16 September, 2010

အိန္ဒိယ ၃

ပြီးခဲ့တဲ့ စနေနေ့က တတိယ သွားခဲ့ နေရာ တစ်ခုကတော့ Rock Garden ဖြစ်ပါတယ်။ အိန္ဒိယ မှာ ထင်ရှားတဲ့ နေရာတစ်ခုပါ။ Nek Chand ဆိုသူက စတင်တည်ထောင်ခဲ့ပြီး ယခုအခါမှာ ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခု ဖြစ်လာပါပြီ။ သဘာဝ ကျောက်တုံးတွေ အပြင် စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး စိတ်ကူးဆန်းများနဲ့ တီထွင် ဖန်တီး ထားတဲ့ ဥယျာဉ် တစ်ခုပါ။ အချိန် ၄၅ မိနစ်ပေးတာတောင် မလောက်ပဲ ခပ်မြန်မြန်ပဲ ဓါတ်ပုံရိုက်ရင်း ပြန်ခဲ့ရပါတယ်။



 Rock Garden ပြီးတော့ နောက် တစ်နေရာက Sukhna Lake ဖြစ်ပါတယ်။ Sukhna ဟာ သဘာဝရေကန်တော့ မဟုတ်ပါဘူး။ ၁၉၅၈ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တဲ့ ဆည်တစ်ခုပါ။ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားတဲ့ ကျေးငှက်တွေကို ဆွဲဆောင်ဖို့လည်း ရည်ရွယ်ခဲ့ပါတယ်။ တိတ်ဆိတ်ငြိမ်းချမ်းပြီး သဘာဝနေရာတစ်ခုလို ဖြစ်အောင် ဖန်တီးထားပါတယ်။ လှေလှော် ရွက်တိုက်၊ ရေလွှာလျှောစီး စတဲ့ အားကစားတွေ လုပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီမှာ မော်တော်ဘုတ်ငယ်လေးတွေလည်း ငှားပြီး စီးလို့ရပါတယ်။


Sukhna Lake ကို ရောက်တဲ့ အချိန်မှာပဲ မိုးတွေ တော်တော် ရွာလာတာကြောင့် ဓါတ်ပုံ နည်းနည်း ရိုက်ပြီး မိုးထဲမှာပဲ ကားဆီ ပြန်ပြေးလာရပါတယ်။ နောက်တစ်နေရာ ဖြစ်တဲ့ Rose Garden ကိုလည်း မသွားဖြစ်တော့ပဲ Hotel ကိုပဲ ပြန်လာခဲ့ကြပါတယ်။

သိင်္ဂါကျော်


8 comments:

blackroze said...

အိန္ဒိလဲရှု့ခင်းလေးတွေတော်တော်လှတာဘဲနော်..
စားစရာတွေကရောစားလို့အဆင်ပြေရဲ့လား..
တချို့ရောက်ဖူးတဲ့သူတွေပြန်ပြောပြဖူးတယ်...
တချို့နေရာတွေကအရမ်းညစ်ပတ်တယ်ဆို..
ဒန်ပေါက်ရှိလား...ဒိန်ချဉ်ရော.. ၊၊
နေလဲတော်တော်ပူလား..
အဆင်ပြေရင်အလည်ခေါက်လောက်တော့
သွားဖူးချင်သေးတယ်..

sosegado said...

Chandigarh ဘယ်မှာရှိလဲပြောဦးလေ၊ စိတ်ဝင်စားစရာနေရာတွေမို့၊
ဒေသနဲ့ နည်းနည်းမိတိဆက်ပေးဦးလေ၊

Cameron said...

ကျောက်တွေနဲ့ တီထွင်ဖန်တီးထားတာလေး စိတ်ကူးဆန်းတယ်........

ကြည်ဖြူပိုင် said...

လှလိုက်တာ

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့ ကုလားပြည်က သန့်တဲ့နေရာလေးတွေရောက်လို့..

ကိုဇော် said...

ပထမဦးဆုံး ပုံလေးကို ကြိုက်တယ်။

အိန္ဒိယဟာ တကယ်ကို အနုပညာတွေကို အနောက်တိုင်းက လေ့လာရတယ် ဆိုရလောက်အောင်ကို ဖြစ်တည်ခဲ့တာပဲ။ တော်တော်လေးကို အနုစိတ်ကျတဲ့ စိတ်ကူးလက်ရာလေးတွေပဲ။

ကျေးဇူးပဲဗျာ..ကိုယ်က မရောက်ဖူးတော့ အခုလို တင်ပေးမှပဲ မြင်ရတော့တယ်။

လင်းဒီပ said...

အစ်မ အပေါ်က rock garden က မိုက်တယ်နော် ။ ထပ်ပြီး အေးဆေး ပတ်သင့်တယ် ထင်တယ် ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝါး တကယ်လှတဲ့ ဥယျာဉ်ဘဲ
စိတ်ဝင်စားစရာကောင်းလိုက်လေ
နွယ်တွေနဲ့ အလှဆင်ထားတာ တကယ်ကို မိုက်တယ်
ကံကောင်းလိုက်တာနော် ရောက်ဖူးတဲ့သူတွေများ
ကိုယ်တွေကတော့ ဓာတ်ပုံတွေငေးပြီး ပြန်ရတဲ့ဘ၀။