07 September, 2010

ကောင်မလေး အတွက် ၂


ကောင်မလေးရေ...
မင်းနဲ့ တွေ့ဆုံခြင်းကို
အိပ်မက်ပဲ ဖြစ်လိုက်စေချင်တယ်
ငါ့အတွက် အချစ်ဦးက
မင်းမဟုတ်တော့လို့ပါ။

အချစ်က ဘာလဲလို့
သေသေချာချာမသိခင်
ငါချစ်ခဲ့တယ်။
မင်းနဲ့တွေ့ချိန် နောက်ကျခဲ့တာက
ငါ့အပြစ်သက်သက်ပါ။

မယုံချင်ပေမယ့်လည်း
အချစ်က ပြောင်းလဲတတ်တာ
ငါကယုံလိုက်ပြီ။
ကောင်မလေးရေ..
မင်းနဲ့ကျမှ
ငါ့အချစ်စစ်ကို တွေ့လို့
ပေးဆပ်ခြင်းနဲ့လည်း
မရောင့်ရဲတဲ့ အဖြစ်မှာ
မင်းအချစ်တစ်ခုသာ
ငါက လိုတာပါ။

အပြစ်တင်ခြင်းများစွာကို
ခံယူဖို့ ဆုံးဖြတ်ခဲ့တာ
မင်းကိုချစ်ခြင်းရဲ့ အင်အားပါ။
ကောင်မလေးရေ..
အချစ်က အပြန်အလှန် စီးဆင်းတတ်တယ်ဆို
မင်းဆီက စီးဆင်းလာဖို့
မျှော်လင့်ပါရဲ့။

အိပ်မက်တွေ အတူမက်ဖို့
နှစ်ယောက်တည်းဆို လုံလောက်ပြီပဲ
ကောင်မလေးရေ..
ငါ့ရင်ခွင်ဆီမှာ ခြေစုံရပ်လိုက်ပါ။

သိင်္ဂါကျော်

13 comments:

မိုးယံ said...

ကောင်မလေးက ဖက်တီးဆိုရင်တော့ ရင်ခွင်မှာ ခြေအစုံရပ်ရင် နှလုံးခုန်သံ ရပ်တန့်သွားနိုင်ကောင်းရဲ့

ငြိမ်းချမ်းပါစေ
မိုးယံ

ကြည်ဖြူပိုင် said...

ကဗျာလေးကောင်းလိုက်တာ

Cameron said...

ကဗျာလေးက ကောင်မလေးအကြောင်းကိုးးး..

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

ကဗျာလေး လာခံစားရင်းနဲ့..
ကောင်မလေးနေရာကနေတွေးမိသွားတယ်..
ရင်ခွင်ဆီမှာ ခြေစုံရပ်ရင်ကောင်းမလား...
တပေါင်ကျိုးရပ်ကြည့်ရင်ကောင်းမလား..
သက်သာအနေအထားနဲ့ရပ်ရင်ကောင်းမလား..
း)
ကြည်စယ်တာနော်...ချစ်လို့..
ကဗျာနူးနူးညံ့ညံ့လေး ဖတ်သွားတယ်နော်..

လသာည said...

ကဗျာဆရာမလေး..
မတွေ့တာကြာပြီ။
နှုးနှုးညံ့ညံ့ နဲ့ ကဗျာလေးတွေ စပ်တတ်သလို
စူးစူးရှရှ စုံထောက်ဇာတ်လမ်းလေးတွေ တအားအရေးကောင်းတယ်..။

အားကျတယ်။

Anonymous said...

ကောင်မလေးက ကောင်မလေးအတွက်ဆိုတော့
နဲနဲတော့ လည်သွားတယ်:P
ကဗျာလေးတွေ စံတစ်မျိုးနဲ့
ရေးတတ်တဲ့ဆရာမကို လေးစားမြဲပါ

အုပ်ကြီး said...

"...အိပ်မက်တွေ အတူမက်ဖို့ 
နှစ်ယောက်တည်းဆို လုံလောက်ပြီ ..."

ဟုတ်ကဲ့ ..
ခြေစုံရပ်ပြီးစောင့်နေပါစေဗျာ....

ကိုအောင် said...

ကောင်မလေးအတွက်ပြီးရင် ကောင်လေးအတွက် လုပ်ပေးပါအုံး။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်မလေးနေရာမှာ ကောင်လေးကို အစားထိုးပြီး ဖတ်သွားတယ်..း)

ရွှေရတုမှတ်တမ်း said...

အိပ်မက်ကို တယောက်တခြမ်းဆီခွဲမက်မှာလား..
ကြုံဖူးဘူး...ဒီတခါကောင်မလေးနဲ့ တွေ့ရင်စမ်းကြည့်မယ်..အိပ်မက်...အိပ်မက်....

blackroze said...

ကဗျာနူးနူးညံညံလေးကိုခံစားသွားတယ်နော်..

မြတ်မွန် said...

အိမ်မက်တွေကို အတူမက်ဖို့
နှစ်ယောက်ထည်းဆို လုံလောက်ပြီ။

တစ်ယောက်ထည်း မက်ရတာ ပင်ပန်းလွန်းတယ်..။

SHWE ZIN U said...

ဟားဟားးး အိမ်မက် ကို နှစ်ယောက် အတူမက်မယ် အိမ်မက် ဆိုတာ ဒို့ရဲ့ အနာဂတ် ပင်ပန်းလှပါပြီ တယောက်ထဲ မက်ရတာ

ကောင်းတယ် ညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး