14 September, 2010

အိန္ဒိယ ၂


ပြီးခဲ့တဲ့ စနေနေ့ကတော့ Chandigarh မြို့ရဲ့ အထင်ကရ နေရာတွေကို Tour Bus နဲ့ သွားခဲ့ပါတယ်။ Half Day Tour အတွက်ကို Rs 50 ပဲ ပေးရပါတယ်။ မနက် ၁၀ နာရီကနေ ၁ နာရီ ခွဲထိ တစ်ခါ၊ ညနေ ၂ နာရီခွဲ ကနေ ၆ နာရီအထိက တစ်ခါ... တစ်နေ့ နှစ်ခါ ရှိပါတယ်။ ကိုယ်တို့ကတော့ ၂ နာရီခွဲ ကစတဲ့ Half Day Tour နဲ့ပဲ သွားခဲ့ပါတယ်။

ပထမဆုံး Museum & Art Gallery ကို ပို့ပါတယ်။ ပြတိုက်ရဲ့ အပြင်ဘန်းကတော့ အတော်ကို အိုဟောင်းနေတဲ့ တိုက်ကြီးတစ်တိုက်ပါ။ အပြင်ဘက် အဆောက်အအုံကို မပြင်တာ အတော်ကြာနေတဲ့ပုံပါပဲ။


အိန္ဒိယ နိုင်ငံက ယဉ်ကျေးမှုအစဉ်အလာ ကြီးမားတဲ့ နိုင်ငံပီပီ ဒီလို မြို့ငယ်လေးက ပြတိုက်မှာကိုပဲ ရှေးဟောင်း အနုပညာ လက်ရာများစွာကို ပြသထားတာ တွေ့ရပါတယ်။ အချိန်က နာရီဝက်ပဲ ရလို့ အညွှန်းစာတွေကိုတော့ သေချာမဖတ်ခဲ့ရလို့ ဘယ်ခေတ်က လက်ရာတွေ ဆိုတာတော့ မပြောနိုင်ပါဘူး။

Museum အပြင်ဘက်မှာ ပြထားတဲ့ ရှေးဟောင်း ရုပ်ထုတွေပါ။











ပြတိုက်ထဲကို ဝင်ဖို့ တစ်ယောက်ကို Rs. 10 နဲ့ ကင်မရာ အတွက် Rs. 5 ပေးရပါတယ်။ အတွင်းမှာ ရှေးဟောင်းလက်ရာ ရုပ်ထုများအပြင် ပန်းချီကားများ ကိုလည်း ပြသထားပါတယ်။
မှန်အိမ်ထဲက အရာတွေကို ရိုက်ရင် ကိုယ့်ကင်မရာက အလင်းပြန်ပြီး သိပ်အဆင်မပြေလို့ တစ်ချို့ပုံတွေက သိပ်မကောင်းပဲ ဖြစ်နေပါတယ်။























အိန္ဒိယ ရှေးဟောင်း ဒင်္ဂါးများလည်း ပြသထားပါတယ်။




ဗုဒ္ဓဘုရားရှင်ရဲ့ ပုံတော်လို့ ထင်ရတဲ့ ရုပ်ထုတော်တွေလည်း တွေ့ရပါတယ်။ ဘယ်ခေတ်က လက်ရာတွေလည်းတော့ မသိပေမယ့် အားလုံးကတော့ ကျိုးပဲ့ပျက်စီး နေပါတယ်။



 

အတွင်းဘက်မှာ ထပ်တွေ့ရတဲ့ ပန်းချီကားတွေပါ။
 

မြေအိုး နဲ့ ကြွေအိုးတွေလည်း ပြသထားပါသေးတယ်။






ပြတိုက်က ထွက်ပြီးတော့ နောက်တစ်နေရာက Bougainvillea Garden ဆိုတဲ့ ပန်းခြံငယ်လေးပါ။

ထူးထူးဆန်းဆန်း လှလှပပ ပန်းပင်ရယ်လို့ ဘာမှ မရှိပေမယ့် အေးချမ်းတိတ်ဆိတ်ပြီး အပန်းဖြေလို့ ကောင်းမယ့် နေရာတစ်ခုပါ။ တိတ်ဆိတ်တဲ့ ပန်းခြံမို့ အတွဲတွေလည်း လာကြတာကို တွေ့ရပါတယ်။ အုပ်အုပ်ဆိုင်းဆိုင်း အပင်တွေနဲ့ မြက်ခင်းပြင် ကျယ်ကျယ်လွင့်လွင့်မို့ နတ်သမီး ပြောသလို မင်းသမီး၊ မင်းသား ကလို့ ကောင်းမယ့် နေရာတစ်ခုပါပဲ။



ဆက်ပါဦးမယ်..

