23 July, 2012

ချိုသော အလွမ်း



ကောင်မလေးရေ
ပြောမပြဖြစ်ပေမယ့် သိနေပေးပါ
မင်းလွမ်းသလောက်ထက်
ကိုယ် ပိုလွမ်းနေတယ် ဆိုတာ….။

ကောင်မလေးရေ…
တို့တွေ အလွမ်းက
နာကျင်စရာမဟုတ်ဘူးနော်..
တစ်ယောက်အကြောင်း တစ်ယောက်တွေးရင်း
ချိုမြိန်ဖွယ် ဖြစ်နေပါစေ..။
ဝေးကွာခြင်းက အပြီးတိုင်မှ မဟုတ်တာ
သိနေသားနဲ့ကွယ်။

အရုဏ်ကနေ ဆည်းဆာအထိလေးပဲ
မင်းအကြောင်းတွေးနေမိတာ
အေးစက်တဲ့ အချိန်တွေကို
နွေးထွေးစေလို့ပါ။
အိပ်မက်တွေထဲ အထိတော့
မင်းကို မလွမ်းပါဘူး
ညတိုင်း တွေ့နေနိုင်တယ်လေ။

ကောင်မလေးရေ
ကိုယ့်နံဘေး မင်းရှိရုံနဲ့
ဘဝ ဒဏ်ရာတွေလည်း ပျောက်ကွယ်လို့…။
မင်းနံဘေး ကိုယ်ရှိနေစဉ်တိုင်းမှာလည်း
မင်းကို ပျော်ရွှင်စေခဲ့ပါရဲ့။
လောလောဆယ် ဖြုတ်ထားတဲ့လက်တွေ
တစ်နေ့ပြန် တွဲကြမှာပါ
တို့နှစ်ယောက် သစ္စာနဲ့ ယုံကြည်မှုထားလိုက်ပါ။

ကောင်မလေးရေ
ချိုသောအလွမ်းတွေ
ပြန်ဆုံမယ့်နေ့အထိ သိမ်းထားပေးပါ။
အဲဒီနောက်တော့
မင်း လွမ်းချင်ရင်တောင် လွမ်းခွင့်မလိုတော့အောင်
တစ်သက်စာ ကိုယ့်ရင်ခွင်ထဲ
မင်းကို လုံခြုံစေမှာမို့ပါ။

သိင်္ဂါကျော်

14 comments:

Anonymous said...

ကောင်မလေး..
လိမ္မာပါစေ..း)

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ..ကဗျာချိုချိုလေးပဲ..မမ :)

mstint said...

အလွမ်းကဗျာလေး အားပေးသွားတယ် ကျော်ရေ။
အလွမ်းလေးတွေကုန်ဆုံးမဲ့ရက် ကောင်မလေး အမြန်ဆုံးရောက်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ဒီကဗျာလေးဖတ်မိမှာပဲ အလွမ်းတွေကချစ်ဖို့ ကောင်းနေပြန်တယ်..
ချစ်သူတိုင်းသာယာပျော်ရွှင်ကြပါစေ

သိ င်္ဂါ ရ said...

သတိတရ နဲ့ လွမ်းနေမယ်ဆို ကိုယ်ကျေနပ်မယ် ဆိုလား ... :)

အလွမ်းမြို့ said...

ကောင်မလေးရေ...

ခေါ်လို့ကောင်းလိုက်တာ။
အဟင့် ..ဒီအရွယ်တော့ အလွမ်းဒို့
ကျော်လွန်လာပြီမို့ အခေါ်ခံချင်တာတောင်
ခေါ်မဲ့တူမရှိတော့ဝူး..

အားပေးသွားတယ်။


ခင်တဲ့
မကြီးလွမ်း

မိုးသူ(တောင်ကြီး) said...

ကောင်မလေးရေ...
တို့ တွေအလွမ်းက
နာကျင်စရာမဟုတ်ဘူးနော်

စကားလုံးနုနုလေးတွေအရမ်းကောင်းတယ် ...

ချော (အစိမ်းရောင်လင်ပြင်) said...

ကောင်မလေးရေ အစား
ကောင်လေးရေ လို့ အစားထိုးပြီး ဖတ်သွားမယ်ကွာ :P
ကဗျာလေးဖတ်ပြီး သိင်္ဂါရ ရသတွေ ခံစားသွားရတယ်
ကောင်းတယ်

မြသွေးနီ said...

အလွမ်းတွေ တပုံတပင်
တွေ့လိုက်ရ၏။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလာဖတ်သွားတယ် သိင်္ဂါရေ..

ခင်မင်စွာဖြင့်
မြတ်

sosegado said...

ကောင်မလေး လွမ်းတတ်လိုက်တာ

Latt Latt said...

ကဗျာလေးကောင်းလိုက်တာ

Unknown said...

ကောင်မလေးရေကိုယ့်နံဘေး မင်းရှိရုံနဲ့ဘဝ ဒဏ်ရာတွေလည်း ပျောက်ကွယ်လို့…။

ကဗျာလေးကောင်းတယ်

အားပေးသွားတယ်နော်

Anonymous said...

ကောင်မလေးနေရာမှာအစားထိုးပြီးဖတ်လိုက်တယ်နော်။ကျေးဇူးကမ္ဘာ။