21 July, 2012

ရေတံခွန်သို့ တစ်ခေါက်

ရေတံခွန်တွေကို မြင်ရတာကိုက ညစ်ညူးနေတဲ့ စိတ်တွေကိုလည်း ပြေပျောက်စေပါတယ်။ ရေတံခွန် ရှိတဲ့ အရပ်ကို သွားရမှာ ကိုယ် သိပ်သဘောကျတယ်။ ပြင်ဦးလွင်တုန်းက BE fall တို့ ဓါတ်တော်ချိုင့် တို့ သွားရတာကိုလည်း သဘောကျခဲ့တာပါပဲ...။ အဆောင်နားက ရေတံခွန် သေးသေးလေး ဆီကိုတောင် မကြာခဏ သွားခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံက ကျိုင်းတောင်း ရေတံခွန်ကိုလည်း အခွင့်အရေး ရရင် သွားချင်ပါသေးတယ်။ ခုထိတော့ မရောက်ဖူးသေးပါဘူး။ 

လွန်ခဲ့တဲ့ ရက်ကတော့ ဥရောပက နာမည်ကြီး ရေတံခွန်တစ်ခု ဖြစ်တဲ့ Rhine falls ကို သွားခဲ့ပါတယ်။ ကိုယ်ရောက်နိုင်တဲ့ အကွာအဝေးမှာ ရှိနေတာနဲ့ပဲ သွားဖြစ်ခဲ့တာပါ။ Niagara falls နဲ့ စာရင်တော့ သေးသေးလေးပဲ လို့ တစ်ချို့က ပြောကြပေမယ့် Niagara ကိုလည်း မရောက်ဖူးတဲ့ ကိုယ့်အတွက်တော့ ဒီရေတံခွန်ကို မြင်ရတာလည်း တော်တော် သဘောကျခဲ့ပါတယ်။

Zurich မြို့ကနေ Winterthur မြို့ကို ရထားစီး၊ အဲဒီကမှ Schaffhausen Am Rhinefall station ကိုရထား ပြောင်းစီးရပါတယ်။ Rhine falls နဲ့ အနီးဆုံး မှတ်တိုင်ပါ။ တစ်နာရီ နီးနီးလောက် ကြာပါတယ်။

ထုံးစံအတိုင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ Professional မဟုတ်ပေမယ့်လည်း ကိုယ်ရောက်ခဲ့တဲ့ နေရာ အတွက် အမှတ်တရ အနေနဲ့ပါ။ အဲဒီက အပြန်တော့ Zurich (old town) အနီးတဝိုက် လမ်းလျှောက်ရင်း ရိုက်ခဲ့တာလေးတွေလည်း တင်လိုက်ပါတယ်။

























စာများများ မရေးနိုင်သေးလို့ လာလည်တဲ့သူတွေ အတွက် မျက်စိ အေးစရာလေးတွေ တင်လိုက်တာပါ။ :)
သိင်္ဂါကျော်

14 comments:

ခရစ္စတလ် said...

ရှမ်းအရှေ့က မိုင်းသောက်ရေတံခွန်လည်း လှတယ်၊ လူသိနဲပြီး လှတဲ့ သဘာဝနေရာတွေ ကိုယ့်တိုင်းပြည်မှာ ပုံလို့နော် :)

mstint said...

တီတင့်လည်း ပြင်ဦးလွင်ရောက်တိုင်း ရေတံခွန်တော့ အရောက်သွားတယ်။ ငယ်စဉ်ကတော့ ဓာတ်တော်ချိုင့်လည်း မကြာခဏရောက်ခဲ့တယ် ကျော်ရေ။
ရေတစ်သွင်သွင်စီးနေတဲ့ ရေတံခွန်ကိုကြည့်ရတာကိုက စိတ်ကြည်နူးတယ်း) ရိုက်ချက်တွေကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ရေတံခွန်ဆိုသိပ်ကြိုက်တာ..ငယ်တုန်းက နယ်မှာ ရေအားလျှပ်စစ်တည်ထားတဲ့ ရေတံခွန်မှာသွားသွားဆော့တတ်တယ်...။

စံပယ်ချို said...

