05 September, 2013

လမ်းမခွဲမချင်း


မင်းနဲ့ ငါရဲ့ အချစ်က
တစ်နေ့နေ့ပြီးဆုံးမယ် ကြိုသိသော
ဇာတ်လမ်းတစ်ခုသာဖြစ်ရဲ့။

ညှိမရသော နားလည်မှုများ၊
ရင်မဆိုင်ဝံ့သော မတူညီမှုများ၊
အတည်တကျ ချပြဖို့ မဖြစ်နိုင်သော အချစ်တစ်ခု၊
အပြန်အလှန် မယုံကြည်နိုင်ခြင်းများ၊
ပြင်ဆင်နိုင်ခြင်း မရှိပေမယ့်လည်း
ရေစီးကြောင်း သံယောဇဉ်လို
ငြိတွယ်ခြင်းက ဖြတ်ဖို့ ခက်နေရဲ့။

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ ရန်ဖြစ်ရင်းနဲ့
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ။
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကိုတောင် ဥပေက္ခာပြု။

ချစ်ခြင်းတစ်ခုက ဘဝမှာ အရေးမပါတဲ့အကြောင်း
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောရင်း
လမ်းခွဲတစ်ခုကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကြိုးစားရင်း
ရေစီးထဲမှာ မျောမြဲ မျောနေဆဲ။

သိင်္ဂါကျော်

7 comments:

ကြည်ဖြူပိုင် said...

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကို တာင် ဥပေက္ခာပြု

ချစ်ခြင်းတစ်ခုက ဘ၀မှာအရေးမပါတဲ့အကြောင်း
ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်ပြောရင်း
လမ်းခွဲတစ်ခုကို ကောင်းကောင်းဖြတ်သန်းနိုင်ဖို့ ကြိုးစားရင်း
ရေစီးထဲမှာ မျောမြဲ မျောနေဆဲ..................


ဝါးးးးးးးးးးးးး မိုက်တယ်....အဲ့စာသားတွေ သိပ်ကြိုက်တယ် :)

နွေတေးရှင် (မင်းဧရာ) said...

ချိုချင်ချို ခါးချင်ရင်ခါး
ရင်မှာ နင့်နေအောင်
ဖြစ်ညှစ်ထားမှတော့
နောက်တခေါက်ကျော့ လိုက်ပါ
အဲဒါ အချစ်ပါပဲ ။

သိ င်္ဂါ ရ said...

လမ်းခွဲ မရောက်မချင်း ... အချစ်တွေ နဲ့ မျော ... :)

Blog Day နဲ့ အတူ ပြန်လည် သက်ဝင်လာသော ... Blogging Sphere ထဲက သိ င်္ဂါ ကျော် ရဲ့ ကဗျာ ... :)

Really ... too nice to see so many update blog posts ... Cheers !!!

ဟန်ကြည် said...

ဒီနှစ်ဘလော့ဒေး အတော်ပျော်ဖို့ကောင်းတယ်...ပျောက်နေ ငုပ်နေတဲ့ ဘလော့ဂါတွေ ပြန်ပေါ်လာကြလို့...ကဗျာတွေ စာတွေစဉ်ဆက်မပြတ် ဖန်တီးနိုင်ပါစေဗျား...

မောင်သီဟ said...

လမ်းခွဲစကားဆိုရင်
တို့များနားမခံသာဖူးကွယ်း)
မင်္ဂလာပါ အစ်မရေး)
ကျွန်တော်လည်း အခုမှရောက်ဖြစ်တယ်ဗျာ

စံပယ်ချို said...

မဖြစ်မနေ လမ်းခွဲ မရောက်မချင်း
မသိမသာ ချစ်ခြင်းတွေ တိုးတိုးလာ။
ခဏခဏ အစမ်းပြတ်ကြ
ခဏခဏ ပြန်ပြန်ဆက်ကြ
သိုသိုသိပ်သိပ် လွမ်းချင်းတွေညည်းရင်း
သိသိသာသာ မကြိုက်ခြင်းတွေကို တာင် ဥပေက္ခာပြု
-------------------ဒီစာသားလေးတွေအရမ်းကြိုက်တယ်..........

တောင်ဇလပ် said...

ကောင်းလွန်းလို့၊ ဘာပြန်ပြောရမှန်းတောင်မသိပါဘူး၊ ခံစားချက်ကို ထပ်ဖြည့်စရာ မလိုအောင် ပြည့်စုံလွန်းပါတယ်။ အားပေးလျက်...