22 September, 2010
သုံးကြိုးတပ် တယော
02 June, 2010
၉၀/၁၀ နိယာမ
27 May, 2010
ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်အောင်
- အဆိုးမြင်အတွေး အားလုံးကို ဖယ်ရှားပြီး အကောင်းမြင် အတွေးမျိုး တွေးတတ်အောင်ကျင့်ပါ။ နေ့စဉ် ဒိုင်ယာရီ တစ်ခု ထားပြီး သင့်ကိုယ်သင် နဲ့ ပတ်သက်တဲ့ ကောင်းတဲ့ အရာအားလုံးကို ချရေးထားပါ။ အဲဒီ ဒိုင်ယာရီ ကို နေ့တိုင်း ပုံမှန် ပြင်ပြီး သင့်ကိုယ်သင် ဂုဏ်ယူစေတဲ့ အချက်တွေ တွေ့လာရင် ထပ်ထည့်ပါ။ ဘတ်စ်ကားပေါ်မှာ အဘွားအို တစ်ယောက် လာလို့ ကိုယ့်ထိုင်ခုံက ထပေးလိုက်တာ လိုမျိုး ရိုးစင်းတဲ့ အချက်တွေပါ အားလုံး ထည့်ပါ။ သင့်ကိုယ်သင် အထင်သေးသလို ခံစားရတဲ့ အခါမျိုးမှာ အဲဒီ ဒိုင်ယာရီကို ဖတ်ပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ပါ။
- သင့်ကိုယ်သင် သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ သင်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီး သင် ဘာလဲ ဆိုတာ သိအောင်လုပ်ပါ။
- သင်ဟာ အလွန်အရေးကြီးပြီး သူများနဲ့ မတူတဲ့လူ၊ အသိဥာဏ်ထက်မြက်တဲ့ လူ တစ်ယောက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြောပါ။ မှန်ရှေ့မှာရပ်ပြီး “ငါဟာ ချစ်စရာကောင်းတဲ့သူ တစ်ယောက်ပဲ” ၊ “ငါဟာ အောင်မြင်တဲ့သူ တစ်ယောက်ပဲ” စသဖြင့် ပြောပေးပါ။ သင့်အခန်းနံရံမှာလည်း ကောင်းတဲ့အတွေးအခေါ် စာစုတွေ ကပ်ထားပါ။
- သင့်ရဲ့ သူငယ်ချင်းများကို ဂရုတစိုက် ရွေးချယ်ပါ။ သင့်ကို ဝေဖန် နှိမ့်ချ တတ်သူများကို အနားမှာ မထားပါနဲ့။ အကောင်းမြင်ဝါဒနဲ့ ပျော်ရွှင်တတ်သူများနဲ့သာ မိတ်ဆွေဖွဲ့ပါ။
- ဘဝမှာ ဖြစ်နိုင်တဲ့ ရည်မှန်းချက်ကိုပဲ ထားပါ။ မအောင်မြင်နိုင်လောက်တဲ့ အရာတွေကို မလုပ်ပါနဲ့။ သင့်ရဲ့ အားသာချက်၊ အရည်အချင်း၊ လုပ်နိုင်စွမ်းတွေ အပေါ်မူတည်ပြီး ပန်းတိုင်ကိုရွေးချယ်ပါ။
- သင့်ရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးမှုနဲ့ ယုံကြည်မှုကို မြှင့်တင်ချင်တယ်ဆိုရင် အကြံပေးချက်ကတော့ သင်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို ဦးတည်ပြီး အလုပ်ကို ပြင်းပြင်းထန်ထန် တစိုက်မတ်မတ် လုပ်ပါ။ အဲဒါက သင့်ကို အောင်မြင်မှု အသေးစားလေးတွေ ရအောင် ကူညီပါလိမ့်မယ်။ အဲဒီနောက် သင့်ကိုယ်သင် အထင်ကြီးပြီး ယုံကြည်မှု ရှိလာပါလိမ့်မယ်။
