို တစ်ပတ်လောက် ပြန်မှာမို့ Net သုံးဖြစ်မယ် မထင်ပါ...။ အိမ်မှာလည်း ကောင်းကောင်းအနားယူရမှာ မဟုတ်ပါဘူး..။ ပြန်လာရင် စာမေးပွဲလေး တစ်ခု ရှိလို့ စာလည်း နည်းနည်းတော့ ကြည့်ရဦးမယ်...။


ပြန်ကာနီး ကဗျာလေး တစ်ပုဒ် ကောက်ရေးပြီး တင်လိုက်တာပါ...။ တစ်ပတ်လောက်တော့ ပျောက်နေပါဦးမယ်...။ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ...။




၂၀၁၀ က တာဝန်လွှဲပြောင်းဖို့ကို
တံခါးဝမှာ ရပ်စောင့်နေတော့
၂၀၀၉ က သူ့တာဝန်ပြီးပြီဆိုပြီး
ဒီဇင်ဘာက သူ့လက်အေးကြီးထဲက
သက္ကရာဇ်ကို လွှတ်ချ...
၂၀၁၀ ဇန်နဝါရီက
ကမန်းကတမ်း လှမ်းဖမ်းလိုက်ရတယ်။


သူငယ်ချင်း..
မင်းလည်း
အသက်တစ်နှစ်ကြီးလာပြီ၊
လောဘ၊ ဒေါသ တွေလျှော့ပြီး
လွတ်လွတ်လပ်လပ် ရယ်လိုက်ပါ...
ဘဝက တိုတိုလေးပဲ...၊
ဘယ်သူ့မှ အာဃာတ မထားပဲ
လွယ်လွယ်ခွင့်လွှတ်လိုက်ပေါ့။
၂၀၀၉ က အမှားတွေ အတွက်လည်း 
နောင်တ မရကြေးလေ...။
၂၀၁၂ မှာ 
ကမ္ဘာကလည်း ပျက်ချင်ပျက်တော့မှာ မဟုတ်လား...။


၂၀၁၀ နှစ်သစ်မှာ
ငြီးငွေ့နေတဲ့ အဟောင်းတွေ စွန့်ပစ်

ပန်းတိုင်သစ်တွေချပြီး
လုပ်ချင်တဲ့ အရာတွေကိုသာ
ပျော်ပျော်ပါးပါး ဆက်လုပ်ကြတာပေါ့
သူငယ်ချင်း...။


သိင်္ဂါကျော်
29.12.2009
11:47 AM



ဒါလေးကတော့ မနှစ်က နှုတ်ဆက်ထားတဲ့ ကဗျာလေးပါ။



19 comments:

Khyl said...

ကြိုပြီးနှုတ်ဆက်လိုက်ပါတယ်....
HAPPY NEW YEAR 2010.... to you

Nge Naing said...

နှစ်သစ်မှာ ပျော်ရွှင်ပါစေ။ လိုရာဆန္ဒပြည့်ဝပါစေ။

ချော said...

သိဂါင်္ရေ နှစ်သစ်မှာ အိမ်မှာအေးအေးဆေးဆေး အနားယူရင်း ပျော်ရွှင်နိုင်ပါစေနော်...မပြန်ခင်အချိန်မှီလာနှုတ်ဆက်သွာပါတယ်...အမြန်ပြန်လာခဲ့နော်..

Anonymous said...

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ

ချစ်ကြည်အေး said...

သိဂါင်္ရေ...နှစ်သစ်မှာ ပျော်ရွှင်ပါစေ....နော်..:D

နွေဆူးလင်္ကာ said...

happy new year ပါ။ ပြန်လာချိန်ကို စောင့်နေပါ့မယ်.

sea said...

လွမ်းနေမယ်နော်...

ညလင်းအိမ် said...

ဟုတ်ကဲ့ ... နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ...

လင်းကြယ်ဖြူ said...

နှစ်သစ်မှာ ပန်းတိုင်သစ်တွေချပြီး
လုပ်ချင်တဲ့အရာတွေကိုသာ ပျော်ပျော်ပါးပါးဆက်လုပ်ရင်း
အစစအရာရာ အဆင်ပြေပါစေလို့....
*.*.*

~ဏီလင်းညို~ said...

မသိင်္ဂါကျော်ရေ...
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေနော်ဗျာ...။ ဆုတောင်းပေးတယ်ဗျ...။
(ပြန်လာရင်... မုန့်ဝယ်ခဲ့နော်...ဒါဗြဲ...)
ခင်မင်တဲ့
ဏီလင်းညို

ကြည်ဖြူပိုင် said...

ကောင်းလိုက်တဲ့ကဗျာလေး
နှစ်သစ်မှာပျော်ရွှင်ပါစေ
စာမေးပွဲလဲအမှတ်ကောင်းနဲ့အောင်ပါစေ
ိလို့ချစ်သောစိတ်နဲ့ဆုတောင်းသွားပါတယ်

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ..

အဖြူရောင်နတ်သမီး said...

2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.

မြစ်ကျိုးအင်း said...

နှစ်သစ်မင်္ဂလာဖြစ်ပါစေနော်

မယ့်ကိုး said...

Happy New Year ပါ မရေ...
ပျော်ရွှင်ဖွယ် နှစ်သစ်ကစ အစစ အရာရာ အဆင်ပြေ အောင်မြင်ပါစေ... စာကောင်းတွေလည်း အများကြီးရေးနိုင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ပြန်လာရင်..ကတွတ်ယိုတော့ပါမှဖြစ်မယ်

လသာည said...

Happy New Year!!!
၂၀၁၀ တနှစ်စာအတွက် ကဲ စ လှမ်းကြစို့...

ရွှေပြည်သူ (ShwePyiThu) said...

ပျော်စရာကောင်းတဲ့ အိမ်အပြန်ခရီး ဖြစ်ခဲ့မယ် ထင်ပါတယ် အစ်မသိင်္ဂါကျော်ရေး) စာမေးပွဲကိုလည်း အကောင်းဆုံးဖြေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မး)

purplemay said...

ကဗျာလေးဖတ်ပြီး အားတွေရှိသွားတယ်....အစ်မရေ...ကျေးဇူးပါ...