ငယ်ငယ်ကမေမြို့ကိုပဲရောက်ဖူးတယ်
ရေနဲ့ဆော့ရတာကိုသဘောကျတယ်
တောင်ကြီးပတ်ဝန်းကျင်မှာရေတံခွန်မရှိဘူးလေ
ရေပူစမ်းပဲရှိတာ သွားချင်တယ်
သာယာပြီးလှပတဲ့ရေတံခွန်ရှိတဲ့နေရာတွေကိုလေ..
ကံကောင်းတယ်နေရာတိုင်းရောက်လို့
အဲဒီလိုလေး သွားချင်တယ်..ပုံတွေအားလုံးလှတယ်

အလွမ်းမြို့ said...

မရောက်ဖူးတဲ့နေရာက ဓါတ်ပုံလေးတွေ မြင်ခွင့်ရတော့
ကိုယ်တိုင် သွားရသလိုပါဘဲ။ ကျေးဇူးတင်တယ်။
ဓါတ်ပုံတွေ တဝကြီး ကြည့်သွားတယ်။
ပျော်ရွှင်ပါစေ


ခင်တဲ့
အလွမ်း

Anonymous said...

လှလိုက်တဲ့ရေတံခွန်ဗျာ
အဲနားကအဆောက်အုံတွေမှာနေတဲ့သူတွေကို အားကျတယ် အေးနေမှာ ရေငွေ့လေးရိုက်ပြီး
ချမ်းစိမ့်နေမှာ



မောင်ဘကြိုင်

ချစ်စံအိမ် said...

ဓာတ်ပုံတွေအရမ်းလှတာပဲ...

ချော (အစိမ်းရောင်လင်ပြင်) said...

ရေတံခွန်ကြီးလည်းလှတယ်
ဓာတ်ပုံတွေလည်း ရိုက်ထားတာ လှတယ် သိင်္ဂါ
တကယ်ကို မျက်စိအေးသွားတာဘဲ..
ရေတံခွန်က သေးတယ်ဆိုပေမဲ့လို့ ရေအင်အား အတော်ကြီးတယ်လို့ ကြားဖူးတယ်။ ဟုတ်မှာ ရေလုံးကြီးတွေက နည်းတာ မဟုတ်ဘူးနော်။ ပုံထဲမှာတွေ့ရတာ အတော်ကိုလှတာဘဲ

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်လှတယ်မမရာ...ရောက်ဖူးချင်လိုက်တာ..

Latt Latt said...

သဘာဝတွေများလှလိုက်တာ...

သိ င်္ဂါ ရ said...

ရေတံခွန်တွေ ... တောတောင်ရေမြေ ရဲ့ သဘာဝ အလှတရားတွေကို ကြည့်ရတာ စိတ်ကြည်နူးစရာပါပဲဗျာ ...။ ကျွန်တော်လည်း နောက်တစ်ပါတ်လောက် ကျရင် ပြင်ဦးလွင် တက်ရဦးမယ် ။ မရောက်တာ နည်းနည်း ကြာပြီ ...

ရွှေပြည်သူ (ShwePyiThu) said...

ဓာတ်ပုံတွေထဲမှာ ရေတံခွန်ကို မြင်ရတာ စိတ်ကြည်နူးစရာ ကောင်းလိုက်တာ။ မရောက်ဖူးတဲ့နေရာကို ဓာတ်ပုံကတဆင့် မြင်ဖူးခွင့်ရလို့ ကျေးဇူးတင်ပါတယ် အစ်မသိင်္ဂါကျော်း)

sosegado said...

ဓါတ်ပုံတွေက တော်တော်ကောင်းပါသည်၊ ရောက်တဲ့နေရာသွားတာသွား မှတ်တမ်းတစ်ခုပေါ့

San San Htun said...

ဓာတ်ပုံတွေက ပရိုအတိုင်းပဲ..တကယ်လှတယ်..များများသွား..များများရိုက်..များများတင်နိုင်ပါစေဗျား..ဒါမှ တို့ တွေလညး ဥရောပတခွင် မြင်ဖူးမှာ..:P