- မကြာခဏ၊ ကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတတ်ကြပြီး ကိုယ့်ကိုယ်ကို အထင်မကြီးတာကလည်း သူတို့ကိုယ်သူတို့ စိတ်ပျက်စေပါတယ်။ ကလေးတွေရဲ့စိတ်ကို ကိုယ့်ကိုယ်ကို အထင်ကြီးတတ်အောင် ဘယ်လိုမြှင့်တင်ကြမလဲ။ အကျိုးသက်ရောက်စေတဲ့ တစ်နည်းကတော့ ကလေးငယ်တွေကို ပြည့်ဝတဲ့ ဂရုစိုက်ယုယမှုနဲ့ ချစ်မြတ်နိုးမှု ပေးဖို့ပါပဲ။ သူတို့ကို ချီးမွမ်းပေးပါ၊ တခြားကလေးတွေနဲ့ သွားပြီး မနှိုင်းယှဉ်ပါနဲ့။ အားကစားလုပ်တာလိုမျိုး ပြင်ပ လှုပ်ရှားမှုတွေမှာ ပါဝင်ပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက် ချခွင့်ပေးပါ။ အဲဒါတွေက ကလေးတွေအတွက် ကိုယ့်ကိုယ်ကို အထင်ကြီးမှုကို တည်ဆောက်စေနိုင်ပါလိမ့်မယ်။
08 April, 2010
အကောင်းမြင်၊ အဆိုးမြင် နှင့် လက်တွေ့ကျသောအမြင်
—William A. Ward
10 June, 2009
ပိုကောင်းသော မနက်ဖြန်
အတိတ်က ကြိုးစားအားထုတ်မှုတွေကနေ အသီးအပွင့်တွေ ထွက်ပေါ်လာတယ်။ အခု လုပ်နေတဲ့ အရာတွေက မနက်ဖြန် မှာ သီးပွင့်လာဖို့ပဲ။ ဒီနေ့မြင်ရတဲ့ ပြောင်းဖူးစေ့ကလေး ဟာ မနက်ဖြန်မှာ ဘယ်လိုပုံစံ ဖြစ်လာမှာလဲ။
ကိတ်မုန့်ဖုတ်တာကို စိတ်ကူးကြည့်စမ်းပါ။ သူ့အထဲမှာ ပါဝင်ရမယ့် အရာတွေ (မုန်လာဥဝါ၊ သကြား၊ ကြက်ဥ၊ မုန့်နှစ်၊ အမွှေးအကြိုင်၊ သစ်ကြားသီးအစေ့ စသဖြင့်) ကို ခွက်တစ်ခုထဲမှာ ရောနှောသွားအောင် ပေါင်းစပ်ရမယ်။ မှန်းဆကြည့်လိုက်စမ်းပါ။ တစ်ချို့နေရာတွေမှာ သကြားများချင်များနိုင်တယ်၊ တစ်ချို့ သစ်ကြားသီး များချင်များနိုင်တယ်။
ဘဝလမ်းခရီး မှာလည်း အဲဒီလိုပါပဲ။ မင်းဘဝ ရဲ့ပါဝင် ပတ်သက်မှုတွေ... အခုလက်ရှိ အခိုက်အခန့် ကိုပဲ ကြည့်လိုက်ပါ။ အတွေ့အကြုံတွေ ပေါင်းစပ်ထားတာပဲ။ အဲဒီထဲမှာမှ ပိုပြီး အားကောင်းတဲ့ အရာတွေက လွှမ်းမိုးနေလိမ့်မယ်။ မင်းရဲ့ မျှော်လင့်ချက် ဆိုတာ သီးသန့် စွမ်းအင် တစ်ခုကို ပေါင်းထည့်ထားတာပါ။ ဒါဟာ အားထုတ်ကြိုးပမ်းမှု စွမ်းအားတွေကို ပေါင်းစပ် လုပ်ကိုင်ပြီး နောက်ဆုံး အထွတ်အထိပ် မှာ ထွက်ပေါ်လာမယ့် အရာပဲ ဖြစ်ပါတယ်။ ဘာ ထွက်ပေါ်လာမလဲ ဆိုတာကတော့ ကြိုးစားအားထုတ်မှုတွေထဲက အားကြီးကြီး လွှမ်းမိုးထားတဲ့ အရာပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။
မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ကြည့်လိုက်ပါ။ နေရောင်ကို မှန်ဘီလူး တစ်လက် စုပြီး စာရွက်တစ်ရွက် ရဲ့ ထောင့်စွန်းကို မီးလောင်အောင် လုပ်ဖူးသလား။ တောက်ပတဲ့ နေရောင်ကို တစ်နေရာမှာ ဆုံစေတဲ့အခါ နေက နေ အပူဓါတ် ထွက်လာတာပဲ။ မင်းရဲ့ အာရုံစူးစိုက်မှုကို ပိုကောင်းတဲ့ အတွေး နဲ့ ခံစားချက်တွေပေါ်မှာ စူးစိုက်ထားလိုက်ရင် အားကောင်းတဲ့ ပေါင်းစပ်မှု တစ်ခုကို မင်း ဆွဲဆောင်လာနိုင်လိမ့်မယ်။
ပျော်ရွှင်ခြင်းကိုပဲ ရည်ရွယ် အာရုံထားနေရင် အဲဒါ မကြာခင် ပြည့်ဝလာမှာပဲ။ ပြဿနာတွေအပေါ်မှာပဲ အာရုံစိုက်နေရင်တော့ မင်း ဒါတွေကိုပဲ တစ်ချိန်လုံး ဖြေရှင်းနေရမှာပဲ။ မင်းရဲ့ မနက်ဖြန်တွေကို ပိုပြီး ကောင်းမွန်စွာ မခံစားချင်ဘူးလား။ မင်းဘာကိုပဲ လိုချင် လိုချင်၊ ဒီအရာအပေါ်မှာ အာရုံစူးစိုက်မှုတော့ သေချာပေါက်ပေးရမယ်။ ညအိပ်ရာဝင်ကာနီးတိုင်း ဆယ်မိနစ်ဖြစ်ဖြစ်၊ ဆယ့်ငါးမိနစ်ဖြစ်ဖြစ် မင်းလိုချင်တဲ့အရာ အာရုံစိုက်ပြီး တွေးတော စိတ်ကူးပါ။ ပုံဖော်ကြည့်ပါ။
မင်းရဲ့ အာရုံစူးစိုက်မှုတွေကို မင်း မျှော်လင့်တဲ့ အရာ၊ ဖြတ်ကျော်ရမယ့် အရာတွေပေါ်မှာ စူးစိုက်ထားနိုင်ရင် မင်းရဲ့ အားထုတ်မှု စွမ်းအားကို ကောင်းကောင်းထိန်းချုပ်နိုင်ပြီပဲ။ အချစ်၊ ပျော်ရွှင်ခြင်း စတာတွေကို ပေါင်းစပ်ခြင်းအားဖြင့် မင်းရဲ့ ရည်ရွယ်ရာဆီကို တွန်းကန်အား မဲ့ လွတ်လပ်တဲ့ အခြေအနေ နဲ့ လှမ်းသွားနိုင်ပါလိမ့်မယ်။ ဒီလို အာရုံစူးစိုက်နိုင်စွမ်း မြင့်လာတာနဲ့ အမျှ မင်း နဲ့ မင်းဖြစ်ချင်တဲ့ ဆန္ဒ ကြားက အကွာအဝေးဟာ ကျဉ်းလာပါလိမ့်မယ်။ လိုတာကတော့ ကောင်းမွန်တဲ့ အတွေးတွေ ဖြစ်ထွန်းလာဖို့ မင်းရဲ့ စိတ်အားထက်သန်မှုကို ဖွင့်ဟထားဖို့ပါပဲ။
