ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက် အားပေးလိုက်နဲ့
ဖြတ်သန်းနေရတာပါ၊
မင်း လာနှောက်ယှက်ရင်
ပိုပြီး ဂယောက်ဂယက် ဖြစ်သွားမယ်။
ပုလဲလုံးပေါ်က အနာကို
ခွာရင်းခွာရင်းနဲ့
တစ်လုံးလုံး ပစ်လိုက်ရသလို မဖြစ်အောင်
ငါ ဘယ်တော့မှ
အနာကို မဆွမိအောင် ကြိုးစားတယ်။
ဒါကိုမှ
မပျော်နိုင် နေ့ရက်တွေ
များနေတယ် ဆိုလည်း
ကြိုက်သလိုသာ လုပ်လိုက်ချင်တော့တယ်။
ဘယ်လောက်ပဲ
ရေလောင်းလောင်း ပေါင်းသင်သင်
စံပယ်တွေတောင် အမြဲမမွှေးနိုင်တာ
မိုးခေါင်ရေရှား ရာသီထဲ
အမြဲနေနေတဲ့ ငါလိုလူလည်း
ကောင်းကွက်တွေပဲ
အမြဲလုပ်နိုင်ပါ့မလား။
ပတ်ကြားအက်ထဲမှာပဲ
တစ်သက်လုံး ပုန်းနေချင်တယ်ဆိုလည်း
ဘယ်တော့မှ အပင်မပေါက်တော့နဲ့ပေါ့
ငါ့အိပ်မက် သစ်စေ့တွေလေ။
အခုတော့ ပြူတစ်ပြူတစ်နဲ့
လှောင်ပြောင်ပြနေပုံက
ငါ့ကို စိန်ခေါ်နေသလိုပ။
ငါ့ကိုယ်ငါ
ကျောက်ရုပ်ထုလို့ ထင်နေပေမယ့်
သူ့အခြောက်အလှန့်တွေက မကင်းနိုင်ပဲ
ညလယ်တွေထဲ
လန့်လန့်နိုးရင်းပေါ့။
သိင်္ဂါကျော်
9 comments:
ဟုတ်တယ်သူငယ်ချင်းရေ
ကိုယ်လဲ ပတ်ကြားအက်ထဲမှာ
တစ်သက်လုံး ပုန်းနေချင်တယ်....
သြော်..
စောင့်ခဲ့ရတာ ၃၆၅ရက်တောင်ပြည့်ပါပေါ့လား..
365ပေါင်းများစွာကိုစိတ်ပျော်ရွှင်မှု
တွေနဲ့ဖြတ်သန်းနိုင်ပါစေ....
ပက်ကြားအက်ထဲ ပုန်းချင်ပေမဲ့ မိုးရွာရင် သူ့ခမြာ ပုန်းမရနိုင်ရှာတော့ ပြူတစ်ပြူတစ် လုပ်ရတယ် ထင်ပါရဲ့
တစ်နှစ်တောင်ပြည့်ပြီတဲ့လား
ကွန်မန့်ပေးလို့မရလို့ စီင်္ဘောက်မှာပဲ ရေးလိုက်တယ်...error သုံးလေးခါတက်တာကို အားမရတာနဲ့ သုံးခါလောက် ပို့ထည့်လိုက်တာ ပေါ်မယ့်ပေါ်တော့ သုံးခါလုံးတန်းပေါ်ပါလေရော...စီဘောက်ရှုပ်သွားရင် စိတ်မရှိစေချင်ဘူးဗျာ...
ရက်ပေါင်းတွေကို ရေတွက်ရင်း အလွမ်းဖြေတဲ့ ကဗျာလေးပေါ့...။ လိုအင်ဆန္ဒပြည့်ဝပါစေ...။
ခင်တဲ့
မိုးငွေ့
မသိင်္ဂါတို့ရဲ့ ကဗျာအရေးအဖွဲ့ကတော့ အရင်တိုင်းပဲဗျာ... လှလှပပကိုဖွဲ့တတ်ပါ့...
ခင်မင်လျက်
နေ၀ဿန်
ဒီကဗျာ
ဖွဲ့ထားတဲ့ အသံလေးကို သဘောကျတယ်၊
၃၆၅ တွေကို VCD တစ်ချက်လို ကျော်ပြစ်လိုက်ချင်တယ်မမ ...ရေ..
Post a Comment