01 January, 2009

ဒီဇင်ဘာ ၃၁ မှ ဇန်နဝါရီ တစ် သို့





ဒီဇင်ဘာ ၃၁
အသစ်မဖြစ်တော့မယ့် အဟောင်းတွေကို
ထားခဲ့တော့မယ်။



နှစ်ဟောင်းကို စွန့်ခဲ့ပြီလို့
ကျူးရင့်သူတိုင်း
စိတ်အဟောင်းတွေကို
တကယ်ကြေးချွတ်နိုင်ကြရဲ့လား။



နှစ်ဟောင်းက
မပြီးသေးတဲ့ အလုပ်တွေကလည်း
အဟောင်းပဲ၊
မပစ်နိုင်သေးတဲ့ အချစ်ကလည်း
အဟောင်းပဲ၊
မရပ်နိုင်သေးတဲ့ ဝင်သက်ထွက်သက်ကလည်း
အဟောင်းပဲ၊
မပြောင်းနိုင်သေးတဲ့ ဒီမျက်နှာကလည်း
အဟောင်းပဲ။

ကဲ...
ဘယ်လိုဖြစ်လို့
အားလုံးအသစ်လို့ အော်ချင်ရတာလဲ။



ဘယ်လိုပဲပြောပြော
အော်ပါရစေ
၃၁ ဒီဇင်ဘာမှာ
အဟောင်းတွေအားလုံး ပစ်ခဲ့ပြီလို့
ခဏပဲဖြစ်ဖြစ်
စိတ်ချမ်းသာပါရစေပေါ့။



ဇန်နဝါရီ တစ် မှာ
အဟောင်းတွေကြားထဲ ပြန်မသွားချင်ဘူး
စိတ်ချမ်းသာစရာတွေပဲလုပ်ပြီး
တစ်နှစ်လုံးပျော်ရအောင်
ပျော်ပျော်နေချင်တယ်။
ဒါလည်း
အိပ်မက်ဟောင်းတစ်ခုပဲ ဖြစ်နေပြန်ရော။




(သိင်္ဂါကျော်)


ပုံများကို Forward mail တစ်ခုနှင့် photobucket.com တို့မှ ယူထားပါတယ်။