30 December, 2011

Bremen မှာ တစ်နေ့တာ


Bremenမြို့ဟာ ဂျာမဏီမြောက်ပိုင်းက အရေးပါတဲ့မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ ကျဉ်းမြောင်းပြီး  ရှည်လျားတဲ့ မြို့ကလေး တစ်မြို့ဖြစ်ပြီး Weser မြစ်ကမ်းပါးမှာ တည်ရှိပါတယ်။ Bremen ရဲ့ သမိုင်းဟာ နှစ်ပေါင်း ၁၂၀၀ လောက် ရှိနေပါပြီ။ ကိုယ်နေတဲ့ နယ်သာလန် နိုင်ငံ Groningen မြို့ကနေ ဘတ်စ်ကား နဲ့ သွားနိုင်ပါတယ်။ Groningen က မနက် ၂:၁၅ နာရီ ထွက်တဲ့ ကားကို စီးတော့ Bremen ကို မနက် ၅နာရီ ရောက်ပါတယ်။ မိုးမလင်းသေးတော့ ကားရပ်တဲ့ နေရာနဲ့ နီးတဲ့ ဘူတာရုံမှာ သွားနေလိုက်ပါတယ်။

နေမထွက်သေးခင်မှာပဲ အလကားထိုင်နေမယ့် အတူတူ ဆိုပြီး Burgerpark ကို Bus နှစ်မှတ်တိုင်စာ စီးပြီး သွားလိုက်ပါတယ်။ Google ထဲက ပုံတွေ ကြည့်ပြီး သွားချင်နေခဲ့တာ အခု ဆောင်းရာသီ ဆိုတာကို မေ့သွားပါတယ်။ ပုံတွေထဲကလို စိမ်းစိမ်းစိုစိုမှ မရှိတော့ပဲ အားလုံး အရိုးပြိုင်းပြိုင်း အပင်တွေ ဖြစ်နေမှာကို မေ့နေခဲ့ပါတယ်။ နေက ၈ နာရီကျော်မှ ထွက်တာဆိုတော့ နေမထွက်ခင် မှောင်ကြီးထဲမှာ ပန်းခြံ အတွင်းဘက် ထဲကိုရောက်အောင် လျှောက်သွားခဲ့ပါတယ်။ မနက်စောစော လမ်းလျှောက်တဲ့သူတွေ၊ပြေးတဲ့သူတွေတော့ ရှိနေပါတယ်။ နေနည်းနည်း ထွက်တော့မှပဲ ဓါတ်ပုံ ရိုက်လို့ ရပါတော့တယ်။ ဒီမှာက နေ့ဆိုပေမယ့် အရမ်း နေပူနေတာ မဟုတ်တော့ တစ်နေကုန် night snapshot နဲ့ပဲ ရိုက်ခဲ့ရပါတယ်။












ပန်းခြံကနေ ထွက်ပြီး ကားဂိတ်ကို ပြန်လျှောက်လာရင်းနဲ့ တွေ့တဲ့ တိုက်ကလေးတွေကို ရိုက်ခဲ့ပါသေးတယ်။




ဒါကတော့ ဘုရားပုံကလေး ကပ်ထားတာ တွေ့လို့ ရိုက်ခဲ့တာပါ။


Bremen station, Huptbahnhof ကို ပြန်လာပြီးမှ မြို့ထဲကို ပြန်သွားခဲ့ပါတယ်။



ဘတ်စ်ကား မှားစီးသွားတာနဲ့ တော်တော်လေး လမ်းလျှောက်ပြီးမှ နာမည်ကြီး Rathaus လို့ ခေါ်တဲ့ Bremen Town Hall ကို ရောက်ပါတယ်။ Bremen Town Hall ဟာ UNESCO World Heritage List ထဲမှာ တစ်ခု အပါအဝင် ဖြစ်ပြီး ၁၄၁၀ မှာ စတင် တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။


 အဲဒီ အနီးပတ်ဝန်းကျင်မှာပဲ ရှိတဲ့ Roland Statue၊ St. Petri Dom နဲ့ တစ်ခြား ရှေးဟောင်း အဆောက်အအုံတွေပါ။















 

  ခြေထောက် ညောင်းနေပေမယ့် ဘာများရှိဦးမလဲ ဆိုပြီး မြစ်ကမ်းနားမှာ လမ်းလျှောက်ခဲ့သေးတယ်။

 ဒါက Am wall မှာရှိတဲ့ ရှေးတုန်းက Dutch wind mill ပါ။ အခုတော့ ကော်ဖီဆိုင် ဖွင့်ထားပါတယ်။