သိင်္ဂါကျော်

19 comments:

Cameron said...

ပြတိုက်လေးကတော့ စိတ်ဝင်စားစရာပဲ....။
မြက်ခင်းပြင်ပေါ် ကဖို့ပြောတဲ့ နတ်သမီးဆိုတာ ????

ခင်တဲ့
မိုးငွေ့

Anonymous said...

ခုမှပဲ ပြတိုက်တစ်ယောက်
ပြတိုက်ထဲ ရောက်သွားတော့တယ်:)

Anonymous said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

ရုပ်ထုတွေရဲ့ပုံစံက မြန်မာ ကျန်စစ်သားရုပ်ထုရဲ့ပုံသဏ္ဍာန်နဲ့တူတယ်နော်..။

နေ၀သန် said...

အိန္ဒိယတော့ မရောက်ဖူးလို့ လေ့လာသွားပါတယ်ခင်ဗျ...း)))


ခင်မင်တဲ့
နေ၀သန်

ကိုအောင် said...

ဗဟုသုတတွေ ဝေမျှတာ ကျေးဇူး။

Anonymous said...

ချန်ဒီဂတ်မြို့လေးကို The City Beautifulလို့ ဆိုကြတယ်။ အိန္ဒိယက တခြားမြို့တွေနဲ့ ယှဉ်ကြည့်ရင် ဒီအဆိုက အတိုင်းအတာတခုအထိ မှန်တယ်။

ဒီမြို့လေးအကြောင်း စောင့်ဖတ်နေမယ်...။

ကိုဇော် said...

တကယ်ကို စိတ်ဝင်စားစရာ နေရာလေးပဲဗျာ။
အေးအေးဆေးဆေး လေ့လာခွင့်ရရင် တော်တော် ကောင်းမဲ့ နေရာပဲ။

ကင်မရာတွေမှာ မီးချောင်းတွေ လင်းနေရင် ၊ မှန်တွေ ကာထားရင် Flash ကို ပိတ်ပြီးတော့ ရိုက်ရပါတယ်။ ပြီးတော့ မှန်တွေနဲ့ ဆိုရင် မျက်နှာချင်ဆိုင် 90 ဒီဂရီ မရိုက်ဘဲ နည်းနည်းစောင်းရိုက်မှ အဆင်ပြေပါတယ်။ များသွားတော့လည်း ပုံက မလှ ဖြစ်တတ်ပါတယ်။ စမ်းရိုက်ရင်း အဆင်ပြေသွားမှာပါ။

ပျော်ရွှင်အဆင်ပြေပါစေ။

မောင်မျိုး said...

နောက်ကျိနေတဲ့စိတ်တွေတောင် စိမ်းလန်းတဲ့ မြက်ခင်းနဲ့ သစ်ပင်တွေကို မြင်လိုက်ရတာ စိတ်ချမ်းသာသွားတယ် ကျေးဇူးပါ ။

မြသွေးနီ said...

ဗဟုသုတရတယ်..။
ရှုခင်းတွေက မျက်စိအေးစေတယ်..။
အလုပ်သဘောအရ Indian တွေနဲ့ လုပ်နေရတယ်..။
India တော့ ရောက်ဘူးချင်သေးတယ်..။

ရွှေရတုမှတ်တမ်း said...

နောက်တခါ ကိုယ်တိုင်ကနေတဲ့ပုံ တင်ပေးပါ...ကုလားမင်းသားက ငယ်ပေ့စေနော်..နှုတ်ခမ်းမွှေးနဲ့ဘာဘူကြီးတော့ မဖြစ်စေနဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုဂံခေတ်က မြန်မာတွေရဲ့ လက်ရာတွေနဲ့ ဆင်သလိုရှိတယ်နော်
စိတ်ဝင်စားဖို့ကောင်းတယ်..
အောက်ဆုံးက မျက်စိအေးစရာ ရှုခင်းစိမ်းစိမ်းတွေလဲ သဘောကျမိတယ်..