မင်းရဲ့ ခန္ဓာကိုယ်မှာ အဖျက်သဘောဆောင်တဲ့ အတွေးတွေ ဝင်လာတဲ့ အချိန်မှာ ဒါဟာ မင်းဖြစ်ချင်တဲ့ ဆန္ဒကို မဖြစ်နိုင်အောင် ဆန်ကျင်တွန်းလှန်သလိုပဲ။ အဲဒီလို အတွေးတွေကို နှစ်ပေါင်းများစွာ ကြာအောင် တွေးခဲ့ဖူးပါစေ အခု စပြီး လွှတ်ချပစ်လိုက်ပါ။ ကိတ်မုန့် ဖုတ်တဲ့ အခါ အရသာမကောင်းတာတွေကို မထည့်သလိုပဲ အဲဒီအရာတွေကို သွားပါစေတော့။ အဲဒီ အရသာတွေက မင်းနှစ်သက်တဲ့ အရာနဲ့ ပိုဝေးသွားစေမယ့် အရာတွေပဲ။
မင်းစိတ်ကူးကြည့်နိုင်သလောက် မင်းလိုချင်တဲ့ ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေပြီး မင်းရဲ့ အာရုံကို ဒါတွေ အပေါ်မှာ စူးစိုက် ထိန်းချုပ်ထားနိုင်ရင် တစ်နေ့မှာ လက်တွေ့ ခံစားရမှာ အသေအချာပါ။
( Leon Cautillo ၏ Having Tomorrow Be a Great Day ကို မှီငြိမ်းပါသည်။)
သိင်္ဂါကျော်
21 August, 2008
အောင်မြင်ဖို့အတွက်အချက်(၈)ချက်
၁။ ရည်မှန်းချက် သတ်မှတ်ပါ။
၂။ အစီအစဉ် ချမှတ်ပါ။
၃။ အဆင့်တစ်ခုချင်းစီအတွက် ပြီးရမယ့် နေ့ကို သတ်မှတ်ပါ။
၎။ ကိုယ့်ရည်မှန်းချက်နဲ့ ပြီးအောင်လုပ်မယ့် အကြောင်း သူငယ်ချင်း၊မိဘများကို ကြေငြာထားပါ။
၅။ ကိုယ်နဲ့ ရည်မှန်းချက်တူသူ များ နဲ့ အုပ်စုဖွဲ့၍ အခက်အခဲများကို အတူတကွ ဖြေရှင်းပါ။
၆။ အရှုံးကို သဘောထားကြီးကြီးနှင့် လက်ခံပြီး ဆက်လုပ်ပါ။
၇။ ကိုယ့်ကိုကိုယ် ပြောင်းလဲပါ။ ကိုယ့်အနီးအနားက အရာတွေကို ပြောင်းစရာမလိုပါ။
၈။ ကိုယ့်အတွင်းစိတ်က ဝေဖန်မှုတွေကို ဂရုမစိုက်ပဲနေပါ။ ကိုယ့်ကိုကိုယ် မကောင်းမြင်တာတွေက ရှုံးနိမ့်စေပါလိမ့်မယ်။
Dustin Wax ရဲ့ 8 Ways to Achieve Success မှ ထုတ်နုတ်ထားခြင်း ဖြစ်ပါသည်။
14 August, 2008
စိတ်ကူးသစ်အတွက် SCAMPER
စိတ်ကူးသစ်တစ်ခုရဖို့ အစဉ်အလာ အတွေးများကို ပြုပြင်မွန်းမံရန် အချက်(၇) ကို စကားလုံး (၇) လုံးနှင့် မှတ်သားထားနိုင်ပါသည်။
S C A M P E R
C - Combine : ပေါင်းစပ်ကြည့်
A - Adapt : မှီငြမ်းပြု
M - Modify, Magnify : ထူးကဲအောင်ပြု၊ ချဲ့ထွင်ကြည့်
P - Put to other uses : အခြားအသုံးပြုမှုထဲ ထည့်ကြည့်
E - Eliminate : မလိုတာတွေ ပယ်ဖျက်ပစ်
R - Rearrange, Reverse : ပြန်စီစဉ်၊ ပြောင်းပြန်လှန်ပစ်