အဲဒီက ပြန်လာတော့ ၃နာရီတောင် မထိုးသေးပါဘူး။ Tram တွေ အများကြီးကတော့ မျက်စိနောက်အောင် တစ်မြို့လုံးသွားလာနေပေမယ့် ကားခ ပေးရတာ ခက်လို့ ကိုယ်က မစီးချင်တာနဲ့ လမ်းပဲ လျှောက်နေတော့ အတော်ညောင်းနေပြီမို့ မြေပုံလည်း မကြည့်ချင် ဘယ်မှထပ်မသွားချင်တော့တာနဲ့ Hbfကိုပဲပြန်လာပြီး ထိုင်စောင့်နေလိုက်တော့တယ်။ အပြန်ကားက ၄နာရီ ၄၅မှ ထွက်မှာပါ။ အသွားအပြန်ကို တစ်ခါတည်း ဖြတ်ထားပြီးသားပါ။ Groningen ကို ၇နာရီ ၃၀ လောက်မှာ ပြန်ရောက်ခဲ့ပါတယ်။


အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ..။

သိင်္ဂါကျော်

13 comments:

Angelhlaing(May everybody be happy and healthy! said...

ကိုယ်တိုင်ရောက်သွားသလိုပဲမမ ...:):)
Happy New Year ပါမမရေ..

Anonymous said...

Bremen ကဂျာမနီရဲ့မြောက်ဘက်မှာရှိတာပါ တောင်ဘက်မဟုတ်ပါဘူး။ လေးစားစွာဖြင့်

Anonymous said...

ရှေးဟောင်းအဆောက်အဦးတွေနော်...။
ပန်းခြံက ဆောင်းဆိုတော့ တကယ့်အရိုးပြိုင်းပြိုင်းပါပဲ...။
ဒီဘလော့ပိုင်ရှင်က အရင်က မေမြို့မှာ နေတဲ့ တယောက်(ဟုတ်ပါသလား)
အရင်မေမြို့အကြောင်းတွေ ရေ့းတုန်းက လာဖတ်ဖူးတယ်..။(ထင်တယ်)

ပေါက်

မဒမ်ကိုး said...

မမရေ ကိုယ်တိုင်ရောက်သွားသလိုကိုးခံစားလိုက်ရပါတယ်
တကယ်ပါ အရမ်းကျေးဇူးတင်တယ်း)

jr said...

အဲဒါ ဘောလုံးအသင်းရှိတဲ့မြို့လား မသိဘူးနော်။
ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေနဲ့ လက်ရာတွေက အံ့မခန်းနော်။ သြားခ်င္လိုက္တာ မသိဂါၤေရ ..

နှစ်ကူးတော့မယ်နော် ..
မင်္ဂလာရှိသော ၂၀၁၂ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
စာတွေလည်း ဒီထက်ပိုပြီး များကြီးရေးနိုင်ပါစေ။း)

TZH1985 said...

အရမ်းကို လှပ ခမ်းနားလိုက်တာဗျာ...

စံပယ်ချို said...

ကိုယ်တိုင်ရောက်နေရသလိုပါပဲ
ရှေးဟောင်းအမွေအနှစ် အဆောက်အဦးတွေနဲ့ လက်ရာတွေကို ကျွန်မ အရမ်းကိုကြိုက်ပါတယ် ရှုခင်းတွေကလဲ လွမ်းစရာလေးတွေပဲ
ပုံအားလုံးအတွက် ကျေးဇူးပါရှင်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ဘိုဖြူ said...

ရှေးဟောင်းအဆောက်အဦးတွေနော်က အရမ်းလှနေပါတယ်ဗျာ
ကိုယ်တိုင်ရောက်နေရသလိုပါပဲ ပုံတွေအားလုံးကောင်းတယ်ခင်ဗျာ

သိင်္ဂါကျော် said...

ဟုတ်တယ် Bremen က ဂျာမဏီ မြောက်ပိုင်းမှာ ရှိတာ မှားရိုက်မိတာ.. ခုပြင်လိုက်ပြီ.. :)

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
သိင်္ဂါကျော်ရေ။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

Bremenနဲ့ အလုပ်ကိစ္စ အီးမေးလ်တွေ ရေးဖြစ်တယ်။ ရှေးဟောင်းအေဆောက်ဦတွေ လက်ရာမြောက်လှတယ်နော်။
ပျော်ရွှင်ဖွယ်မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...။
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ စာတွေ ဆက်ရေးနိုင်ပါစေ...။

Anonymous said...

ကွန်ရှယ်ရှင်ကောင်းတော့ ပုံတွေအကုန်ကြည့်သွားတယ်း)

မောင်ဘကြိုင်

blackroze said...

အမရေ
မရောက်ဖူးတဲ့နေရာကရှု့ခင်းတွေကို..
ပြန်လည်မျှဝေပေးလို့ကျေးဇူးပါနော်
ပန်းခြံကထွက်ထွက်ခြင်းတွေ့တဲ့
တိုက်အိမ်လေးတွေကလှတယ်နော်..