မောင်မောင် said...

Chadigarh မှာ အတော်ကြာကြာနေဖူးတယ်ဗျ။
Sector 47 D မှာပေါ့။ Rose Garden, Rock Garden နဲ့  Sector 22 Market တို့ ကိုလဲ အချိန်ရယင်သွားလည်ပါ။
ဒေလီ ကို ပြန်မယ်ဆိုယင် Bust Stand ( ISBT) မှာ Volvo Bus ရှိတယ်ဗျ။ ရူပီး ၄၈၀ ပဲကျပါတယ်။
ဟိုတယ် က တော့ Parkview Hotel sector 24 မှာရှိတယ်။ အဆင်ပြေတယ်။
သိင်္ဂါကျော် Chandigarh အကြောင်း ရေးတာ နဲ့ ပြန်တောင် အမှတ်ရသွားပြီ။
ကျွန်တော် Punjub က Jalandah မှာ နေဖူးတယ်။
Chandigarh ဟာ အိန္ဒိယနိုင်ငံ တနိုင်ငံလုံးမှာ စံနစ် အကျဆုံး မြို့ ကွက်ဖော်ထားပြီးတော့ သန့်ရှင်းလှပတဲ့မြို့ ၊စိမ်းစိုတဲ့ တောအုပ်လေး လို မြို့ လေးပါ။
ရထားစီးသွားယင် လဲ ရတယ်နော်။ Shatabi တဲ့  မနက် ၇ နာရီ ဒေလီကထွက်တယ်ဗျ။ ၁၁ နာရီေ လာက် ချန်ဒီဂါ ကို ရောက်တယ်။ :)
ပျော်ရွှင်ပါစေဗျာ။

ကြည်ဖြူပိုင် said...

မရောက်ဖူးတဲ့နေရာကိုရောက်သွားရတာ ပျော်စရာကြီးမသိင်္ဂါ။
ဆက်ရန်ဆိုလို့ မျှော်လင့်ပြီးစောင့်ဖတ်နေမယ်နော်

လသာည said...

အိန္ဒိယက အဲဒီနေရာတွေကို ရောက်ဖူးချင်နေတာ ဓါတ်ပုံတွေ တင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
အောက်ကရှုခင်းလေးကလည်း တကယ့်ကို စိတ်ကို အေးချမ်းသွားတယ်..

အဲဒီမှာ အများကြီး စား၊ အများကြီးလည်၊ အများကြီး ဓါတ်ပုံရိုက်ပြီး ပြန်ခဲ့နော်း))))

ဝက်ဝံလေး said...

မိုက်တယ် မမ ရာ သမီးလဲ အဲလိုလျှောက်သွားပြီး ဓာတ်ပုံရိုက်ချင်တာ ခုတော့ ကင်မရာကပျက်နေတယ် ဓာတ်ခဲလဲ အားကုန်နေတယ် သနားလိုက်ထျာာာ နော် ဂျွတ် ဂျွတ် သူများ ရိုက်ထားတဲ့ပုံတွေ ငေးပြီးတော့ပဲ ပြန်သွားဘီ သိလား ဘိုင် ............

SHWE ZIN U said...

အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ
ခင်တဲ့
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

ခရီးများများသွားတော့လည်း
ရေးစရာ များများရသလို
ဗဟုသုတတွေလည်း တိုးလာတာပေါ့
ကိုယ်ရတဲ့ ဗဟုသုတတွေကို ပြန်မျှဝေတာ ကျေးဇူးပါဗျာ။
အဆင်ပြေပျော်ရွှင်ဖွယ် ပညာသင်ခရီး ဖြစ်ပါစေ။

ယောနက်သန် said...

စိတ်ဝင်စားစွာ ဖတ်ရူသွားကြောင်းပါ။ နောက်ဆက်မယ့်အပိုင်းတွေမျှော်နေပါတယ်။